Friday, February 1, 2008

နောက်ကျတဲ့ခြေတောက်သစ္စာဖောက်

စက်တင်ဘာ အရေးအခင်းဖြစ်ပြီးနောက် နိုင်ငံတကာဖိအား နှင့် ပြည်တွင်း၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လာရန် အခြေအနေများက ဖန်လာနေသဖြင့် ဗိုလ်ချူပ်မှူးကြီးသည် ယနေ့ ည (၈) နာရီတွင် စစ်အုပ်ချုပ်ရေး ရပ်စဲ ကြောင်း ကြေငြာ လိုက်ရသည်။
နောက်တနေ့ မနက်စောစော အိပ်ယာမှ နိုးလာသောအခါ ဇနီးသည်ကိုလည်း မတွေ့ သားသမီးမြေးများကို မ တွေ့၍ အိမ်ဂေဟာပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်သော အခါတွင်လည်း အိမ်တော်ဝန်းတ၀ိုက် အစောင့် များလည်း ရှင်းနေသည်၊ တိတ်ဆိတ်နေသည်၊ အိမ်တော်ဝန်းအပြင်ဘက် ခပ်ဝေးဝေးတွင်သာ ကားသံများ ဆူညံ စွာ ကြားနေရသည်၊
ရုတ်တရက် တယ်လီဖုန်းသံ ကျယ်လောင်စွာမြည်လာ၍ ကောက်ကိုင်လိုက်ရာ …….
ဟဲလို ဗိုလ်ချူပ်မှူးကြီးလားခင်ဗျာ ကျနော်ရွှေမန်းပါ နေကောင်းရဲ့လား”
ကောင်းပါတယ် ဒါနဲ့ဘာတွေဖြစ်ကုန်တာတုံး ငါဘာမှနားမလည်နိုင်တော့ဘူး - တယောက်မှလည်း မရှိတော့ဘူး
အခြေအနေကို ပိုနေမြဲ ကျားနေမြဲ ထိမ်းထားရင်ရသေးတယ်လို့ ဒါမှကျနော်တို့ ပြေးဖို့အတွက် ပြင် ဆင်ချိန်ရမှာလို့ အခုတော့ တပ်ခေါင်းဆောင်ပိုင်းက အားလုံးပြေးကုန်ကြပြီလေ
ဟေ့! မထင်တာတွေ အားလုံးဖြစ်ကုန်ပါကောလား။ ဒါဆို မင်းနဲ့ငါ နှစ်ယောက်ထဲပဲ ကျန်တော့တာ ပေါ့ ဟုတ်လား
ဟင့်အင်း ---- ကျနော် ပီကင်း ကနေ ဆက်နေတာ
biggrin

Network Midea Group
..............................................................

0 ထင်မြင်ချက်: