Friday, December 12, 2008

ချည်တုပ်ထားသော ဗဟုသုတ၊ အင်ဖော်မေးရှင်း

လွန်ခဲ့သော သုံးနှစ်ဝန်းကျင်ခန့်၊ ကျွန်ုပ်သည် ပြည်တွင်းရှိ မီဒီယာကြီးတစ်ခုတွင် အယ်ဒီတာအဖြစ် အလုပ် လုပ်နေစဉ်က ဖြစ်သည်။ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ယောက် ရုံးခန်းထဲသို့ ဗြုန်းကနဲဝင်လာရာ ဆိုင်းမဆင့် ဗုံမဆင့်ဖြစ်၍ အဖမ်းအဆီးလေလား မျက်ခုံးလှုပ်စရာ ဖြစ်ပါသည်။ ကျွန်ုပ်က အဝင်ဝ ဧည့်ခန်းနေရာတွင် သတင်းစာ ဖတ်နေသည်။ ကိုယ်နှင့် မျက်နှာချင်းဆိုင်တွေ့၍ ကိုယ်ကပဲ လာရခြင်း အကြောင်းရင်းကို မေးမြန်းရသည်။ သူက ရည်ရည်မွန်မွန်ပင် ပြီးခဲ့သည့်တစ်ပတ်က ကျွန်ုပ်တို့ဆီမှ ထုတ်ဝေသော ဂျာနယ်တစ်စောင်ကို လက်ကျန်ရှိလျှင် ဝယ်ယူလိုပါသည်ဟု ဆိုသည်။

ထိုင်ခိုင်းပြီး အလွယ်တကူ ရှိနေသောဂျာနယ်ကို ယူပေးရင်း သို့လော သို့လော ဖြစ်နေသည်ကို မေးရပါ သည်။ ဘာအကြောင်းရှိ၍များ တကူးတကဂျာနယ် လာဝယ်ပါသလဲဟူ၍။ သူက ရှင်းပြပါသည်။ သူ၏ ဝန်ကြီး သည် ကျွန်ုပ်တို့ဂျာနယ်တွင် အပတ်စဉ် ဘာသာပြန် ဖော်ပြနေသော နိုင်ငံရေးနှင့် ဘောဂဗေဒဆိုင်ရာ ဆောင်းပါးများ၏ ပင်တိုင်ပရိသတ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်က ဂျာနယ် ရောက်မလာ၍ မဖတ်ရသေး ရာ ဝယ်ခိုင်းလိုက်သဖြင့် ကိုယ်တိုင်လာဝယ်ရကြောင်း ရှင်းပြလေသည်။ ကျွန်ုပ်တို့လည်း လစဉ် လက်ဆောင် ပို့နေကြဖြစ်ကြောင်း၊ သေချာအောင် လိပ်စာထပ်ပေးခဲ့ပါရန်နှင့် ယခုဂျာနယ်သာမက အခြားစာစောင်များပါ လက်ဆောင်အဖြစ် ယူသွားပါဟု ပေးလိုက်ပါသည်။

သူ၏ ဝန်ကြီးမှာ အလွန်ဓားထက်သည်ဟု လူသိများပါသည်။ ထို့ကြောင့် ဗိုလ်ကြီးကိုယ်တိုင် ဂျာနယ် အဝယ်တော် ထွက်ရပုံရလေသည်။ ထိုဗိုလ်ကြီးပြန်သွားပြီးနောက် ကျွန်ုပ်ဆက်တွေးဖြစ်သော အကြောင်းကို ပြောချင်ပါသည်။ ဂျိုးဇက် စတစ်ဂလစ် (Joseph Stiglitz) ၏ Making Globalization Work ကို ဆရာ ကျော်ဝင်း ဘာသာပြန်သော “လက်တွေ့အသုံးချ ဂလိုဘယ်လိုက်ဇေးရှင်း - ပထမတွဲ”ကို ဖတ်ရင်း အထက်ပါ နိဒါန်းနှင့် စိတ်ကူးချိတ်မိခြင်းဖြစ်ပါသည်။ ယခင်လုပ်ခဲ့ဖူးသော မီဒီယာကြီး၏ ခေါင်းကြီး (Editorial) အပါ အဝင် ပေါ်လစီသုံးသပ်ချက် ဆောင်းပါးများကို စစ်ဖက် Elite များ စောင့်ဖတ်ကြသည်ကို သိထားပါသည်။ ခုနကပြောခဲ့သော အခန်းဆက် ဘာသာပြန်မှာ အငြင်းပွားဖွယ် ဖြစ်ဖူးပါသည်။

မိတ်ဆွေတစ်ဦး၏ ဝေဖန်ချက်အတိုင်း ပြောရပါလျှင် “ပရိသတ်လက်တစ်ဆုပ်စာကသာ စိတ်ဝင်စားသော၊ ထို လက်တစ်ဆုပ်စာကလည်း အင်္ဂလိပ်လို တိုက်ရိုက်ဖတ်နိုင်သည့် လူတန်းစားမျိုးဖြစ်သော”စာ ဖြစ်ပါသည်။ ဘာသာပြန်သူများလည်း အတော်ဦးနှောက်ခြောက်ရသော စာအုပ်ဖြစ်ပါသည်။ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက အထက်ပါဝေဖန်ချက်ကို “ဖတ်တဲ့လက်တစ်ဆုပ်စာဟာ ပေါ်လစီမိတ်ကာတွေဖြစ်ပြီး သူတို့ခေါင်းထဲတစ်ခုခု ဝင်သွားရင် လုပ်ရကျိုးနပ်ပြီ”ဟု တုံ့ပြန်ပါသည်။ ကျွန်ုပ်ဆိုလိုရင်း မရောက်သေးပါ။ ခေတ်သစ် နိုင်ငံတကာ ရေစီးကြောင်းနှင့်ပတ်သက်၍ ဆောင်းပါး၊ စာတမ်းတစ်ခုစီဖြစ်စေ၊ စာအုပ်လိုက်ဖြစ်စေ ရေးသားမိတ်ဆက်ကြ သူများ ရှိကြပါသည်။ ထိုစာများကို အခုတ်တရဖတ်ကြသည့် လူငယ်မျိုးဆက်၊ Elite အသိုင်းအဝိုင်းလည်း ရှိကြပါသည်။

တကယ်တွင်မူ ထိုဆောင်းပါး၊ စာတမ်းများသည် ဆင်ဆာဌာနကို ဖြတ်သောအခါ စာတစ်လုံး၊ တစ်ပိုဒ်မှသည် တစ်ပုဒ်လုံးအထိ ပုံမှန်ဖြတ်တောက်ခံနေရသည်သာ။ အဖြတ်ခံရသည့်အထဲတွင် အဆီအသားတွေ၊ အနှစ် တွေ ပါကုန်သည်က များသည်။ ကျန်သည့်အပိုင်းကို ကျန်သလောက် ဖတ်ရသည့် ပရိသတ်မှာ ဟင်းနှင့် မစားရဘဲ အိုးကပ်ကျန်သည့်ဟင်းကို ထမင်းနှင့် လူစားရသည့်နှယ်လည်း ဖြစ်တတ်ပါသည်။ ထိုလက်ကျန် အိုးကပ်လူးကို အနာဂတ်အတွက် သုတဝမ်းစာရှာသူလူငယ်များက အငမ်းမရ ဖတ်ကြသလို လတ်တလော မြန်မာပြည်မူဝါဒကို ပုံသွင်း (Shape) လုပ်နေသူအချို့ကလည်း ကြိတ်၍ ဖတ်ကြသည်လည်း ရှိပါသည်။

အစိုးရက ဆင်ဆာဖြတ်ပြီး အင်္ဂါမစုံပေးသည့်သုတ၊ အင်ဖော်မေးရှင်းကို သူတို့အစိုးရ Elite များကပင် အဟုတ်ကြီးလုပ် ပြန်ဖတ်နေကြသည့် သံသရာကို ခြေရာခံမိသောအခါ ကိုယ့်ခြေထောက်ကိုယ် ကြိုးနှင့် တုပ်ပြီး ပြေးဖို့ကြိုးစားနေကြသူများလို မြင်မိပါသည်။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ကြပေါ့ဟု ပြောချင်ပြောကြပါ မည်။ မဖြစ်နိုင်သည့် ပထမအချက်မှာ စာအုပ်စာတမ်း လက်လှမ်းမီရန် မလွယ်ခြင်းဖြစ်သည်။ နောက် တစ်ချက်မှာ လတ်လတ်လောလောထွက်လာသည့် ကမ္ဘာ့ရေးရာ Issue ကို ကောက်ကိုင်ပြီး ဖတ်နိုင်လောက် အောင် မြန်မာ့ပညာရေးက ပျိုးထောင်မပေးနိုင်ခဲ့သည်မှာ ဆယ်စုနှစ်နှင့် ချီလျက်ရှိပြီ။ ပညာရေး ရေချိန်တွင် မြန်မာပြည်မှာ ဇောက်ထိုးဆင်းနေသည်က ကြာချေပြီ။

ဗဟုသုတရေးရာကို ဗဟုသုတသဘောထက် အထက်ကငြိုငြင်မည့်အရေး တွေးပြီး ကိုယ့်ဖက်က Safe ဖြစ်အောင် တစ်ကြောင်း မသင်္ကာလျှင် တစ်ပိုဒ်ဖြုတ်၊ တစ်ပိုဒ်က ပြသာဒ်မီးလောင်နိုင်လျှင် တစ်ပုဒ်လုံးဖြုတ် ဟူသော ဆင်ဆာအဖွဲ့က တစ်ဖက်၊ ရသမျှကို အရိုးကျန်ကျန် ကိုက်ပြီး ကမ္ဘာ့ဖြစ်စဉ်ကို မျှော်ကြည့်ချင်သည့် (ယင်းတို့ အာဏာရှင် ပညာတတ်အပါအဝင်) ပရိသတ်က တစ်ဖက်နှင့် လှေတစ်စီးကို ဆန့်ကျင်ဘက် ကျောချင်းကပ်၍ လှော်နေကြသည့်ပမာ ဆင်ဆာဘုတ်၊ မြန်မာ့မီဒီယာလောကနှင့် သုတ၊ အင်ဖော်မေးရှင်း စီးဆင်းရေးသည်လည်း ရှေ့မတိုးနောက်မဆုတ် ချာချာလည်နေသည်ကိုသာ မြင်နေရပါတော့သည်။

ခက်ထန်
Ref: လူထုအသံ

Read More...

တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစှ္ဆာတစ်ဦး

ဗိုလ်ချုပ်ကြီးသန်းရွှေ မြန်မာနိုင်ငံ တပ်မတော်၏ အထွပ်အထိပ် ရာထူးနေရာကို ဆုပ်ကိုင်ထားပြီး စစ် အာဏာရှင်အဖြစ် ဆိုးသွမ်း မင်းမူနေခြင်းသည် မြန်မာနိုင်ငံရှိ ပြည်သူ ပြည်သားများအတွက် အလွန် ဆိုးရွား သည့် ငရဲခန်းတစ်ခု ဖြစ်နေသည်မှာ ကမ္ဘာသိ ဖြစ်ရပ်တစ်ခု ဖြစ်နေပြီးဖြစ်ပါသည်။ ထိုအခါတွင် နောက်ထပ် မေးစရာ မေးခွန်းတစ်ခု ရှိလာခဲ့သည်။ ထိုမေးခွန်းမှာ စစ်အာဏာရှင် ဦးသန်းရွှေကြောင့် မြန်မာစစ်တပ်နှင့် တပ်မတော်သားများရော အကျိုးကျေးဇူး တစုံတရာ ဖြစ်ထွန်းမှုများ ရှိနေသလားဆိုသော မေးခွန်းပင် ဖြစ်ပါ သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ စစ်တပ်အား အင်အားကြီးမားစွာ ဖွဲ့စည်းနေသည်မှာ သံသယဖြစ်စရာ မလိုသော အကြောင်းအရာ တစ်ရပ်ဖြစ်သည်။ ငယ်ရွယ်သော လူငယ်များစွာ တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိတွေ ဖြစ်လာကြသည်။ ရာထူးတွေ၊ ကြယ်ပွင့်တွေနှင့် ခန့်ညားလာကြသည်။

စစ်အဆောင်အယောင်တွေနှင့် သာယာလာကြသည်။ ထိုအခါတွင် မြန်မာလူငယ်များ၏ အမှန်တကယ် ရင်တွင်း ကိန်းအောင်းနေသင့်သော နိုင်ငံချစ်စိတ်သည် ဝေဝါးပျောက်ကွယ်လာသည်။ တပ်မတော်သားဆို သည်မှာ မြန်မာပြည်သူ တစ်ရပ်လုံး၏ လုံခြုံမှုအတွက် မားမားမတ်မတ် ရပ်တည်ရမည့် လူတန်းစားဆိုသော ပင်ကိုယ်အသိထက် ရာထူးဌာနများနောက် တကောက်ကောက် လိုက်တတ်လာကြသည်။ အာဏာရှင် ဦးသန်းရွှေနှင့် အခြားသော စစ်ဘက်အရာရှိကြီးများ ချီးမြှောက်တာ၊ မြှောက်စားတာ ခံရရေး အတွက် အပြိုင် အဆိုင် ကြိုးစားလာကြသည်။ တိုင်းပြည်အတွက် သေနတ်ကိုင်ပြီး စောင့်ရှောက်ရမည့် တပ်မတော် အရာရှိ ငယ်တို့သည် Hand Phone ကိုင်ပြီး မော်တော်ကားလေး တ၀ီဝီနှင့် ယူနီဖောင်း မတွန့်မကြေ သွားလာနေရသော ဘ၀ကို တပ်မက်လာကြသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်၏ လက်အောက်တွင် အလူးအလိမ့် ငရဲခံနေရသော်လည်း စစ်တပ်နှင့် ကင်းကွာပြီး နေ၍ကား ရနိုင်မည်မဟုတ်ပါ။ စစ်အစိုးရအား မည်မျှမုန်းတီးသော အတိုက်အခံ အမြင်ရှိသူပင် ဖြစ်ပါစေ၊ တပ်မတော်မရှိဘဲ ရပ်တည်နိုင်မည့် မြန်မာနိုင်ငံတော်ကို ထူထောင်နိုင်မည်မဟုတ်ကြောင်း အသေ အချာ လက်ခံရမည်သာ။ တကယ်တော့ မြန်မာ့တပ်မတော်သည် စစ်အစိုးရ၏ ၀ါဒဖြန့်စကားတွေအတိုင်း ပြည်သူတို့၏ အမွေတစ်ခုသာဖြစ်သည်။ တပ်မတော်သားတို့သည် ပြည်သူ့မိခင်များက မွေးဖွားခဲ့သော ရင်နှစ်သည်းချာများသာ ဖြစ်ကြပါသည်။ ထိုသို့ဖြစ်လျက်နှင့် မြန်မာစစ်တပ်နှင့် မြန်မာပြည်သူများ တစိတ်တ၀မ်း တည်း မဖြစ်နိုင်ရပါသနည်း။

အဘယ်ကြောင့် ပြည်သူများက စစ်သားများကို မုန်းတီးနေကြပါသနည်း။ ရှင်းပါသည်။ ထိုကိစ္စများအားလုံးကို ဆရာကြီးဦးသန်းရွှေက ကျားကွက်ရွှေ့ထားခြင်းကြောင့် ဖြစ်ပါသည်။ တနည်းဆိုသော် အာဏာကို တည်မြဲ အောင် ထိန်းသိမ်းရာတွင် အကွက်မြင်လှပြီး ပါးနပ်လှသော ဗိုလ်ချုပ်ကြီးသန်းရွှေက တပ်မတော်သားများနှင့် ပြည်သူများ၏ မျက်ခုံးမွှေးများပေါ်တွင် စင်္ကြံန်လျှောက်နေခြင်းမျှသာ ဖြစ်တော့သည်။ ဗိုလ်ချုပ်ကြီးသန်းရွှေ သည် အင်္ဂါရုပ်အားဖြင့် သမာသမတ် မရှိသလို ခန့်ညားထည်ဝါသော ခေါင်းဆောင်ကောင်းတို့၏ ဟန်ပန်မျိုး လည်း မရှိပါ။ သို့သော်လည်း လူတို့၏ အတွင်းစိတ်ကို နားလည်ပြီး ကောက်ကျစ်စဉ်းလဲသည့် နေရာတွင်မူ ပါးတာမှ လှပ်နေတာပဲ ဆိုသော အမျိုးအစားထဲက ဖြစ်သည်။

၎င်း၏နေရာကို ထိပါးလာနိုင်သည်ဟု သတိပြုမိသည်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရက်ရက်စက်စက် စတေးခဲ့ သည်။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေကို ရင်မဆိုင်ရရေးအတွက် ၀န်ကြီးချုပ်ဆိုသော ရာထူးတွေခန့်ပြီး လူမိုက်ငှားသည်။ ၎င်းသည် အရပ်စကားနှင့် ပြောလျင် ချိန်းရိုက်တတ်သော လူမိုက်မျိုးမဟုတ်။ ထိုသို့သော လူမိုက်တွေကို နောက်ကွယ်က ကြိုးကိုင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်သော master Brain လူမိုက်မျိုး ဖြစ်သည်။ ဗိုလ်ချုပ်ကြီးသန်းရွှေသည် အသက်ငယ်ငယ်နှင့် အရာရှိလေးတွေ မွေးထုတ်ပေးမည့် စီမံကိန်းကို စနစ်တကျ ကြံဆောင်သည်။ ၎င်းတို့ခံစား၊ စံစားနေသည့် စည်းစိမ်နှင့် ယှဉ်ပါက အရိုးအရင်မျှပင် မရှိသော ခံစားခွင့်လေးတွေ ပေးထားသည်။ ကျန်သောပြည်သူများကို ဆင်းရဲငတ်ပြတ်နေအောင် ထားထားသည်။ ပြီးတော့ ဗိုလ်ပေါက်စလေးတွေ ရနေ၊ ခံစားနေသော အခွင့်အရေးတွေထက် ပိုပြီးရနေသလိုမျိုး ပြည်သူတွေ ထင်အောင်၊ မြင်အောင် ကစားကွက်ခင်းပြသည်။ ထိုအခါတွင် တပ်မတော် အရာရှိငယ်များကို ပြည်သူတွေ က အမြင်မကြည်တော့ချေ။ ထို့အပြင် ၎င်းက တိုက်ရိုက်ပေးခြင်း မရှိဟုဆိုသော်လည်း သွယ်ဝိုက်သော ခိုင်း စေမှုများဖြင့် ပြည်သူတွေ ပိုပြီးနာကျည်းစေမည့်၊ ဒေါသထွက်စေမည့် တာဝန်များကို စစ်တပ်အရာရှိများကို လုပ်ကိုင်စေသည်။ ဥပမာအားဖြင့် ချွေးတပ်ဆွဲခြင်းနှင့် လူငယ်စစ်သားတွေ စုဆောင်းခြင်းမျိုးတွေ မလုပ် မနေရ လုပ်ရမည်ဟု တပ်မတော်မှ အရာရှိတွေကို အမိန့်ပေးသည်။ ထိုအခါ ပြည်သူနှင့် တပ်မတော်ကြား အမုန်းတရားမှာ ပို၍ပို၍ ကြီးထွားလာတော့သည်။ ထိုအခြေအနေကို ဗိုလ်ချုပ်ကြီးက ရာဇပလ္လင်ထက်မှ ပြုံးပြုံးကြီးကြည့်ပြီး သဘောကျနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့်ပြည်သူ လက်တွဲနိုင်ခြင်း မရှိလေလေ၊ သူ့အဖို့ အာဏာတည်မြဲလေလေ မဟုတ်ပါလား။

တပ်မတော်၏ အရာရှိများကိုသာမက အစိုးရရုံးများမှ ၀န်ထမ်းများကိုလည်း အကျင့်မပျက်ပျက်အောင် ဖျက် သည်။ လာဘ်စားသည်။ တောင်းသည်။ အဂတိလိုက်စားသည်။ ထိပ်ဆုံးအရာရှိကြီးတွေကအစ အောက်ဆုံး အဆင့် ရုံးစေအထိ ပိုက်ဆံပေးမှ စေတနာထားသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အကြီးအကဲတစ်ဦး အနေနှင့် မသိဘဲမနေပါ။ သိသိကြီးနှင့် ထိုသို့မဖြစ်ဖြစ်အောင် လမ်းကြောင်း ထွင်ထားပေးခြင်း ဖြစ်သည်။ ထိုသို့ ကိုယ်ကျင့်တရား ပျက်လေလေ၊ စည်းလုံးမှု အားနည်းလေလေမို့ ဦးသန်းရွှေကြီး သဘောတွေ့စရာ ဖြစ်နေလေတော့သည်။ တကယ်တော့ စည်းလုံးပြီး နားလည်မှုရှိသော ခိုင်မာသည့် လူ့အဖွဲ့အစည်းတစ်ခု ထက် ပျက်စီးယိုယွင်းပြီး စည်းကမ်းပျက်နေသည့် ခြစားနေသော လူ့အဖွဲ့အစည်းတစ်ခုကို ပုံသွင်းထိန်းချုပ် ရန် ပိုမိုလွယ်ကူသည် မဟုတ်ပါလား။

မြန်မာနိုင်ငံအတွင်း သွေးချောင်းစီး လူသတ်ပွဲများတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျက်နှင့် အဘယ်ကြောင့် သွေးအေးအေးနှင့် ရက်စက်သော နည်းလမ်းများကိုသာ ဗိုလ်ချုပ်ကြီးသန်းရွှေ ရွေးချယ်ခဲ့သနည်း။ အဖြေက ရှင်းပါသည်။ ၎င်းအနေနှင့် ဆူးလေ စေတီတော်ရှေ့ လမ်းမများတွင် သေနတ်တကားကားနှင့် ယမ်းသမ်းပစ် ခတ်နေသည့် စစ်သားများကို ပြည်သူများက စက်ဆုပ်ရွံရှာသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို အရ သာ တွေ့လွန်းသောကြောင့် ဖြစ်ပါသည်။ စစ်တပ်၊ ရဲနှင့်ပြည်သူ အမုန်းပွားလေ၊ ပျက်စီးနေသော မြန်မာနိုင်ငံ လူ့ အဖွဲ့အစည်းတစ်ခုလုံးကို စိတ်တိုင်းကျ ပုံသွင်းရန် လွယ်ကူလေဆိုသည်မှာ ဦးသန်းရွှေကဲ့သို့ မသမာသည့် နေရာတွင် ထူးထူးချွန်ချွန် ပါရမီရင့်သန်သူ တစ်ဦးအနေနှင့် မသိစရာမရှိပါ။ ယခုတော့ အရာအားလုံးသည် ၎င်း၏ စိတ်တိုင်းကျ ဖြစ်လာပါတော့သည်။

လူမိုက်ကံကောင်းဆိုသည့် စကားအတိုင်း ၎င်းအား ဆန့်ကျင်သော ကမ္ဘာ့နိုင်ငံကြီးတွေမှာ သဘာဝဘေး တွေ၊ စီးပွားပျက်ကပ် တွေကြောင့် မြန်မာနိုင်ငံကို အာရုံမစိုက်နိုင်တော့။ ထိုအခါတွင် နဂိုကတည်းက စည်းလုံး မှု မရှိသော ပြည်သူလူထုနှင့် တပ်မတော်တို့ကြား ခလောက်ဆန်ရန် ပိုပြီးအခွင့်သာလာတော့သည်။ တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ကို အဖေခေါ်ပြီး ပေါင်းလိုက်သည်။ တော်ရုံအင်အားရှိသော ကမ္ဘာ့ နိုင်ငံတစ်ခု အနေနှင့် မြန်မာ့အရေး ၀င်စွက်ဖက်ရန် နောက်တွန့်သွားတော့မည်ကို လူပါးကြီးကိုသန်းရွှေက နောကြေနေ လေတော့သည်။ ထို့နောက်တွင်တော့ အများသိပြီးသည့်အတိုင်း ဆန့်ကျင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေ အပေါ် တရားမျှတမှု၊ လူသားချင်းစာနာမှုတို့ လုံးဝမရှိသော နှစ်ရှည်ထောင်ဒဏ်များကို တံခါးပိတ်ချမှတ်စေ သည်။ ရဟန်းတော်တို့အား သွေးအေးအေး သတ်ဖြတ်စေပြီးနောက် အတိုက်အခံတို့ကို သွေးအေးအေး နှိပ်ကွပ်စေပြန်သည်။

တစ်ဖက်က လမ်းတွေဖောက်၊ တံတားတွေဆောက်ကြောင်း အသံကောင်းဟစ်သည်။ အခြား တစ်ဖက်တွင်တော့ အစွယ်ငေါငေါနှင့် ဘီလူးသရုပ်ကို အမှန်အတိုင်း လှစ်ပြနေတော့သည်။ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာ ပြည်သူများ ၎င်းအပေါ် လုံးဝမလိုလားသည်ကို အသေအချာ သိရှိပါသည်။ သို့သော်လည်း ၎င်းထက်ပိုပြီး သိထားသည့်အချက်မှာ ထိုသို့မုန်းတီးနေမှုဖြင့် ၎င်းအားထိပါးအောင် မည်သို့မှ မစွမ်းဆောင်နိုင်ဆိုသော အချက်ပင်တည်း။ တပ်မတော်နှင့် ပြည်သူတို့သည် မစည်းလုံးကြပါ။

ပြည်သူတစ်ရပ်လုံးသည် ကုပ်သွေးစုပ် ချယ်လှယ်နေသော မြန်မာစစ်အာဏာရှင်ကြီးအား ဖယ်ရှားရေး အတွက် တပ်မတော်၏ လက်နက်အားကိုး တုန့်ပြန်မှုကို မတွန်းလှန်နိုင်ပါ။ ထို့အတူ တပ်မတော်အနေနှင့် လည်း ပြည်သူလူထု ထောက်ခံမှုမရှိဘဲနှင့် ၎င်းတို့အား အရိုးအရင်းမျှချကျွေးပြီး နယ်ရုပ်များသဖွယ် စိတ်တိုင်း ကျ စတေးနေသော ဦးသန်းရွှေကို မဖယ်ရှားနိုင်ပါ။ ဗိုလ်ချုပ်ချင်း၊ တပ်မတော် အရာရှိချင်း နေရာလုကြသည်။ ပြည်သူများချင်း စိတ်ဝမ်းကွဲကြသည်။

တပ်မတော်နှင့် ပြည်သူ အကဲစမ်းကြသည်။ ထိုသို့ဖြင့် စည်းလုံးမှုဆိုသည်မှာ မြန်မာလူမျိုးတို့၏ အဘိဓာန် တွင် နားလည်ရခက်သော စာလုံးဖြစ်လာသည်။ သာသူစား စိတ်ဓာတ်တွေဖြင့် လူမျိုးရေးပါ နိမ့်ကျလာသည်။ ထိုအခြေအနေသည် စစ်အာဏာရှင်တစ်ဦးအား သက်တမ်းရှည်စေမည့် လောင်စာဖြစ်ကြောင်း မြန်မာလူမျိုး တိုင်း သတိပြုသင့်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးတွေ ဆုံးရှုံးနေခြင်းမှာ မကောင်းပါ။ ဗိုလ်ချုပ်ကြီးသန်းရွှေလို အာဏာရူးတစ်ယောက် စင်ပေါ်ရောက်နေတာ မကောင်းပါ။ တရုတ်နှင့် ရုရှားတို့ က မြန်မာအစိုးရကို ကာကွယ်နေတာ မကောင်းပါ။

သို့တိုင်အောင် မြန်မာပြည်သူတို့နှင့် မြန်မာ့သွေးဖြင့် ဖွဲ့တည်ထားသော တပ်မတော်တို့ စည်းလုံးမှု ပြိုကွဲနေ ခြင်းသည် မကောင်းဆုံး ဖြစ်ပါသည်။ သွေးချင်းနီးပြီး ကျောချင်းကပ်ရမည့် အချိန်မျိုးတွင် တစ်ဖက်နှင့် တစ်ဖက်၊ ပြည်သူနှင့်စစ်တပ် ရန်စောင်ပြီး အမြင်မကြည်ဖြစ်နေခြင်းသည် ဗိုလ်ချုပ်သန်းရွှေလို လူ့အန္ဓတွေ ကောင်းစားဖို့ စားပေါက်ထွင်ပေးသလိုသာ ဖြစ်နေတော့သည်။ ဗိုလ်ချုပ်ကြီးသန်းရွှေသည် အမှန်ပင် ကြောက် စရာကောင်းသော လူယုတ်မာကြီးဖြစ်သည်။ သို့သော်လည်း အမှန်တကယ် ကြောက်စရာကောင်းသည်မှာ မညီမညွတ်နှင့် သွေးကွဲပြီး အပြန်အလှန် လေးစားမှု မရှိတတ်သည့် မြန်မာတို့၏ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုပင် ဖြစ်ပါသည်။

ထိုသို့သော စိတ်ဆိုးစိတ်ညစ်များ လွင့်စဉ်သွားပြီး တပ်မတော်နှင့် ပြည်သူတို့ ချစ်ကြည်စွာ လက်တွဲနိုင်မည့် အချိန်တွင် ဗိုလ်ချုပ်ကြီးသန်းရွှေကဲ့သို့ မသူတော်များအတွက် ဇာတ်သိမ်းခန်းသည် အမှန်ပင် ရောက်လာပါ လိမ့်မည်။ ထိုအချိန်သည် အလွန်ကွာဝေးသော အနာဂါတ်တွင် ရှိမနေပါစေနှင့်ဟု မြန်မာပြည်သူများ ကိုယ်စား တောင်းဆုတစ်ခု ပြုမိပါတော့သည်။

ကျော်ကျော် (လူထုအသံ)

Ref: လူထုအသံ

Read More...

Wednesday, December 3, 2008

အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့

ရဲဘော်ဖိုးသံချောင်း (၂ ဒီဇင်ဘာ ၂၀၀၈)

နအဖစစ်ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် သွေးရူးသွေးတန်းနိုင်နေရတာလဲ။ အိုင်တီနည်းပညာအပေါ် ဘာကြောင့် ဒါလောက် အငြိုးအတေးကြီးနေရတာလဲ။ ၈၈မျိုးဆက်နဲ့ ကျောင်းသားလူငယ် အင်အားသစ် တွေကို ဘာကြောင့် ဒါလောက် နာကြည်းနေရတာလဲ။
ဘာကိုအကြောက်ကြီးကြောက်နေတာလဲ။

နအဖရဲ့လုပ်ပုံကိုင်ပုံတွေကြောင့် လူတိုင်းရဲ့ခေါင်းထဲမှာ မေးခွန်းထုတ်စရာတွေ တသီကြီး ပေါ်ပေါက်လာ ပါတယ်။ တချို့ကတော့ ဒီစစ်အာဏာရှင်တွေကို မုန်းတီးရွံရှာတာနဲ့ပဲ ဒင်းတို့က (၆၅) နှစ် ခံမှာမို့လားလို့ မေးခွန်းထုတ်ပြီး ပြန်ပြောကြပါတယ်။ မခံမရပ်နိုင်တာကတော့ တကမ္ဘာလုံးပါပဲ။

သေချာတာတခုကတော့ နအဖဟာ ဒီလူတွေအပေါ် အခုလို အပြစ်ဒဏ်ကြီးတွေ ချလိုက်ခြင်းအားဖြင့် သူတို့ရဲ့ နန်းသက်က ဘယ်နှနှစ်ပဲခံခံ၊ အနည်းဆုံး (၆၅) နှစ်တော့ ဒီလူတွေနဲ့ ရန်သူပဲလို့ ကြေညာ လိုက်တာဖြစ်ပါတယ်။ ဒီလူတွေရဲ့နောက်ကွယ်မှာ ဧရာမ အများစုပြည် သူလူထုကြီးရှိနေတယ်ဆိုတာကို ဒီနအဖ ဗိုလ်ချုပ်တွေ မသိတာမဟုတ်ပါဘူး။ ဒါ ကြောင့် သူတို့ဟာ ဒီပြည်သူလူထုကြီး တရပ်လုံးနဲ့လည်း အနည်းဆုံး (၆၅) နှစ်တော့ ရှားစောင်းစေးနဲ့မျက်ချေးပဲလို့ ကြေညာလိုက်တာဖြစ်ပါတယ်။ တနည်း ထပ်ပြောရရင် ဒင်းတို့ဘက်က သေခန်းပြတ် ကြေညာတာပါပဲ။

စစ်အာဏာရှင်တွေရဲ့ ပြတ်သားမှုကို အသိအမှတ်ပြုကြရမှာပါ။ တပါတည်းမှာ ကိုယ့်ဘက်ကလည်း ပြတ်သားကြဖို့လိုပါတယ်။ ဒီလို တဖက်က ပြတ်ပြတ်သားသား ကြေညာနေချိန်မှာ ကိုယ့်ဘက်က အလျှော့ပေးပြီး သူတို့အစီအမံအတိုင်း လိုက်လုပ်ဖို့ ပြောသံတွေ အခုအခါမှာ အတော်လေး ကြားနေရပါတယ်။ အံ့သြစရာပါ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှုတွေကိုကြည့်ရင် စစ်အာဏာရှင်များရဲ့ ပင်ကိုယ်လက္ခဏာဟာ တစက်လေးမှ ပြောင်းမသွားကြောင်း၊ ရှစ်လေးလုံးကာလတုန်းကနဲ့ အတူတူသာ ဖြစ်ကြောင်း ထင်ရှားလှပါတယ်။ ဒါဖြင့်ရင် အခုအခါမှာ ဘာကြောင့် ဒင်းတို့ကို ရှစ်လေးလုံး ကာလတုန်း ကလို သဘောမထားနိုင်ရမှာလဲ။ ဒင်းတို့လက်တွေဟာ အရင်တုန်းက ပေကျံခဲ့တဲ့သွေးတွေ ခြောက်ဖို့ နေနေသာသာ တိုးလို့သာ ပေကျံလာနေပါတယ်။ ဒါတွေကိုသိရက်နဲ့ ဘာဖြစ်လို့ နအဖကို ထိပ်တိုက် မရင်ဆိုင်ဖို့ ပြောနေကြတာလဲ။ ကြောက်တတ်ရင် ဝန်မကင်းဘူး၊ ဝန်ပိတယ်ဆိုတာဟာ ရှေးက လူကြီးတွေ သူတို့ရဲ့အတွေ့အကြုံ၊ သင်ခန်းစာတွေအရ အစဉ်အဆက်ပြောခဲ့ကြတဲ့ စကားဖြစ်ပါတယ်။

ကိုယ့်အင်အားကို ကိုယ့်ပြည်သူလူထုအပေါ်မှာ မူတည်ပြီး တွက်ဖို့လိုပါတယ်။ တိုင်းတပါးက အခြေအနေ တခုအပေါ် မူတည်ပြီးတွက်ရင် အစွယ်ပြူးပြူး စစ်ဘီလူးကြီးကို (၁၃) နှစ်သား လူရည်ချွန် ကျောင်းသားလေးလို မြင်လိုက်၊ ရသေ့ရဟန်းလိုမြင်လိုက်၊ သူခိုးကြမ်းပိုးလို မြင်လိုက်၊ အမျိုးမျိုး မြင်မိနေမှာ ပါပဲ။ တချို့ကတော့ ကြောက် တာမဟုတ်ပါဘူး။ ဒါပေမယ့် လက်လျှော့တာတမျိုးဖြစ်ပါတယ်။

ဗမာပြည်ရဲ့ နိုင်ငံရေးဟာ ဒီအခြေအနေမှာ လက်လျှော့တာ၊ လက်နက်ချတာတောင် နအဖက အသိအမှတ်ပြုချင်မှ ပြုတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ လက်နက်ချချင်လို့၊ တဖျာစာလောက်လေးရရင်တော်ပါပြီလို့ ပြောနေ၊ အချက်ပြနေသူတွေ နည်းတာ မှတ်လို့။ နအဖက ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် သဘောမထားဘူး မဟုတ်လား။ သူ့အနားမှာ မူလလက်ဟောင်း လက်နက်ချကြီးတွေပြည့်လို့ပါ။
နောက် အခုတလော အပြောများနေကြတဲ့ကိစ္စတခုက ၂ဝ၁ဝ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ နအဖအစီအစဉ် အတိုင်း ဒီရွေးကောက်ပွဲသာ ဖြစ်ပေါ်သွားလို့ကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်လည်း ဖျက်သိမ်းပြီး ဖြစ်သွားမယ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးလည်း သိပ်နောက် ဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ပြောသူ တချို့ရှိပါတယ်။ ဒီမိုကရေစီအင်အားစုတွေဟာ ကိုယ့်လုပ်ငန်းစဉ်ကို နအဖရဲ့ လုပ်ငန်းစဉ်အပေါ်မှီပြီး ချမှတ်နေလို့မဖြစ်ပါဘူး။ ကိုယ့်အစီအစဉ် နဲ့ ကိုယ်သွားရမှာပါ။ နအဖက သူတို့ရဲ့ဖွဲ့စည်းပုံအတွက် ဆန္ဒ ခံယူပွဲလုပ် တယ်ဆိုရင် ကိုယ်ကအဲဒီဟာနဲ့ ပတ်သက်တဲ့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ် အရ လုပ်စရာ ရှိတာကိုလည်းလုပ်။ နအဖက ရွေးကောက်ပွဲလုပ်တယ်ဆိုရင် ကိုယ်က သူတို့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာရှိမှာကိုလည်း လုပ်ဆိုတာမျိုး ဖြစ်ရပါမယ်။ လက်နက်နဲ့ အာဏာရှိနေမှတော့ ဒီနိုင်ငံမှာ သူတို့ဟာ ဒီလိုသဏ္ဌာန်ပိုင်း ဆိုင်ရာတွေကို လုပ်ချင်တိုင်းလုပ်လို့ ရနေမှာပါပဲ။ သူတို့ကိုယ်သူတို့ စကြာဝတေး နတ်မင်းကြီးလို့ ကြေညာလည်း ရနေမှာပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကိုယ့်ဘက် က စိတ်ပျက်နေ၊ စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။

ပြဿနာရဲ့ အခရာဟာ အာဏာ ဖြစ်ပါတယ်။ ဒါကို နအဖစစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသဘောပေါက် လို့ အဲဒီအတွက် တစိုက်မတ်မတ်၊ ကိုယ်ဖိရင်ဖိလုပ်နေတာ အောင်မြင်သလောက် အောင်မြင်နေတယ်လို့ တောင် ပြောရင်ရမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေထဲမှာ ဒါကို သဘောမပေါက်တဲ့ လူတွေများ ရှိနေသေးသလား စဉ်းစားစရာဖြစ်နေပါတယ်။
“ကျနော်၊ ကျမတို့က အာဏာလိုချင်လို့ မဟုတ်ပါဘူး” ဆိုတဲ့ စကားများကို ခုံခုံမင်မင်ပြောနေသူတွေ မကြာခဏ တွေ့နေရပါတယ်။ အမှန်ပါပဲ။ ကိုယ့်အတွက်၊ ကိုယ့်တဦးချင်း အကျိုးစီးပွားအတွက် အာဏ ရယူဖို့ လုံးပန်းတယ်ဆိုတာတော့မကောင်းပါဘူး။ ဒါပေမယ့် နအဖ စစ်အာဏာရှင်တွေ အာဏာလက်လွတ် သွားအောင်၊ အနည်းဆုံး စစ်တန်းလျား ပြန်သွားအောင်တော့ လုပ်ရမှာပါ။

တချို့ကတော့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စတုန်းက နအဖက (၉ဝ) ရာ ခိုင်နှုန်းကျော် ထောက်ခံမဲရအောင် လုပ်သွားတာကိုကြည့်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို တိုက်ပွဲဝင်ချင်စိတ် ကုန်နေပါတယ်။ နအဖသာ ရွေးကောက်ပွဲကို အောင်မြင်စွာလုပ်နိုင်ရင် သွားပါပြီလို့ သဘောထားနေကြပါတယ်။ ဒါကြောင့် နအဖရဲ့ အစီအစဉ်ထဲမှာ ဝင်သာပေါင်းလိုက်ကြစို့ လားဆိုတာမျိုး တရားထူထောင်ကြပါတယ်။ ဒီအယူအဆအတိုင်း လုပ်ဖို့အတွက် အကြောင်းတွေ အမျိုးမျိုးလည်း ပြကြပါတယ်။ ဒီလိုပြောလာရင် သမိုင်းတလျှောက် ကျဆုံးသွားတဲ့၊ နောက်ပြီး ထောင်ထဲနေခဲ့တဲ့၊ ရှိနေကြတဲ့လူတွေရဲ့ မျက်နှာတွေကို ပြန်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ တကယ်က ဒီနေရာမှာလည်း ပြဿနာက အထက်မှာပြောခဲ့သလို ကိုယ့်သေနင်္ဂဗျူဟာနဲ့ ကိုယ်ချီတက်ဖို့အတွက် ကိုယ့်မှာ လက်တွေ့လုပ်ငန်း စီမံကိန်း ရှိမရှိဆိုတာပါပဲ။ ကိုယ့်စီမံကိန်း၊ ကိုယ်သေနင်္ဂဗျူဟာ ရှိလို့ကတော့ သူလည်းသူလုပ်စရာရှိတာလုပ်၊ ကိုယ်လည်း ကိုယ်လုပ်စရာရှိတာ လုပ်ဖြစ်မှာပါ။ ဒီလိုလုပ်ရင်းနဲ့ သူ့ခြေလှမ်းအမှားကို ကိုယ်ကအမြတ်ထုတ် နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အမှန်ပါပဲ၊ ဒီရွေးကောက်ပွဲမှာ သူကလုပ်ချင်သလိုလုပ်မှာပါ။ ညစ်နည်းပဒေသာနဲ့ အညစ်သရဖူ ဆောင်းမှာပါ။ ကိုယ်ကတော့ ဒီအထဲကပဲ ကိုယ့်အတွက် ဘာအမြတ်ထုတ်နိုင်လဲ စဉ်းစားရမှာဖြစ်ပါတယ်။ ကြံလည်းကြံဆရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုအံ့သြစရာကောင်းတဲ့ အယူအဆတခုလည်း တွေ့နေရပါသေး တယ်။ တချို့လူတွေရဲ့အဆိုမှာ အတိုက်အခံတွေကိုက ခေါင်းမာလွန်းလို့၊ အလျော့အတင်း မလုပ်တတ်လို့၊ နိုင်ငံရေးပါး မဝလို့ ဆိုသလို ကိုယ့်ဘက်ကိုယ် ပြန်နင်းလာတာတွေ ပါနေပါတယ်။ ဒိအရင်ကတော့ အခုအဲဒီလိုပြောနေသူတွေရဲ့ ဆရာ့ ဆရာများက လက်နက်နဲ့ အသတ်ခံနေရသူများဘက်က လက်နက်နဲ့ မတုံ့ပြန်ဖို့ (အကြမ်းမဖက်ဖို့) ဆုံးမပြီး လက်နက် ကိုင်သူတွေကို ဆိုင်ရှင်လုပ်ခဲ့ကြတယ်။ အခုလည်း နအဖကို စားပွဲပေါ်မှာ တွေ့ဆုံတဲ့နည်းက လွဲလို့ တခြားနည်းနဲ့ မရင်ဆိုင်ဖို့၊ တနည်းမဆန့်ကျင်ဖို့ သတိပေးနေကြပါတယ်။ နအဖဘက်က စားပွဲပေါ်မှာတွေ့ဆုံတဲ့ နည်းကလွဲပြီး ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ အကုန်လုပ်နေတာ တွေကိုတော့ သူတို့ဘာမှမပြောကြဘူး။ ဒီလိုအချိန်မှာ အတွေးအခေါ် ရှုပ်ထွေးမှုတွေပေါ်ပေါက် တာဟာ မဆန်းပါဘူး။ ဒီလို အရှုပ်အထွေးတွေပေါ်လာရင် ပြည်သူလူထုကိုပြန်ငဲ့ကြည့်၊ အာဇာနည်တွေကို ပြန်စဉ်းစား၊ ကိုယ့်ရပ်တည်ချက်ကို မြဲမြံအောင်လုပ်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ ရန်သူကို ပိုမတွက်ဖို့၊ လျှော့မတွက်ဖို့ဟာ အရေးအကြီးဆုံးပါပဲ။

Ref: ခေတ်ပြိုင်

Read More...

Thursday, November 6, 2008

စိတ်မပျက်နဲ့ အားတင်းပါ

မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက် လာလည်ပါတယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည် ထောင်ပြီး စီးပွားရေး လုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက် ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော်နေပြီ ဖြစ်တာကြောင့် သားသမီးတွေလက်ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူ လိုက်တာလို့ ပြောပါတယ်။

အအိုမြန်လိုက်တာ
‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်း ကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေ တဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’

သူက မန္တလေးကိုလည်း ရောက်သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ ကို သွားတွေ့ ခဲ့တဲ့အကြောင်း ဆက်ပြော ပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေ ဖြစ်ကုန်ကြပြီ လို့လည်း ပြောပါတယ်။
‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီး တာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့ ဗျာ။ အအိုမြန်လိုက်ကြတာ’
သူက ညည်းသလိုလို စကားဆိုပါတယ်။ သူကတော့ အရွယ်တော်တော် တင်ပါတယ်။ ဖျတ်ဖျတ်လတ်လတ်၊ သွက်သွက် လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာကြောင့်လား မဆိုနိုင်ဘူး။ ၇၆နှစ်လို့ကို မထင်ရပါဘူး။ ၆ဝ လောက်လို့သာ ထင်ရပါတယ်။ အခုချိန်ထိ ပြည်တွင်းပြည်ပခရီးတွေ သွားနေဆဲပါပဲ။ သမီးရှိတဲ့ အင်္ဂလန်က ပြန်ရောက်လာတာ တစ်လကျော်ကျော်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

သူများတွေနဲ့ ကွာလိုက်တာ
သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက် ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစား နေမိတယ်။ သူများနိုင်ငံက ၇ဝကျော် ပင် စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည် ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ဆီကနဲ့များ ကွာလိုက်တာ’ လို့ မကြာမကြာ တွေးမိခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေ ပြောသလို ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြတယ်နဲ့ တူပါရဲ့။ မိတ်ဆွေဖြစ်သူလို ပင်စင်ယူပြီး ကုမ္ပဏီမထောင်နိုင်ကြ တာလည်း အဓိက အကြောင်းတစ်ရပ်ဖြစ် မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူပြီးပြီဆိုတာနဲ့ လူရောစိတ်ပါ ကျသွားကြတာတော့ အမှန်ပဲ။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးကိစ္စတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ်သူ တချို့ကလွဲရင် အများစုက အအိုမြန်ကြ၊ အသေမြန် ကြတာကို သတိပြုမိတယ်။ ‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက် မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်းလေပါပဲ’ လို့လည်း ပြောတတ်ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ်ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျ လို့ အသေမြန်ရတာဖြစ်တယ်။

လူငယ်တွေလည်း စိတ်ကျတာပဲ
လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ် ကြတာပဲ။ ကျောင်းဆရာတစ်ယောက် အနေနဲ့ လူငယ်လူရွယ်လေးတွေနဲ့အထိ အတွေ့များလေတော့ ဒီခေတ်လူငယ်လေးတွေ တော်တော်များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုးမြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့် အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့ နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အားမတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ် သုံးပြီး အရှုံးပေး၊ အညံ့ခံ လိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြ ပြောဆိုလိုက်ရင်လည်း သူတို့မှာ အကြောင်းပြချက်တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့ နေထိုင်ရတဲ့ ခေတ်ကြီးတစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုး မြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှ အရာရောက်မှာ မဟုတ်ဘူး။ ဘာမှမလုပ်ဘဲ နေလိုက်တာပဲ အေးတယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေတောင် ရှိနေကြတာ တွေ့ရတယ်။
သူတို့က အီရတ်နိုင်ငံ တစ်ခုလုံး သွေးချောင်းစီး ဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်း လူမျိုးတွေ ရာစုနှစ်တစ်ဝက် တိုင်တိုင် ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခြင်း ပြုနေကြရ တာကိုလည်း စိတ်မကောင်း ကြပါဘူး။ နျူကလီးယား လက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြသလို ဖန်လုံအိမ် အာနိသင် လွန်ကဲမှုကြောင့် ကမ္ဘာကြီး တစ်ခုလုံး ပေါင်းအိုးကြီးထဲ ရောက်နေသလို ခံစားနေရတာကိုလည်း မလိုလားကြပါဘူး။

အနိဋ္ဌာရုံကမ္ဘာကြီး
လူငယ်တွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေဟာ သဘာဝကျပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးဖြစ်နေတာကိုး။ ကမ္ဘာ ကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် တိုက်ခိုက် သတ်ဖြတ်တာတွေ၊ ကြီးနိုင် ငယ်ညှဉ်းလုပ်တာတွေ၊ ဘယ်သူသေသေ ငတေမာ ပြီးရော လုပ်တာ တွေချည်း မြင်တွေ့ နေရပါတယ်။ အနိဋ္ဌာရုံတွေ ကင်းစင်တဲ့နိုင်ငံရယ်လို့ လက်ညှိုးထိုး ပြစရာ တစ်ခုတောင်မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ရေအောက်ရောက်သွားနိုင်တယ်
နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေး မျက်နှာစာကို ကြည့်တော့လည်း မြင်တွေ့ နေရတာတွေက စိတ်မချမ်းသာစရာ တွေချည်းပါပဲ။ ဖန်လုံအိမ် အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာ ကောင်းလောက်အောင် မြင့် မားနေတယ်။ ဒီအတိုင်း ဆက်သွားရင် ပင်လယ်ရေမျက်နှာပြင် မြင့်သထက် မြင့်တက်လာပြီး တချို့နိုင်ငံတွေ ရေအောက် ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေး နေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေက မီးခိုးထုတ်လွှတ်မှုတွေ ကန့်သတ်တား ဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။

မိုက်တွင်းနက်နေကြ
ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံး ထုတ်လွှတ်နေတဲ့ စက်မှုနိုင်ငံကြီးတွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာ ကြည့်ရှုပြီး နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ထိန်းချုပ်တာကို လက်မခံ ငြင်းဆန် နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ် ကင်းမဲ့ရာ ကျတယ်။ ဖန်လုံအိမ် အာနိသင် ကြောင့် အိုဇုန်းလွှာ ပါးလျားလာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ဒဏ်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန်တိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ်၊ အပူလှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ် စတဲ့ အန္တရာယ်တွေကို ရင်ဆိုင် ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ်ကင်းနိုင် မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက်တွင်းနက် နေကြခြင်းသာဖြစ်တယ်။

ဖုန်းဆိုးတောတွေဖြစ်
ဒါတင်မက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုကြည့်ပြီး မြေပေါ် မြေအောက် သယံဇာတတွေကို အဆီး အတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံး လိုလိုမှာ တောတွေပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာ များလည်း မြင်တွေ့ ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီ သေကြရတဲ့ ငလျင် လှုပ်မှုကြီးတွေနဲ့ ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့်ပေါ်ပေါက် လာကြရတာလဲ ဆိုတာများကို သေသေ ချာချာ၊ လေးလေးနက်နက် သုတေသနပြု ဖို့လည်း ပျက်ကွက်နေကြဆဲ ဖြစ်တယ်။

ပြဿနာက အန္တရာယ်မဟုတ်
ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက်ခေတ်ကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေတာ သဘာဝကျပါတယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ်လို့ မရနိုင်တာတွေ မဟုတ်ဘူးလို့ လူငယ်တွေ သိစေချင်ပါတယ်။ ပြဿနာတစ်ရပ် ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာ မဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေတယ်လို့ မသိခြင်းကသာ ကြောက်စရာ ကောင်းတာ ဖြစ်တယ်။ ပြဿနာရှိနေမှန်း သိရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။

အနိုင်ရမှာ သေချာတယ်
ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုးစုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေ တာကို လူတိုင်းတွေ့မြင် နေကြရတယ်။ ပြဿနာတွေဖြစ်လာရတဲ့ ဇာစ်မြစ် အကြောင်းရင်းကိုလည်း လူတိုင်း သိကြတယ်။ ဥပမာ-ဖန်လုံအိမ် အာနိသင်ရဲ့ဆိုး ပြစ်တွေကို လူတိုင်းသိသလို ဖန်လုံအိမ် အာနိသင် ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကိုလည်း လူတိုင်း သိမြင်သဘော ပေါက်နေကြတာ ဖြစ်တယ်။ ဒီတော့ ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ကမ္ဘာပေါ်က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ ကမ္ဘာ ကြီးရဲ့သာယာလှပမှုကို ဖျက်ဆီးနေသူတွေက လက်တစ်ဆုပ်စာလောက်သာ ရှိတဲ့ လူ တွေဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝရာခိုင်နှုန်းပေါ့။ ကျန် ၉ဝရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြရင် ဒီ ၁ဝရာခိုင်နှုန်းရဲ့ အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ်နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ်တွေကို ပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်းတရားက အနိုင်ရမှာ သေချာပါတယ်။

လူထုစိန်ဝင်း

Ref: အခွင့်အလမ်း

Read More...

အနီး၊ အဝေး

အားလုံး သိကြတဲ့ အတိုင်းပါဘဲ…. ဗိုလ်သန်းရွှေဟာ ကျွန်တော်တို့ရဲ့ အဖေညွန့်ကို အမိန့် မနာခံမှု၊ အဂတိ လိုက်စားမှုတွေနဲ့ စွဲချက်တင်ပြီး ထောက်လှမ်းရေး တစ်ဖွဲ့လုံးကို ရေကုန် ရေခန်း သုတ်သင် ရှင်းလင်း ခဲ့တယ်။ အဂတိ လိုက်စားတယ် ဆိုလို့ ဗိုလ်သန်းရွှေရဲ့  မယားနဲ့ သားသမီး တွေလည်း မကင်း၊ ဗိုလ်မောင်အေးလည်း ထိုနည်းအတိုင်း၊ အဆင့်ဆင့်သော ဗိုလ်ခြေတစ်သောင်း အရာရှိ အပေါင်းဟာလည်း အဂတိလိုက်စားရာမှာ သူ့ထက်ငါ စံချိန်တင်နေရပေမဲ့ ဒါတွေကိုတော့ မောင်သန်းရွှေက အရေးယူမယ်လို့ စိတ်မကူး၊ ကုန်ကုန်ပြောရရင် လူသားမျိုးနွယ် တုန်းစေမဲ့ မူးယစ်ဆေး ကိစ္စမှာ အခု ရဲမြင့်ကြီး မိသားစုတို့ မီးကုန်၊ ယမ်းကုန် လုပ်ခဲ့သလို စစ်တပ်လူကြီး ထိပ်ပိုင်းအားလုံး နီးနီးလည်း မကင်း၊ အရင်က ပို့ဆက် ၀န်ကြီး သိန်းဝင်းဆိုရင် သဘောင်္နဲ့တောင် ကွန်တင်နာနဲ့ ရွှေချောင်းတွေ၊ ဟီးရိုးအင်းတွေ ချသေး၊ မိတော့ ပြုတ်ပေမဲ့ ထောင်ဒဏ်တွေ ဘာတွေ တော့ မပေးဘူးဗျာ… ဘယ်ပေးမလဲ ဒီကိစ္စ မကြိုင်ကြိုင်လည်းပါ ဆိုကိုး၊ မကြိုင်ကြိုင်ဟာ လယ်ဆည် ၀န်ကြီးဟောင်း ဗိုလ်ညွန့်တင်ရဲ့ ယောက်ဖ မျိုးဟိန်းရဲ့ ဖိုးတွမ်တီး အမှုမှာလည်း ပါဝင် ပတ်သက်နေလို့ ဗိုလ်သန်းရွှေ ခမျာ စိတ်မသက်မသာ ဆေးရုံတောင် တက်လိုက်ရသေး။

ဒါဆိုရင် အဂတိ လိုက်စားမှု တစ်ခုကြောင့် နဲ့တော့ ထောက်လှမ်းရေးကို ဒီလောက် အမြစ်လှန်တာ မဟုတ် ဘူးဆိုတာတော့ သဘောပေါက်။ ကဲ… အမိန့်မနာခံမှု ဆိုတာကို ကြည့်လိုက်……နိုင်ငံနစ်နာနေ တာကို သိလို့ ဗိုလ်ခင်ညွန့်က အတိုက်အခံတွေ အပေါ်မှာ သဘောထား ပျော့ပျောင်းချင်တယ်။ ယုတ်စွ အဆုံး အမျိုးသားညီလာခံမှာ NLD ပါမှ သဘာဝကျမယ်လို့ ပြောခဲ့တယ်။ ဒီပဲယင်း ကိစ္စကြောင့် နအဖ နိုင်ငံရေး အကျပ်အတည်းဖြစ်နေလို့ ကကလှမ်းက အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ဆွေးနွေး ညှိနှိုင်းခဲ့ရာမှာ…. NLD ကို ညီလာခံတက်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ သဘောတူညီမှုရခဲ့တယ်။ ၂၀၀၄ ညီလာခံ ပြန်လည် စတင်ခါနီးမှာ "NLD ကို အရင် တက်ခိုင်းအုံး၊ ဒေါ်အောင်ဆန်းစုကြည်ကို အခြေအနေ ကြည့်ပြီးမှ လွှတ်ပေးမယ်လို့" ဗိုလ် သန်းရွှေက ဗလောင်းဗလဲ ပြောပြန်တယ်။ အဲဒါနဲ့ ကကလှမ်းက လုပ်ထားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းဟာလည်း အလှမ်းဝေးသွားခဲ့တယ်။ ဗိုလ်ခင်ညွန့်  ဟာ သဘောရိုးနဲ့  KNU ကိုလည်း လက်ကမ်း ကြိုဆိုခဲ့တယ်။ တိုင်းပြည် တိုးတက်ဖို့  အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လိုတယ်။ ဒါကို အမိန့်မနာခံဘူးလို့ ဗိုလ်သန်းရွှေက တစ်ဖက်သတ် မကျေမနပ် ဖြစ်နေတယ်။ ဒီနေရာမှာ နအဖကို ကြိုးကိုင်ထားတဲ့ မင်းသားကြီး အောင်သောင်း လက်ဖျောက် တစ်ချက် တီးလိုက်ပြီ။

သူ့ အကြောင်းနည်းနည်းပြောပြအုံးမယ်.. စက်မှု (၁) ၀န်ကြီး ဖြစ်တော့ ညံ့လိုက်တဲ့ စက်မှု(၁)ထုတ် ပစ္စည်း၊ လိမ်ညာ တွက်ချက် ထားတဲ့ စာရင်းဇယား၊ မလှုပ် တလှုပ် လည်ပတ်နေတဲ့ စက်ရုံ၊ အကျိုးတူ ကုမ္ပဏီတွေနဲ့ ပူးပေါင်း၊ သူ့အကျိုးကို လက်ဖြန့်တောင်း၊ ဒါတွေကို ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ခင်ညွန့်လာတော့ ရှင်းပြလို့ မတတ်တော့တဲ့ စက်မှု (၁) ရဲ့ ပျော့ကွက် ညံ့ကွက်၊ အဆိုးဆုံးက သာပေါင်း စက္ကူစက်ရုံကိစ္စ ရှုပ်ထွေးမှု၊ တိုင်စာတွေနဲ့ အောင်သောင်း တစ်ယောက် ၀န်ကြီးချုပ်ရဲ့ အရေးယူ စစ်ဆေးမေးမြန်း ခံရတော့မဲ့ အချိန်၊ အဲဒီမှာ သူ့သားကို ဗိုလ်မောင်အေးရဲ့တစ်ဦးတည်း သမီး (မွေးစား) နဲ့ လက်ဆက်စေကာ အကာအကွယ် ယူလိုက်တယ်။ ပုဏ္ဏား အောင်သောင်းဟာ သူ့ရဲ့စက်ရုံမှုး တစ်ဦးကို ခိုင်းစေပြီး ဗိုလ်သန်းရွှေ မီးဖိုချောင် ကိစ္စကိုလည်း တာဝန်ယူကာ စားဖား အကြီးစား လုပ်ပြန်တယ်။

ပြီးတော့ အကွက်ချောင်းနေတဲ့ အောင်သောင်း၊ နယ်စပ်မှာ ထောက်လှမ်းရေး ပြဿနာ တက်တာနဲ့ မီးမွှေးကာ လက်ခမောင်းခတ်၊ ရေနံဆီ ရွှဲရွှဲလောင်း၊ သန်းရွှေနဲ့ မောင်အေးကို ပူးပေါင်းပြီး ထောက်လှမ်းရေး တစ်ဖွဲ့လုံး အပြုတ်နှံဖို့ အဟုတ်ကြံပါလေရော။ ကြံရမယ်လေ…. မဟုတ်ရင် သာပေါင်းကိစ္စနဲ့သူ့ကို ဗိုလ်ချုပ်ခင်ညွန့်က တွယ်တော့မှာကိုး…. အခုလည်းဟန်ရေး တပြပြနဲ့ ကြံ့ဖွံနဲ့ စွမ်းအားရှင်တွေကို အထူး ချေမှုန်းရေး သင်တန်းတွေ ပေးနေလေရဲ့။

တကယ်တော့ ကျွန်တော်တို့ ထောက်လှမ်းရေးလည်း အများစု မကောင်းခဲ့ပါဘူး။ ၀ဋ်လည် တယ်လို့ ပြောရမှာပေါ့။ ဒါကြောင့် ဒီ နအဖ ကောင်တွေကိုလည်း ၀ဋ်လည်အောင် လုပ်ရမယ်။ သာကူး ပြောပြော ဘက်ပြောင်း ပြောပြော နိုင်ငံရေးမှာ ရန်သူကို မိတ်ဆွေ ဖြစ်သွားရင် အောင်မြင်နိုင်ပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော် နည်းဗျူဟာ သုံးရမယ်ဆိုတာ တော်လှန်ရေး ရဲဘော်တွေ သိစေချင်တယ်….. ကျွန်တော်တို့ ပြည်တွင်းက ထောက်လှမ်းရေး အရာရှိပြုတ် တစ်ချို့ဟာ အတိုက်အခံ သတင်းတွေ၊ လှုပ်ရှားမှုတွေကို သိချင်လို့ ဖြစ်ဖြစ်၊ တစ်ချို့လည်း ၀ါသနာပါလို့ ဖြစ်ဖြစ်၊ ငွေကြေးတတ်နိုင်လို့ ဖြစ်ဖြစ် …. အင်တာနက်တွေ သုံးကြ…ဆိုင်ဖွင့်ကြရာမှာ ဘာတွေ တွေ့လည်း ဆိုတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ အော်နေတဲ့ အတိုက်အခံ ခေါင်းဆောင် တစ်ချို့က ကျွန်တော်တို့ အပေါ်မှာတောင် ပြန်လည် မသင့်မြတ်ဘူး။ ကိုအောင်လင်းထွဋ်ကို ဝေဖန်တယ်။ မကြိုဆိုဘူးလို့ ကြားတယ်။ ဒါဆိုရင် တော်လှန်ရေး ဝေးတယ်။

ကျွန်တော်တို့ ထောက်လှမ်းရေး အရာရှိတွေထဲက တစ်ချို့ဟာ အင်မတန်ကို ပြည်သူလူထု အပေါ် တိုင်းပြည်အပေါ် မတရား မလုပ်ချင်တဲ့ တိုင်းပြည်ကို ကောင်းစား စေချင်တဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြီး သိနားလည် သူတွေ လည်းရှိခဲ့ပါတယ်။ ထောက်လှမ်းရေးက လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် အကြောင်းလဲ တပ်မတော်သား အစစ်အမှန်များ ဆိုတဲ့ ဆောင်းပါးမှာ တွေ့လိုက်ရပါတယ်။ ထောက်လှမ်းရေး အရာရှိ တစ်ချို့ဟာ ကျောင်းသား ခေါင်းဆောင်တွေ အပေါ် သနား ညှာတာခဲ့၊ ခေါ်ယူ ဆွေးနွေး၊ နွေးထွေး ခဲ့ပါတယ်။ သန်းရွှေ၊ မောင်အေး တို့ကိုလည်း စိတ်ပျက်ခဲ့ဖူး ပါတယ်။ ဒါ တကယ့် ကိုယ်တွေ့ဖြစ်ရပ်ပါ။ နအဖရဲ့အမြီးကို တက်နင်းမဲ့ ကို အောင်လင်းထွဋ်လို လူမျိုး များများ လိုတယ်လို့ တော်လှန်ရေး နယ်မြေထဲက တစ်ချို့ကတော့ လက်ကမ်း ကြိုဆိုပြီး ပြောဆိုတာလဲ ကြားပါတယ်။ ဒါပေမဲ့ ဘုံရန်သူ နအဖကို ဆွဲထုတ်ဖို့ အရမ်းအရေးကြီးတဲ့ အချိန်ကို ရောက်နေပြီမို့ အားလုံး စည်းလုံးညီညွတ်ပြီး ပြည်တွင်းပြည်ပ လှုပ်ရှားမှုတွေအားလုံးကို အရှိန်အဟုန်မြှင့်ဖို့ လိုနေတယ်…..။

စည်းလုံးခြင်းရဲ့အင်အား ဘာလော့ဂ်ကို ဖတ်ပြီးတော့ အင်အားတွေ ပြန်လည်မွေးဖွားလာလို့ ဒီဆောင်းပါးကို ပို့ပေးလိုက်ရတာပါ။ ဒီ ဘာလော့ဂ်က တချို့  ဆောင်းပါးတွေကိုလည်း ပြည်တွင်း က တပ်တွေကို တတ်နိုင် သလောက် မိတ္တူ ကူးပြီး ဖြန့်ဝေပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော် တစ်ခုဘဲ ပြောမယ်….. ပြည်သူတွေရဲ့  ဆန္ဒ (အမိန့်) ကို မနာခံမှု၊ အဂတိ လိုက်စားမှုတွေကြောင့် သန်းရွှေ၊ မောင်အေးနဲ့  နောက်လိုက်တွေကို အပြတ်ရှင်းကြဖို့  ဒီတစ်နှစ်မှာ အဆုံးအဖြတ် ပေးရမဲ့ အရေးကြီး အချိန်ကာလ ကို ရောက်နေလို့ … ကဲ…. ရဲဘော်တို့ရေ…….. တော်လှန်ရေးဟာ နီးသလား…. ဝေးသလား။ ရဲဘော်တို့ အပေါ်မှာ မူတည်နေပါတယ်။ အခါအခွင့် သင့်ရင်တော့ ကျွန်တော် တို့လည်း အဆင်သင့် ပါဘဲ ဆိုတာ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ထောက်လှမ်းရေး အရာရှိ ဟောင်းတစ်ဦး

Ref: ဖိုးတရုတ်

Read More...

Friday, October 31, 2008

ပြည်သူ့တပ်မတော်သား အစစ်အမှန်များ - အပိုင်း(၂)

စစ်အာဏာရှင်တွေရဲ့မှားယွင်းမှုကို အနီးကပ် သိရှိပြီးတော့ တပ်မတော်အတွင်း ပြုပြင်ပြောင်းလဲရေး အတွက် ဖန်တီးခွင့် ရှိသူတွေဟာ လုပ်ပိုင်ခွင့် အများဆုံးရရှိထားတဲ့ ကိုယ်ရေး အရာရှိတွေနဲ့ ထောက်လမ်းရေး တပ်ဖွဲ့တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ စစ်အာဏာရှင်တွေကို ကိုင်လှုပ်ခဲ့သူတွေ အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၇၇ခုနှစ် ကတည်းက ဆိုရှယ်လစ် စနစ်နဲ့ စစ်အာဏာရှင်တွေကို ဆန်ကျင်ခဲ့သူကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုံးကျော်မြင့် ဖြစ်ပါတယ်။ သူဟာ O.T.S (29) သင်တန်း ဆင်း၊ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူဖြစ်ပြီး ပျော်ဘွယ်နဲ့ ရမည်းသင်းအကြား ယင်းတော်ရွာ ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကပင် ထူးချွန်ထက်မြက်သူ အဖြစ် ကျော်ကြားပြီး စစ် ရုံးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းတွေ ရေးသားတာကအစ ဗိုလ်ကြီး အုံးကျော်မြင့် ရေးသားတယ် ဆိုရင် လူကြီးတွေက ပြင်ဆင်မှုမရှိဘဲအတည်ပြု ပေးကြတဲ့အထိ ထက်မြက်လှပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ၁၉၇၄-၇၅-၇၆ ခုနှစ်တွေက ဖြစ်ခဲ့တဲ့ အလုပ်သမား၊ ကျောင်းသားလူထု အုံကြွမှု အရေးအခင်းကြီးတွေမှာ သွေးထွက်သံယို ဖြစ်တဲ့အထိ မဆလ အာဏာရှင်များက ကိုင်တွယ် ဖြေရှင်းတာကို ဘ၀င်မကျခဲ့ကြောင်းနဲ့ ဆဲဗင်းဂျူလိုင်မှာ ပါဝင်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေ အပေါ် တမ်းတ သတိရလျက် ရှိကြောင်း ကြားသိခဲ့ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်တို့ရဲ့ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေကို ဦးနေ၀င်းက သတိထား စောင့်ကြည့် ခဲ့ကြောင်းလည်း သိရှိရပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့စဉ် တိုးတက်စ ပြုနေတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေ၊ စိမ်းလန်းစိုပြေနေတဲ့ စပါးခင်းတွေကို ကြည့်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေမှုနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စနစ်ကိုသဘောကျ နှစ်ခြိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။ သူလေးစားတဲ့ ပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်ကြီး သူရတင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ) ဖြုတ်ချ ခံခဲ့ရတာနဲ့ ပတ်သက်လို တရားမျှတမှု မရှိတာကိုလည်း သုံးသပ်လာပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်ကြီး သူရတင်ဦးနဲ့ ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် သူဟာ စစ်သည်တွေကို အဆင့်အတန်း မခွဲခြားဘဲ ခြင်းခတ်အတူတူ၊ ထမင်းလက်ဆုံ စားခဲ့သူ ဖြစ်ပါတယ်။ စစ်သည်တွေ ရိက္ခာ မလောက်လို့ တင်ပြလာတာကို ရှေ့တန်းထွက် စစ်သည်တွေရဲ့ တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့ ရိက္ခာ နှစ်ဆရအောင် စီစဉ် ပေးခဲ့လို့ စစ်သည်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဒါကို ထောက်လှမ်းရေးမှုးချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦးက အုပ်စုဖွဲ့ လေဟန် ဦးနေ၀င်းထံ တင်ပြခဲ့လို့ ဦးနေ၀င်းက စတင်သံသယ ၀င်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စန်းယုကလည်း ဗိုလ်ချုပ်ကြီး တင်ဦးဟာ တပ်ရဲ့ သက်သာ ချောင်ချိရေး ခေါင်းစဉ်နဲ့ ဦးစားပေး လုပ်နေတာ ကြောင့် နိုင်ငံ့ ဘဏ္ဍာငွေ ပိုမို ကုန်ကျနေပါတယ်လို့ ဦးနေ၀င်းထံ သွေးထိုးပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား နိုင်ငံခြားမှာ ဆေးသွားကုတဲ့ ကိစ္စနဲ့ အိမ်ဆောက်ရန် လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ နိုင်ငံခြားက တင်သွင်းတဲ့ ကိစ္စတွေကို အကြောင်းရှာ ပြီးတော့ ဗိုလ်ချုပ်ကြီးတင်ဦးကို အရေးယူ ဖြုတ်ပစ်ခဲ့ပါတယ်။

ဒါတွေကို သိရှိနားလည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီးတင်ဦးကို ခေါင်းဆောင် ပြန်တင်ကာ တပ်မတော်အတွင်း ပြုပြင် ပြောင်းလဲရေးလုပ်ရန် ရည်ရွယ်ပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူတစ်ပါးနိုင်ငံ တိုးတက်နေတာကို ကြည့်ပြီး မဆလ စနစ်နဲ့ အာဏာရှင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ စဉ်းစားဆုံးဖြတ်ပြီးတော့ ကာကွယ်ရေး ၀န်ကြီးဌာန စခန်းမှုး ဗိုလ်မှူးစိန်မြင့်၊ ဗိုလ်ကြီးသိန်းဝင်းနဲ့ ကိုယ်ရေးအရာရှိတချို့၊ ခလရ (၁၆) မှ ဗိုလ်မှူးမောင်လတ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီးလှဖေတို့ ကိုတိုင်ပင် ညှိနှိုင်း ခဲ့ပါတယ်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူကိုလည်း တိုင်ပင် ညှိနှိုင်းရန် ကြိုးစားပြီး ဗုံးကြဲ လေယာဉ် တောင်းခံမှု လုပ်ထုံးလုပ်နည်းကို မေးမြန်းခဲ့ပါတယ်။ သံချပ်ကာနဲ့ တင့်ကားတပ်မှူး ကိုလည်း တီးခေါက်ဆွေးနွေး မေးမြန်းပြီး ဆက်တိုက် လှုပ်ရှားခဲ့ပါတယ်။ တခါတရံ ကားပေါ်မှာ ဆွေးနွေးခြင်း၊ မထင်မှတ်တဲ့နေရာမှာ ချိန်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်တဲ့ အစီအစဉ်ကို တချို့ ဆွေးနွေးနေတဲ့ အရာရှိကြီးများကို မပြောဘဲ လိမ်မာပါးနပ်စွာ လျှို့ဝှက်ထားပြီး သူ့ဆရာ ကာကွယ်ရေးဦးစီးချုပ်က မေးခိုင်းသလို ပုံစံမျိုးနဲ့ ဆောင်ရွက်ခဲ့ ပါတယ်။ ယုံကြည်စိတ်ချရမယ် ထင်တဲ့အရာရှိတွေကို အရိပ်အမြွက် ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီးတင်ဦးထံ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီလျှို့ဝှက် စစ်ဆင်ရေးရဲ့ သင်္ကေတကို"ငရုတ်သီး"လို့ သတ်မှတ်ခဲ့ပါတယ်။ မဟာဗျူဟာ အစီအစဉ်အနေနဲ့ လေဆိပ်နဲ့ အသံလွှင့်ဌာနကို ထိန်းချုပ် ထားပြီး ညစာစားပွဲမှာဖြစ်စေ၊ ပါတီညီလာခံမှာဖြစ်စေ ၀င်ရောက်စီးနင်းဖို့ စနစ်တကျ အစီအစဉ် ရေးဆွဲထားပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူ့ရဲ့ဆရာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အရှိန် အ၀ါကြောင့် လည်းကောင်း၊ သူကိုယ်တိုင် ထူးချွန် ထက်မြက်တာကြောင့် လည်းကောင်း၊ (ကကကြည်း) ရုံးတံဆိပ်ကြောင့် လည်းကောင်း၊ လက်အောက်ခံ ကြည်းတပ်တွေ ကြောက်ရွံ့ပြီး အလွယ်တကူ လိုက်နာ လှုပ်ရှားကြမယ်လို့ ငရုတ်သီး စစ်ဆင်ရေးမှာ ပါဝင်တဲ့ အရာရှိကြီးငယ်တွေ အနေနဲ့ ယုံကြည်မျှော်လင့် ထားခဲ့ပါတယ်။ ဒါပေမယ့် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူဟာ သံသယ၀င်ခဲ့ပြီး တိုးတိုးတိတ်တိတ် မေးမြန်းစုံစမ်းရာမှ အသံဗလံ အစအန ထွက်လာခဲ့ပါတယ်။

အဲဒီနောက် ညစာစားပွဲ တစ်ခုမှာ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သကာင်္မကင်းဖွယ်ရာ လှုပ်ရှားမှုကို ထောက်လှမ်းရေးတပ်ဖွဲ့က ခြေရာခံ လိုက်မိနေပါတယ်။ တဖန်ကြည်းတပ် တပ်မှူးတစ်ချို့ ဖြစ်တဲ့ ဗိုလ်မှူးမောင်လတ်နဲ့ သံချပ်ကာ တပ်မှူးတို့ဟာ အစီအစဉ် အကောင်အထည်ဖော်ရာမှာ ရှောင်ရှားကြောက်ရွံ့လို့ ဟန်ချက်လွဲသွားခဲ့ပါတယ်။ ပိုပြီးဆိုးတာက ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်မှူးကြီး သန်းတင်ကို သွားရောက် တိုင်ပင်ခဲ့ရာမှာ အမှားကြီး မှားခဲ့ပါတယ်။ ဗိုလ်မှူးကြီး သန်းတင်က မလုပ်သင့်ကြောင်း ပြောရာမှ သူကလက်မခံဘဲ တိုင်ကြားနိုင်သည်ကို ရိပ်မိ သိရှိပြီး ဗိုလ်ကြီး အုံးကျော်မြင့်လည်း အမေရိကန်သံရုံးမှာ ၁၉၇၇ ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ ညနေ အချိန်က နိုင်ငံရေးခိုလှုံခွင့် ၀င်ရောက် တောင်းခံခဲ့ပါတယ်။ သံရုံးအနေနဲ့ ဥပဒေအရ လုပ်ပေးလို့ မရကြောင်း အကြောင်းပြန်လိုက်လို့ သံရုံးက ပြန်ထွက်လာစဉ် ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ၁၉၇၇ ဇူလိုင်လ(၂၀)ရက်နေ့မှာ ဗိုလ်ကြီး(၁၁)ဦး၊ ဗိုလ်မှူး(၃)ဦးနဲ့ တိုင်းမှူးတစ်ဦး အပါအ၀င် ဗိုလ်ချုပ်ကြီး တင်ဦးတို့ကို ခုံရုံးတင်ခဲ့ပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ သေဒဏ်အမိန့် ပေးခဲ့ပါတယ်။ စစ်အာဏာရှင်ခေတ်မှာ သေဒဏ်ပေးခဲ့တဲ့ အရပ်သားများနဲ့ လောစစ်ဟန် အပါအ၀င် မြောက်ကိုးရီးယားက ကွန်မန်ဒို ဗုံးခွဲခဲ့သူများကို မသတ်ဘဲ ဆိုင်းငံထားပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ မသေမချင်း ရက်ရက်စက်စက် ကြိုးပေး ကွပ်မျက်ခဲ့လို့ သားသုံးသားမှာ စစ်သားကို စစ်အာဏာရှင်တွေက အထူးကြောက်ရွံ့ပြီး အငြိုးကြီးစွာ နှိပ်ကွပ် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်အာဏာရှင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့် စွာနဲ့ စစ်သည်အရာရှိတွေ အုံကြွမှု မဖြစ်ပွားစေဖို့ အပူတပြင်း လုပ်ဆောင်ခဲ့ရပါတယ်။ တိုင်း၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့တွေကို ကိုယ်စားလှယ်စေလွှတ် ရှင်းလင်းခြင်း၊ အသံသွင်းပြီး ရှင်းလင်းခြင်း စသဖြင့် ပြုလုပ်ခဲ့ပါတယ်။ တချို့ စစ်သည်တွေဟာ သူတို့ ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်ကြီးတင်ဦး ပြုတ်သွားလို့ ယူကြုံးမရ ဖြစ်ကာ ငိုယိုနေလို့ ဂယက်ရိုက်မှုကြီးစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မဆလ ဗဟိုကော်မတီဝင် (၄၀)ဦး၊ ပါတီဝင်(၅၀၀၀၀) ခန့်ကို ပါတီသန့်စင်ရေး ဆိုပြီး ဖြုတ်၊ ထုတ်၊ ချ လုပ်ခဲ့ရပါတယ်။ ယနေ့ထိပ်ပိုင်း စစ်အာဏာရှင်မှာ န၀တ ခေတ်က တက်လာသူ နှစ်ဦးသာကျန်တော့လို့ "ဘယ်သူခွဲခွဲ ဒို့မခွဲ၊ အမြဲစည်းလုံးမယ်" ဆောင်ပုဒ်အစား "ဘယ်သူ့ ဘယ်သူမှ တပ်ကိုမခွဲ၊ ဒို့အချင်းချင်းဘဲ ခွဲနေမယ်" ဆိုတာ သက်သေပြနေပါတယ်။ "ဘေးပြောတာကိုမယုံနဲ့၊ သွေးပြောတာကိုယုံ "ဆောင်ပုဒ် ဟာလည်း ပြောင်းပြန်ဖြစ်နေကာ "ဘေးကမိန်းမတွေ ပြောတာကိုယုံပြီး၊ သွေးဖြစ်တဲ့ ရဲဘော်၊ ရဲဘက်တွေက ပြုပြင်ပြောင်းလဲရေး၊ အချင်းချင်းသင့်မြတ်ရေး ပြောနေတာကိုတော့ မယုံဘူး" ဖြစ်နေပါတယ်။ ယနေ့ နအဖဟာ "အမျိုးသား ပြန်လည် သင့်မြတ်ရေး" အစား "အမျိုးသား ပြန်လည် သတ်ဖြတ်ရေး"ကို လုပ်ဆောင် နေပါတယ်။

စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ကြိုးနီစနစ်နဲ့ ထိန်းချုပ်ထားတဲ့အပြင် ဆက်သွယ်ရေး ကွန်ယက် ကန့်သတ်ချက်များနဲ့ တင်းကျပ်လှတဲ့ စစ်စည်းကမ်းတွေကြားထဲက ကိုယ်ရေးအရာရှိ(PA)ရဲ့ စည်းစိမ်ဥစ္စာများ စွန့်လွှတ်ကာ အသက်ကိုပဓာနမထားဘဲ အာဏာရှင်ကို တော်လှန်ရဲတဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သတ္တိကို ယနေ့ မျိုးဆက်သစ် တပ်မှူးများ အတုယူ အကောင်အထည် ဖော်သင့်ပါတယ်။ ယနေ့တပ်မှူးများကို အကြံပြုချင်တာက အာဏာရှင်စနစ် ဖြုတ်ချဖို့ဆိုရင် အာဏာရှင်တွေ ကြောက်ရွံ့တဲ့ ဘုရားသား၊ ကျောင်းသား၊ စစ်သား၊ သားသုံးသား ပူးပေါင်းပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်တဲ့အထိ မဟာဗျူဟာ အစီအစဉ် ထားရန်လိုအပ်ပါတယ်။ အနည်းဆုံး နယ်နိမိတ်၊ နယ်မြေရှိဖို့နဲ့ ပြည်သူလူထုမှ ရွေးချယ် အာဏာအပ်နှင်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်မှသာ ကြားဖြတ်အစိုးရအဖွဲ့ အင်္ဂါရပ် ပြည့်စုံမှာ ဖြစ်သလို ပြည်သူ လူထုကလည်း ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်မတော်သားများကို ချက်ချင်း ၀ိုင်းရံပေးဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ဒီလို အနေအထားမျိုးမှာ ကြောက်လန့်တကြား လက်ဦးမှု ရယူ ချေမှုန်းတတ်တဲ့ အကျင့်ဆိုး ရှိတာမို့ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်မှူးများနဲ့ စစ်သားများ ပူးပေါင်းလိုက်ရင် လက်တုံ့နှေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်တွေဟာ ပြည်သူနဲ့ ပူးပေါင်းကာ အခြေအနေပေး သလောက်သာ ရယူခဲ့ရတဲ့ လက်နက် ခဲယမ်းတွေနဲ့ အတူ တော်လှန်ရေး တစ်ရပ်တောင့်ခံ ရင်ဆိုင်နေဆဲမှာပင် အာဏာရှင်ရဲ့ ဖိအားပေး အင်အားထုကြီးစွာ မနှိပ်ကွပ်နိုင်ခင် အခြေခံနယ်မြေနဲ့ အချုပ်အခြာအာဏာ ရှိနေမှုကို နိုင်ငံတကာက အသိအမှတ် ပြုပေးပြီး လိုအပ်လာလျှင် ဒီမိုကရေစီ နိုင်ငံကြီးတွေက အင်အားသုံး အကာ အကွယ်ပေးလိုက်ပါက စစ်အာဏာရှင်စနစ် အလျှင်အမြန် ချုပ်ငြိမ်းသွားမှာ မလွဲဧကန် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ မျိုးဆက်သစ် တပ်မှူးတွေကို ပြည်သူလူထုက မျှော်လင့် လက်ကမ်း ကြိုဆိုနေပါတယ်။ ပြည်သူတွေရဲ့ စည်းလုံးမှု၊ နိုင်ငံတကာရဲ့ ၀ိုင်းဝန်း ထောက်ခံမှု တွေနဲ့အတူ ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဘုရားသား၊ ကျောင်းသားနဲ့ စစ်သားတို့ ပူးပေါင်းကာ စစ်အာဏာရှင်တွေကို တော်လှန်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဟာ တပ်မတော်သားတွေကို ပြည်သူ့ ဘက်ရပ်တည်ရန် အချိန်အခါ သင့်ပြီ ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အနေနဲ့ ကမ္ဘာ့အလယ်မှာ "မြန်မာဟေ့"ဟု ၀င့်ထယ်နိုင်အောင် ကြိုးစားကြ စေလိုကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

Ref: ဖိုးတရုတ်

Read More...

ပြည်သူ့တပ်မတော်သား အစစ်အမှန်များ - အပိုင်း(၁)

စစ်အာဏာရှင်တွေရဲ့ တင်းကျပ်တဲ့ အမိန့်နဲ့ စည်းကမ်းချက်တွေကို ဆန့်ကျင်ပြီး ပြည်သူ့ဘက် မားမား မတ်မတ် ရပ်တည်ပေးခဲ့သူကတော့ ဗိုလ်ကြီး စိုင်းဝင်းကျော် ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံမှာ တပ်မ(၂၂)က ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ ပြတ်ပြတ် သားသား ပြည်သူ့ရင်ခွင်ကို ခိုလှုံ သွားခဲ့ပါတယ်။ သူဟာ တပ်မတော်သားတွေ အားလုံး အံ့သြ ချီးကျူး ရလောက်အောင် ဇနီးနဲ့ သားသမီးကိုတောင် မငဲ့ကွက်ဘဲ ရာထူး အဆောင် အယောင် စည်းစိမ်ဥစ္စာ စွန့်လွှတ်ကာ ပြည်သူလူထုနဲ့ ရဲဝံ့စွာ ပူးပေါင်းခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းမှု ဖြစ်သွားတဲ့ အခါမှာလည်း နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဘဲ ပြည်တွင်းမှာ ဆက်လက် နေရဲတဲ့ သတ္တိဟာ သူရဲကောင်းစိတ်ဓာတ် ဖြစ်ပါတယ်။ နောက်ဆုံး န၀တရဲ့  ဖမ်းဆီးခြင်းကို ခံရပြီး ပြည်သူ့ဘက်ကို ရပ်တည်ပေးတဲ့ အတွက် ဗိုလ်ကြီးစိုင်းဝင်းကျော်ကို အငြိုးကြီးစွာ သေဒဏ်ပေးခဲ့ ပါတယ်။ သူရဲ့မိတ်ဆွေ တစ်ချို့က သနားဂရုဏာသက်လို့ အသနားခံ ၀င်ပြောခဲ့၍သာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပြောင်းလဲ ကျခံစေခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်မှ ပြန်လွတ်လာရာမှာ ရပ်တည်ချက် ပြတ်သားပြီးတော့ န၀တကို ဆက်လက်ဆန့်ကျင် ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစိန်မြဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်(၁၉၈၉) မှာအသက်အရွယ်ကြီး ရင့်တာ ကိုတောင် ဂရုမထားဘဲ မုဒုံမှ ဘုရားသုံးဆူသို့ မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ အကူအညီနဲ့ တောတွင်းလမ်းအတိုင်း ချီတက်ခဲ့ပါတယ်။ သူဟာ စစ်သည်များနဲ့ ကျောင်းသားအချို့ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဦးကို ဖွဲ့စည်းပြီး မဟာမိတ် KNU, NMSP တို့နဲ့ လက်တွဲကာ အာဏာရှင်တို့အား တော်လှန်ရင်း ဖျားနာမှုဒဏ်ကြောင့် အသက်ပေးခဲ့ရပါတယ်။

အလားတူ ဒုတိယဗိုလ်မှူးကြီး အေးမြင့်ဟာ နုငယ်ဖြူစင်တဲ့ ကျောင်းသားတွေ အထိနာမှာ စိုးရိမ်ပြီး “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး” မှာ စစ်ပညာကို သွားရောက် သင်ကြား ပေးခဲ့ပါတယ်။ အသက်အရွယ်ကြီး ရင့်သည်အထိ တောထဲတောင်ထဲမှာ နှစ်ပေါင်း မြောက်မြားစွာ ကျောင်းသားတွေနဲ့ အတူတကွ ဆင်းရဲ ဒုက္ခခံပြီး မိမိတတ်ကျွမ်းတဲ့ စစ်ပညာကို လေ့ကျင့် သင်ကြားပေးခဲ့တဲ့ ဒီစစ်သားကြီးရဲ့မေတ္တာ၊ စေတနာဟာ ကြီးမားလှပါတယ်။

လေတပ်မှ အငြိမ်းစား ဗိုလ်မှူး တစ်ဦးဖြစ်ပြီး "လေသူရဲ တစ်ဦး" ကလောင်နံမည်နဲ့ စာရေး ရာမှာ ထင်ရှားတဲ့ ဗိုလ်မှူးဂျွန်လှဝင်းဟာလည်း (၁၉၈၈)ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ပါတယ်။ သူဟာ အစ္စရေးနိုင်ငံမှာ သင်တန်းဆင်းလာတဲ့ ထူးချွန်သူ တစ်ဦးဖြစ်ပြီး ပြည်သူနဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့လို့ ထောင်ဒဏ် (၂၀) နှစ် ကျခံခဲ့ရ ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)မှ တပ်ကြပ်ကြီး ဒေါ်နုနုအေးကတော့ (၁၉၈၈) လူထုအုံကြွမှုကြီး မှာ ရှေ့တန်းက ပါဝင်ဆင်နွှဲခဲ့ပြီးနောက် န၀တ တက်လာတဲ့အခါ အရှုံးမပေးဘဲ နယ်စပ်ကို ထွက်လာပြီး ကျောင်းသားတပ်မတော် ABSDF နဲ့ လက်တွဲကာ ဆက်လက် တော်လှန်ခဲ့ပါတယ်။ တောထဲ၊ တောင်ထဲမှာ ယောကျာင်္းရင့်မကြီးများနဲ့  ရင်ပေါင်တန်းကာ ပင်ပန်း ဆင်းရဲမှုဒဏ် ကြံ့ကြံ့ ခံ၍ တိုက်ပွဲ ၀င်ခဲ့သူဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်သော်လည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့  ကုလသမဂ္ဂရုံးရှေ့  မှာအစာငတ်ခံ ဆန္ဒပြပွဲ ဆင်နွှဲခဲ့တဲ့အထိ ဆန္ဒပြင်းပြခဲ့ပါတယ်။ ဒါ့အပြင် ခရီးရှည် ချီတက် ဆန္ဒပြပွဲကိုလည်း စွမ်းစွမ်းတမံ ပါဝင်ခဲ့တဲ့ အာဂ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

ဗိုလ်ကြီး ၀င်းဘိုဟာ ၁၉၉၀ ပြည့်နှစ်မှာ နံမည်ကျော် န၀တ ပတ္တမြား တရားမ၀င်ရောင်းချ ရာမှာ ပါဝင် ပတ်သက်မှုနဲ့ ထောင်ကျခဲ့ပါတယ်။ ဗိုလ်ကြီး ၀င်းဘိုဟာ ၁၉၉၇ခုနှစ်မှာ ပြန်လည် လွတ် မြောက်လာပြီးနောက် မျက်ဝါးထင်ထင် တွေ့မြင်လာတဲ့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာမန္တလေးမြို့ မဟာဂန္ဓာရုံကျောင်း၊ ရွှေကျင် ဆရာတော်ဘုရားကြီးနဲ့ သံဃာ အပါး (၁၀၀၀) လက်မှတ်ရေးထိုး ထားတဲ့ စာကို ဆရာတော်ကြီးရဲ့  ခွင့်ပြုချက်နှင့် ယူဆောင်ခဲ့ပါတယ်။ အဲဒီစာမှာ မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ တိုင်းပြည်ကောင်းကျိုး အတွက် ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ အာဃာတ မထားဘဲ ဆွေးနွေးညှိနှိုင်းဖို၊့ အကျဉ်းထောင် အသီးသီးက ဒုက္ခဆင်းရဲ ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မေတ္တာရပ်ခံ ထားတဲ့စာ ဖြစ်ပါတယ်။ ဗိုလ်ကြီးဝင်းဘိုဟာ အဲဒီစာ ပေးမှုနဲ့ ထောင်ဒဏ် (၂၀) နှစ် ကျခဲ့ပါတယ်။ ထောင်အတွင်းမှာ ထောင် အာဏာပိုင်တွေရဲ့ မတရားအုပ်ချုပ်၊ လူ့အခွင့်အရေး ချိုးဖောက် တာတွေကို အမှန်တရား ဘက်က ကာကွယ်ရင်း ထောင်အာဏာပိုင်တွေက ရန်ငြိုးဖွဲ့ မတရား ရိုက်နှိက်ခဲ့မှုကြောင့် သူဟာ ထောင်တွင်းမှာ ကျဆုံးခဲ့ရ ပါတယ်။ သူသေဆုံးတဲ့ နေ့ကို မြန်မာ့နိုင်ငံရေး အကျဉ်းသားများနေ့ အဖြစ် ဒီမိုကရေစီ ဘက်တော်သားများက ဂုဏ်ပြုသတ်မှတ် ခဲ့ကြပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဝင်းအောင်ဟာ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင် တွေကြောင့် နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်နေရတာကို သိရှိနားလည်ပြီး သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ မကြာခင် ထူးခြားသိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတော့မှာပါလို့ အနက်ခွ စကားလုံးကို နိုင်ငံခြား အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။ စစ်သားပီပီ ရဲရဲဝံ့ဝံ့ အဲဒီလို ပြောခဲ့မိလို့ ထိပ်ပိုင်း စစ်အာဏာရှင် နှစ်ဦးကစိတ်ဆိုးပြီး သူ့ကို နိုင်ငံခြားမှာပင် တန်းဖြုတ်ခဲ့ပါတယ်။ အမှန်တကယ် တော့ စစ်အာဏာရှင်တွေဟာ အာဏာကို လိမ်လည်ပြီး မတရား ရယူထားတာကြောင့် တိုင်းပြည် အနေနဲ့ အဖက်ဖက်က ယိုယွင်း ပျက်ဆီးနေလို့ နိုင်ငံတကာ အလယ်မှာ ရှက်ဖွယ်လိလိ ဖြစ်နေ ခဲ့ရ ခြင်း ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဇော်ထွန်းဟာ (GDP) ကိစ္စမှာ နိုင်ငံရဲ့  စီးပွားရေး ဆိုင်ရာ ကိန်းဂဏာန်း တွက်ချက်တာ မှားယွင်းနေလို့ အမှန်အတိုင်း ဖြစ်စေဖို့ ပြောဆိုခဲ့ရာ နအဖဟာ သူတို့ရဲ့ မူဝါဒနဲ့ သူတို့ကို တိုက်ခိုက်တယ်လို့ မတရား စွပ်စွဲကာ ရာထူးမှ ဖြုတ်ပစ်လိုက်ပါတယ်။ နအဖဟာ မတိုးတက် တာကို တိုးတက်တယ်လို့ လိမ်ညာ ဖြီးဖြန်းတာကိုမှ ကျေနပ်ပီတိ ဖြစ်နေကြပါတယ်။ တိုင်းပြည်ကို တကယ်တိုးတက်လိုတဲ့ ဗိုလ်မှူးချုပ် ဇော်ထွန်းတို့လို တကယ့် စစ်သားတွေ အများကြီး ရှိနေ ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ်က တောင်းဆိုတဲ့ အချက်အလက်တွေကို လိုက်လျော သင့်ပါကြောင်း နိုင်ငံအတွက် ILO မှ ကြပ်မတ်လာပါက တိုင်းပြည် နစ်နာသွားနိုင်ကြောင်း တင်ပြခဲ့တဲ့ ကြယ်ငါးပွင့် လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ကြည်နဲ့ အရာရှိ တစ်ချို့ကိုလည်း နအဖ အာဏာ ပိုင်တွေဟာ မညှာမတာ ရာထူးက ဖြုတ်ထုတ်ခဲ့ပါတယ်။ နအဖဟာ အဲဒီတင်ပြချက် မှန်ကန်ကြောင်း သိရှိပြီး ILO ရဲ့  တောင်းဆိုချက်ကို ပြန်လည် လိုက်နာ ရပေမဲ့ အမှန်တရားကို တင်ပြခဲ့တဲ့ ဗိုလ်မှူးကြီးနဲ့ အရာရှိတွေ ကိုတော့ ပြန်လည် မခန့်အပ်ကြောင်း ကြားသိခဲ့ရ ပါတယ်။

မိမိတို့ရဲ့ အသက်၊ ရာထူး၊ ဥစ္စာစည်းစိမ်ကို ဂရုမစိုက်ဘဲ အမှန်တရားဘက် ရပ်တည်တဲ့ စစ်တပ် အတွင်းမှာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ စစ်သားတွေ ရှိနေပြီဆိုတာ တင်ပြလိုက်ရပါတယ်။

Ref: ဖိုးတရုတ်

Read More...

Monday, October 13, 2008

ဒေါက်တာ ချေဂွေဗားရား ကျဆုံးခြင်း ၄၁ နှစ်မြောက် ဂုဏ်ပြုဆောင်းပါး

ရိုင်ဖယ်သေနတ်နှင့် ဆရာဝန်

ရွှေအိမ်စည်

(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူကျ ဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။ သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။

“လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်” သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။

(၂)
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က အောက်တိုဘာလ (၁၅) ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ် ကက်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အားကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြ ရ။ နှစ်ပေါင်း (၃၀) အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ (၁၂) ရက်တွင်မှပင် သူ၏ ရုပ်အလောင်း အား မြေ၀သုန်အတွင်းမှ ပြန်လည် တူးဖော်ရရှိတော့၏။

ဘိုးလီးဗီးယားနိုင်ငံ “ဗယ်ရီဂရန်ဒေသ” လေယာဉ်ကွင်းငယ်လေး အနီးမှ ဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အ လောင်း အရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစု အမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့် တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ ဒီအင်အေ စစ်ဆေးမှုပြု၍ အတည်ပြုနိုင်ခဲ့၏။ သူ ...။

သူကား နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။

(၃)
သူနှင့် ပတ်သက်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ် ပညာရှင် “ယန်ပေါဆတ်” က သူ့အား “ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိ ကန်နိုင်ငံ မေရီလင်းအင်စတီကျူက သူ့အား “ကမ္ဘာပေါ်တွင် နာမည် အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတ တခု” ဟု သတ်မှတ်၏။ သူ၏ ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား “သူဟာ သူ့ရဲ့ အ ကျင့်စာရိတ္တ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ် တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ် တယ်”

(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏ မြို့တော် “ဗွေနိုဇာရီမြို့” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ရိုစာရီယိုမြို့” တွင် မွေးဖွားခဲ့၏။ “ရိုစာရီယိုမြို့” က “ပါရာနာ” မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသည့်မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေသည်။

သူကား ၁၉၂၈ ခုနှစ် ဇွန် (၁၄) ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ (၅) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တဦးဖြစ်ပြီး မိခင်က စီလီယာ ဆာနာဖြစ်၏။ သူကား ငယ် စဉ်က ချူချာ၏။ ပန်းနာရင်ကြပ်သည်တဦး။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကြပ်ရောဂါ ရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွန်ခဲ့၏။ “ရဂ္ဂဘီပွဲ” များတွင် ခပ်ကြမ်းကြမ်း ကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်း သင်ပေး၏။ သူသည် စစ်တုရင် ကစားရာတွင်လည်း ထူးချွန်သူတဦး ဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း…။

(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ် ပေါင်း ၃၀၀၀ ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေး တခုပမာ။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ဆစ်ဂမန်ဖ ရိုက်”၊ “ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။ သူက ကဗျာကိုလည်း အရူးအမူး စွဲလန်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင် နိုင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ လေ့လာခွင့်ရခဲ့၏။

(၆)
၁၉၄၇ ခုနှစ်တွင် သူ “ဗွေနိုဇာရီး” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာ ဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ် တက်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့် အတူ မော် တော်ဆိုင်ကယ် တစီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ ရောက်၏။ ချီလီမှသည် ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထိုမှ ဗင်နီးဇွဲလား...။

ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ သည်။ ဤခရီးစဉ် အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “မော်တော်ဆိုင်ကယ် ဒိုင်ယာရီ” ဟူ၍ စာအုပ် အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့် ဖြစ်သည်။ နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အားမှီး၍ ရုပ်ရှင် ပြန်ရိုက်၏။

(၇)
၁၉၅၃ ခုနှစ်တွင် အာဂျင်းတီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတ ယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီးရူး၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ ရောက်၏။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “၂၆ J” ရဲဘော်များဟု ခေါ်ကြသည်။

ဖီဒယ်ကက်စထရိုတို့၏ “၂၆ J” ရဲဘော်များက ကျူးဘား အာဏာရှင် “ဖူလ်ဂျင်စီယို ဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ မက္ကဆီကိုတွင်ပင် “၂၆ J” ရဲဘော်များနှင့်အတူ သူ စစ်သင်တန်းတက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “အယ်ဘာတိုဘေးယို”က မှတ်ချက်ပြု၏။ “သူသည် သင်တန်းသားများအား လုံးအနက် အထူးချွန်ဆုံးဖြစ်သည်” ဟူ၍။

(၈)
၁၉၅၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် “၂၆ J” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ် တစီးနှင့်။ မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ် ကျိပ်နှင့် တယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်၏။ မကြာ ကျူးဘားအာဏာရှင် တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် (၆၉) ယောက် ကျဆုံး ကုန်၏။ သူ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော်(၁၂)ယောက်သာ ကျန်တော့၏။ အငတ်ငတ် အပြတ်ပြတ်။ ကြံခင်း များအတွင်း ပုန်းနေကြ၏။ ကြံများ စုတ်ရင်းသာ အာဟာရ ဖြည့်နေ ကြရသည်မှာ ရက်သတ္တပတ်ခန့် ကြာ၏။ ဤမှ သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် (၁၂) လက်။ လူ (၁၂) ယောက်နှင့်။

(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။ သူပုန်စခန်းဖွင့်၏။ အောင်မြေ။

သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် သူ သည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်ရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းများသဖွယ် အားနှင့် မာန်နှင့်၊ အဆုံး၌ ကျူးဘား အာဏာရှင်အစိုးရ ကျဆုံးရ၏။

(၁၀)
ကျူးဘား တော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိက တာ ၀န်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။ ထိုစဉ်က GATT (ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများ သို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ၊ ပြောက်ကျား ယူနီဖောင်းနှင့် ...။

(၁၁)
၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နျူက လီးယားစစ်ပွဲများ ဖြစ်လေမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။

(၁၂)
၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာ ခရီးစဉ်များသွား၍ သံခင်းတမန် ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ ကွန်ဂို၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့။

ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့် တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူး ဘားခေါင်းဆောင်တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ ...။

(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း သူ သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် (၃၈) နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ် ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး။ မရတော့။ သူ အနားယူရသည်။ အ နားယူစဉ် ကာလအတွင်း “ကွန်ဂို ဒိုင်ယာရီ” အား ရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံ များ။

(၁၄)
ထို့နောက် သူသည် ဘိုလီးဗီးယားအစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် (၁၇) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င် ခဲ့ကြ၏။ ရိုင်ဖယ် သေနတ်များနှင့်။

ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူ ဦးဆောင် သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍ မရ။ တက်၍ မရ။ နောက်ဆုံး သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ ၏။
(၁၅)
၁၉၆၇ ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့။
ဘိုလီးဗီးယားနိုင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတဦးအား နောက်ပြန် လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ် ခံထားရသည့် စစ်သုံ့ပန်းသည် ဘိုလီးဗီးယား စစ်သားများ၏ အရှေ့၌ မတ်မတ်ရပ်၍ နေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်းက စစ်သားများအား သူ၏ စူးရှသော မျက်လုံးများနှင့် ကြည့်၏။

အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။ စစ်သုံ့ပန်း သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘို လီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။

(၁၆)
မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်
ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၁၅)ရက်။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့ သည့် လက်များ။ မလွဲနိုင်။ သူ…။ သူ …။
“အာနက်စ်တို ဂွေဗားရား ဒီလာဆနာ” သို့မဟုတ် “ချေ”။
ချေ ဟူသည်က …..စပိန် ဘာသာအရ “ ရဲဘော်၊ ရဲဘက်” ဟူ၍ ဖြစ်သည်။
“မြေ၀သုန်ရေ ...
ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့ ...”
(အော်ဒင်)

ref: ဒေါက်တာလွမ်းဆွေ

Read More...

Friday, September 5, 2008

ဂမ္ဘာရီဆုိတဲ့ ဂန္ဘလား

ဆောင်းပါးရှင် - ဆရာဂါမဏိ

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ် အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီ ကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာခ်ာ စစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာ စစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာ မျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အား ထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြု ပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေ လုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးက ပြောခဲ့ပါသေးတယ်။

အဘာချာ အစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေ တိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကို လမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော် စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလည်း ဖြစ်တဲ့ အိုဂိုနီ တိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရား အမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာ ဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအ စီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ တော့ ဒီလို မပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင် စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံ ကာကွယ်လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံးမှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြ သက်သေတွေကို စစ်အစိုးရက ငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့်မရတာတွေကိုတော့ ထည့်မပြောပါဘူး။

ကင်ဆာရိုနဲ့ အိုဂိုနီ တိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စ လက်ခံဖို့ စည်းရုံးနားချတာရော ရေနံ လက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂) ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယား ဘဏ္ဍာရေးဌာနကို ပိုင်တယ်၊ သူ့မှာ အဘာချာ စစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆို လုပ်နိုင်ဖို့ အကန့်အသတ်မဲ့ ရင်းမြစ်တွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင် အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့ သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြား တာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာ စစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယား ရေနံလုပ်ငန်းထဲ ပတ်သက်နေလို့ ကိုဖီအာနန် ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမ ဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိက ဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကို ပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေး ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက် လမ်းကဝင် စီးပွားရေး သောင်းကျန်းခဲ့ပါ သေးတယ်။)

အဘာချာ သေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာအာဏာသိမ်းလို့ သမတ မဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲ မင်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေး ခဲ့တာဖြစ်ပါတယ်။ အာဘီယိုလာ ခမျာ အဘာချာ သေပေမဲ့ သမ္မတ မဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွား ခဲ့ပါတယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီ ဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယား ပြည်သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက် တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက်နိုင်ဂျီးရီးယား အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှု အခွင့်အရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ ဘီးလို ဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေး ကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမား အခွင့်အရေး၊ ကျောင်းသား အခွင့်အရေးတို့ကို ပိတ်ပင်တဲ့ အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံ ကာကွယ် လျှောက်လဲပေးခဲ့သူ ဖြစ်ပါတယ်။

ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယား ပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ် ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့ တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြ မြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင် မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ နအဖက ဂမ်ဘာရီကို ပျော်ရွှင်အောင် လုပ်ပေးတာလား၊ ပျော့ကွက်ကို ကိုင်ထားလားမသိ၊ နံမည်ကြီး မင်းသမီး အကယ်ဒမီ တယောက်နဲ့ ဧည့်ဝတ်ကျေပွန် ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှု ခိုင်းတယ်လို့ ကြားသိရပါတယ်။ သူ့ဆရာ ဘန်ကီမွန်း ကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စသက်သက်အတွက် ဗမာပြည်ကို လာတယ်ဆိုပြီး သန်းရွှေနဲ့ တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက် အောင်မြင်သွားအောင် လုပ်ဖို့ ခယဝယ လုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့် ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့ တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေ တပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင် စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

Ref: ဖိုးတရုတ်

Read More...

Thursday, September 4, 2008

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း

ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို လေးစား ဂုဏ်ယူမိပါတယ်။ ကျွန်တော်လည်း တဖက်တလမ်းမှ ပါဝင် အကြုံပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ဘာလောဂ်ကို ဆောင်းပါးရေးသား ချီးမြှင့်နေကြတဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့ကို ဆွေးနွေးရန် ဖိတ်ခေါ် ခဲ့ပါတယ်။ နိုင်ငံတကာမှ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်မူဝါဒတွေနဲ့ ပြည်သူလူထု ဘက်က မေးနိုင်တဲ့ မေးခွန်းတွေကို စီစစ်ရွေးချယ်ပြီး သူတို့ ကို ဆွေးနွေး ပြန်ကြားစေခဲ့ပါတယ်။ သူတို့ရဲ့ အမြင်တွေကို ကွက်ကွက်ကွင်းကွင်း ဖြေကြားကူညီပံ့ပိုးပေးတဲ့ အတွက် ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့အား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ် ပါတယ်။ စာဖတ်သူတွေ အနေနဲ့လည်း အပြုသဘောဆောင်ပြီး မိမိတို့ရဲ့ ဆန္ဒသဘောထားတွေ ကို ဒီမိုကရေစီ အနှစ်သာရရှိရှိ တင်ပြပေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ အခု ဆရာ ဂါမဏိရဲ့ ဆွေးနွေးပြန်ကြားချက်ကို စာဖတ်သူများအား တင်ပြပေးလိုက်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၁)။ ။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်း လမ်းနဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာနိုင် တဲ့အလားအလာ မရှိတော့ဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ လုံးဝငြိမ်းချမ်းစွာနဲ့ ပြောင်းလဲလာနိုင်မယ့် အလား အလာဟာ မေလ ဆန္ဒခံယူပွဲ ပြီးတဲ့နောက်မှာ ၁ ရာခိုင်နှုန်းလောက်ဘဲ ရှိပါတော့တယ်။ ရွှေဝါရောင် တော်လှန်ရေးပြီးစမှာ နအဖက ဆက်ဆံရေးဝန်ကြီး ခန့်လိုက်တော့ အလားအလာဟာ ၃၀ ရာခိုင်နှုန်းလောက်ထိ တက်လာပါ သေးတယ်။ ဒါပေမဲ့ ၈၈ ခု အာဏာသိမ်းပြီးကတည်း က တလျှောက်လုံးမှာ ငြိမ်းချမ်းစွာပြောင်းလဲနိုင်မယ့် အလားအလာဟာ တခါမှ ၅၀ ရာခိုင်နှုန်း မကျော်ခဲ့ပါဘူး။

ကိုဖိုးတရုတ်ရဲ့ဆွေးနွေးမေးမြန်းချက်(၂)။ ။ဒီမိုကရေစီ ရရှိဖို့ စစ်ရေးနည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ သုံးသင့်ပါသလား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ နအဖ စစ်အုပ်စုဟာ လက်နက်ကိုသာ ယုံကြည်အားကိုးသူ၊ လက်နက်အင်အား ကိုသာ ကိုးကွယ်သူဖြစ်တယ်၊ တခြားဘာတန်ဖိုးစံတွေကိုမှ ကိုးကွယ်ယုံကြည်သူ မဟုတ်ဘူးဆိုတာ ရွှေဝါရောင် တုံးက သံဃာတွေကို သတ်ပြခြင်း အားဖြင့် သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ကာလက ဂျာမဏီ၊ အီတလီ၊ ဂျပန် ဖက်ဆစ်နိုင်ငံတွေကို စစ်ရေးနည်းလမ်းနဲ့သာ ပြောင်းလဲစေနိုင်ခဲ့သလို နအဖအပေါ်လည်း စစ်ရေးနည်းလမ်းဘဲ ကျင့်သုံးမှ ရမှာဖြစ်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၃)။ ။ စစ်ရေးနည်းလမ်းသုံးရင် နိုင်ငံတကာအများစုက မလိုလားတဲ့ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ခြင်း မရှိဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်းဟာ တဖက်ရန်သူရဲ့ စစ်တပ်အင်အားတွေကို ချေမှုန်းဖို့ သို့မဟုတ် မလှုပ်မယှက်ဖြစ်သွားစေဖို့ ရည်ရွယ်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံးက ကိုင်စွဲကျင့်သုံးတဲ့နည်းလမ်း ဖြစ်တယ်။ စစ်တပ်မရှိတဲ့နိုင်ငံ ကမ္ဘာမှာ မရှိပါဘူး။ အကြမ်းဖက်ဝါဒကတော့ ကမ္ဘာပေါ်မှာ အစွန်းရောက် အင်အားစုအနည်းငယ်ကဘဲ ကျင့်သုံးတဲ့နည်းလမ်း ဖြစ်ပြီး လက်နက်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် တာဖြစ်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၄)။ ။ စစ်ရေးနည်းဗျူဟာအရဆိုရင် ယေဘူယျ ဘယ်လို အကောင်အထည် ဖော်သင့်ပါသလဲ။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်းဆိုတာ နှစ်မျိုးရှိပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေးတပ် အင်အားတွေ ကြီးထွားအားကောင်း အောင်လုပ်ပြီး ရန်သူတပ်တွေကို တိုက်ခိုက်အနိုင်ယူတာက တနည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ (၁၇၇၆ ခု)၊ အဇ္ဇရေး (၁၉၄၈)၊ တရုတ် (၁၉၄၉)၊ ဗီယက်နမ် (၁၉၇၅)၊ ရဝမ်ဒါ (၁၉၉၄)၊ ဘော့စ်နီးယား-ဟာဇီဂိုးဗီးနား (၁၉၉၅)၊ အရှေ့တီမော (၁၉၉၉) တို့မှာ အဲသလိုလုပ်ခဲ့ပါတယ်။ နောက်တနည်းကတော့ အာဏာရှင်တပ်တွေကို ဒီမိုကရေစီ ပြည်သူတွေဘက် ကူးပြောင်းလာစေပြီး အာဏာရှင်ဘက် သေနတ်ပြောင်း ပြန်လှည့်စေတဲ့နည်းဖြစ်ပါတယ်။ ဖိလစ်ပိုင် (၁၉၈၆)၊ ရုရှား (၁၉၉၁)၊ ဂျော်ဂျီယာ (၂၀၀၃)၊ ယူကရိန်း (၂၀၀၄)၊ ဆားဘီးယား (၂၀၀၀) တို့မှာတော့ အာဏာရှင့် လက်အောက်က တပ်မတော်သားတွေကို ဒီမိုကရေစီအင်အားစုတွေက စည်းရုံးနိုင်ခဲ့လို့ အာဏာရှင်ရဲ့ပစ်မိန့်ကို မနာခံတော့ဘဲ ပြည်သူတွေဘက် ပူးပေါင်းလိုက်ခြင်းဖြင့် ဒီမိုကရေစီပေါ်ထွန်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အကြမ်းမဖက်တိုက်ပွဲရဲ့ နောက်ကွယ်မှာ ဘက်ပြောင်းသွားတဲ့ သေနတ်တွေ မရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၅)။ ။ တပ်မတော်က ပြည်သူ့ဘက်ကို ပါလာနိုင်ဖို့ အလားအလာ ရှိရဲ့လား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ တပ်မတော်က ပြည်သူ့ဘက် ပါဝင်နိုင်ဖို့အလားအလာ ၆၀ ရာခိုင်နှုန်းရှိပါတယ်။ ၉၀ ရွေးကောက်ပွဲ မှာ မဲပေးခဲ့ပုံကြည့်ရင် အထင်အရှားတွေ့နိုင်ပါတယ်။ ၁၈ နှစ်ကြာပြီး အခုအချိန်မှာလည်း အဲဒီတုံးကထက် မလျော့ဘူး ဆိုတာ တပ်ထဲကသတင်းတွေ ရပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ အလားအလာ ၄၀ ရာခိုင်နှုန်းအတွက် ဒီမိုကရေစီအင်အား စုတွေ၊ ပြည်သူတွေက (အောက်ခြေနဲ့ အလယ် အလတ်ဆင့်)တပ်မတော်ကို စိတ်အားထက်ထက်သန်သန်နဲ့ တာဝန်ယူမှုရှိရှိ အထူးစူးစိုက် သားချင်းဖွဲ့ နွေးထွေး စည်းရုံးတာ မလုပ်သရွေ့တော့ လူထုတိုက်ပွဲတွေ ဘယ်လောက်လုပ်လုပ် ဘာမှထူးလာမှာမဟုတ်ဘဲ ပြည်သူ တွေ ထပ်သေတာဘဲ အဖတ်တင်ပါလိမ့်မယ်။

Source byဖိုးတရုပ်


Read More...

Friday, August 29, 2008

ဗိုလ်မှူးအောင်လင်းထွဋ်မှ ထိုင်းဝန်ကြီးချုပ်ထံ ပေးစာ



Read More...

ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဘယ်သူလဲ

Read More...

ဗိုလ်အောင်ဆန်းနှင့် တပ်မတော်သမိုင်း

Read More...

Tuesday, August 19, 2008

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၁)


ဆက်လက်ကြည့်ရှုရန် အပိုင်း (၂), (၃), (၄), (၅),

Read More...

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ၏ သင်တန်းသား အမည်စာရင်းများ

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၁) သင်တန်းသား အမည်စာရင်း

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၂) သင်တန်းသား အမည်စာရင်း

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၃) သင်တန်းသား အမည်စာရင်း
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၄) သင်တန်းသား အမည်စာရင်း


ခေတ်ပြိုင်မှ ကူးယူဖေါ်ပြပါသည်

Read More...

Wednesday, August 13, 2008

ယနေ့ စစ်တပ်...... ဘာတွေဖြစ်နေသလဲ (၃၉)

တတိယနှစ် ဗိုလ်လောင်းဘ၀တွင်လည်း အပတ်စဉ်အလိုက် အားကစား ပြိုင်ပွဲအတွက် ကိုယ့်ဖာသာ လေ့ကျင့်ရပါသည်။ (ရေကူးပြိုင်ပွဲ) စာပေ၊ စစ်ပညာမှာလည်း ပိုမို အဆင့်မြင့် လာပါသည်။ အထူးသဖြင့် စာပေ သင်ကြားရခြင်းတွင် ပိုမို စိတ်ဝင်စားလာခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားဖွယ်ဖြစ်အောင် သင်ကြား ပို့ချပေးနေသော နည်းပြဆရာ၊ ဆရာမတို့ကလည်း (စာရေး ဆရာကြီး ဦးအောင်သင်း နည်းပြလုပ်နေစဉ်က ကဲ့သို့ပင်) တပည့်များအပေါ် မေတ္တာ၊ စေတနာ အပြည့်အ၀ဖြင့် ရှင်းလင်းပို့ချ သင်ကြားပေးသောကြောင့် ဖြစ်ပါသည်။

တတိယနှစ် ဗိုလ်လောင်းဘ၀တွင် စာကြည့်တိုက်ကြီးကို ကျနော်တို့ သုံးခွင့်ရလာပါပြီ။ တပတ် စဉ်လုံး အယောက် (၂၀၀)ကျော် ရှိသည့်အထဲ စာကြည့်တိုက်သို့ လူတိုင်းမသွားပါ။ စာပေ၀ါသနာ ပါသူ နည်း၍ ထင်ပါသည်။ စာကြည့်တိုက်သည် အမြဲပင် လူရှင်းနေတတ်၏။ ကျနော်တို့ စာသင် ချိန် ဇယားတွင် အပိုချိန်ဟူ၍ ပါလေ့ရှိရာ ထိုအချိန်ကျလျှင် နည်းပြဆရာ မလာတတ်ပေ။ ထိုအချိန် ကို လူတိုင်းပင် သူတို့ အကျိုးရှိမည်ထင်သလို အသုံးပြုကြ၏။ အချို့ကား စာဖတ်၊ အချို့က စကား ၀ိုင်းဖွဲ့၊ အချို့က ဆေးလိပ်သောက်၊ များသောအားဖြင့်တော့ စာသင်ခုံပေါ်တွင် နံစောင်းတင်၍ လက်မောင်းကို ခေါင်းအုံးလုပ်ကာ အိပ်ကြတာများပါသည်။ ကျနော်လည်း တခါတရံ အိပ်ပါသည်။

များသောအားဖြင့် ကျနော်၏ အားလပ်ချိန်တိုင်းကို စာကြည့်တိုက်တွင်သာ အချိန် ဖြုန်းခဲ့၏။ စာကြည့်တိုက်ကြီးသည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးဖြစ်သည်ဟု ဆိုကြသည်။ အတော်ပင် ကြီးမားသည် ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော စာကြည့်တိုက်မျိုးကို ပထမ ဦးဆုံး တွေ့ကြုံ ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ကျနော့်မှာ စာအုပ်လောဘကြောင့် ကျနော့် နာမည်နှင့်လည်း ငှားသည်။ သူငယ်ချင်း နာမည်နှင့် လည်း ငှားသည်။ တခါငှားလျှင် တယောက် ဘယ်နှစ်အုပ်ဟူ၍ ကန့်သတ် ထားခြင်းကြောင့် လောဘကြီးသော ကျနော့်မှာ ဤသို့ ဤနှယ် ကြံစည်ရခြင်း ဖြစ်ပါသည်။

ပန်းသည် မစာဥ၊ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း၊ စံပယ်ပင် စသော ရှေးခေတ်ကာလပေါ် ၀တ္ထုမှ သည် နှောင်းခေတ် ပါလီမန် ဒီမိုကရေစီခေတ် အတွင်းခန့်အထိ ကြားကာလ တလျှောက် ထုတ်ဝေ ခဲ့သော ၀တ္ထုစာစောင် မြောက်မြားစွာ ရှိပါ၏။ ပေပုရပိုက်၊ ကျမ်း စသည့်တို့လည်း မြောက်မြားစွာ ရှိပါ၏။ စစ်ပညာနှင့် ပတ်သက်၍လည်း ခေတ်မှီ အတတ်ပညာ စာစောင်များအထိ များမြောင်စွာ ရှိပါသည်။ ကျနော်ကတော့ နိုင်ငံသမိုင်း။ စစ်သမိုင်းနှင့် အုပ်ချုပ်ရေး နည်းစနစ်များ၊ နိုင်ငံရေး သဘောတရားပါသော စာအုပ်များကိုသာ နင်းကန်ကျုံး၍ ဖတ်ပါသည်။ မှတ်ပါသည်။

တတိယနှစ် ဗိုလ်လောင်းဘ၀တွင် ပြင်ပ လေ့လာရေးဟူ၍ အပျော်ခရီးစဉ် မရှိတော့ပဲ ပြည်သူ့ဘ၀ အကျိုးပြုရေးနှင့် ပြည်သူ့စစ်သင်တန်း ပို့ချရန်ဆိုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ခေါင်သော၊ ဖွံ့ဖြိုးမှု နည်းသော စစ်တပ်နှင့် ကျွမ်းဝင်မှုနည်းသော နေရာဒေသတို့ လုပ်အားပေးခရီး သွားရောက်ရင်း ရပ်ရွာ ပြည်သူ့စစ်အဖွဲ့ကို စစ်ပညာ သွားသင်ပေးရပါသည်။ ဗိုလ်လောင်းတိုင်းက ကိုယ်တတ် မြောက်သော စစ်ပညာကို ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သင်ကြားပေးခဲ့သော အစဉ်အလာရှိခဲ့ ပါသည်။

ထိုပြည်သူ့ ဘ၀လေ့လာရေး ခရီးစဉ်တွင်မှ ကျနော်သည် တိုင်းပြည်အတွက် အလုပ်လုပ်ရန် များစွာ ကြိုးစားဖို့ လိုသေးသည်ဆိုသော အားမလို အားမရစိတ် အခြေခံ၍ စစ်တပ်၏ အုပ်ချုပ်မှုနှင့် နိုင်ငံ၏ ချွတ်ခြုံကျ ဆင်းရဲနေမှု အနာဂတ် အလားအလာကို ဆက်စပ်ဆင်ခြင် တွေးမိလာခြင်း ခံစားချက်ကို ရရှိလာခဲ့ပါသည်။ ကျနော်တို့ ဗိုလ်လောင်းများ ဘယ်နေရာ၊ ဘယ်ဒေသသို့ ခရီး ထွက်ခဲ့ပါသနည်း။

ထိုနေရာလေးသည် ဟန်ဆောင်မှု ကင်းမဲ့ပါသည်။ မြို့ပြ၏ ယဉ်ကျေးမှုတို့လည်း မလွှမ်းမိုးသေးပါ။ ရှေးမြန်မာတို့၏ မျိုးရိုးဇာတိကို ထိန်းသိမ်းနေသော ဒေသဟု ဆိုလျှင်လည်း ပြော၍ရပါသည်။

ကျနော်တို့ ပြည်သူ့ဘ၀ လေ့လာရေးနှင့် အကျိုးပြုရေး ခရီးစဉ်ကို မန္တလေးတိုင်း တံတားဦးမြို့နယ် ထဲမှ ဆီမီးခုံ ကျေးရွာငယ်ဖြစ်သည်ဟု ဆိုသောအခါ အတော်များများက မသိကြပေ။ မရောက်ဖူး သူများသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ကျနော်တို့၏ ပန်းမြို့တော်၊ နှင်းမြို့တော် မေမြို့မှ စစ်ကားကြီးများဖြင့် မန္တလေးသို့ ဆင်းခဲ့ပါပြီ။ အအေးပိုင်းမှ အပူပိုင်းသို့ ဆင်းရသည်ဖြစ်၍ ရာသီဥတု၏ ပူပြင်းသော ဒဏ်ကိုတော့ ချွေးဒီးဒီးကျ အောင် ခံရ၏။ လမ်းဘေး ၀ဲယာတလျှောက် ငေးမောကြည့်ရင်း၊ အတွေးတွေ နယ်ချဲ့ရင်း လိုက်ပါ လာ၏။ ပထမနှစ်၊ ဒုတိယနှစ်တွေတုန်းကလို ကားစီးချိန်သည် ကျနော်တို့အတွက် အိပ်စက်ရန် အချိန်မဟုတ်တော့ပါ။ ဘာကိုမဆို လေ့လာ အကဲခတ် နေရမည်ဆိုသော စာပေမှပေးသော အသိ တရား အမွေကြောင့် လမ်းဘေးတလျှောက် လေ့လာရင်း လိုက်ပါလာခဲ့ပါသည်။

ဓာတ်ဆီ၊ ဒီဇယ်ရောင်းချသော (ခွက်ပုန်း လောင်စာဆိုင်ဟု ပြောလျှင်ရမည်ထင်၏) တဲပုတ်လေး များ၊ ယာယီတဲလေးများ ဟိုမှသည်မှ တွေ့မြင်ရခြင်းဖြင့် မန္တလေးသို့ ၀င်ကာနီးပြီ ဆိုသည်ကို သိသာရပါပြီ။ မကြာခင် ရွှေမန်းသူ၊ ရွှေမန်းသားတို့၏ ခြေနင်း စက်ဘီးငယ်များဖြင့် လူးလာ ခေါက်ပြန် ခရီးနှင် နေကြသည့်ကြားထဲ စစ်ကားများ ဖြတ်မောင်းသောအခါ မည်သူမျှ ထူးဆန်ဖွယ် မကြည့်ကြောင်း တွေ့ရသည်။ သာမန် တွေ့မြင်နေကျ ဘတ်စ်ကားများ ကဲ့သို့ပင် ရှောင်ကွင်း မောင်းနှင် သွားကြ၏။ သစ်လုံးတင် ကားကြီးများကိုလည်း မကြာမကြာ တွေ့နေရ၏။

စစ်တပ်နှင့် ပြည်သူ ကြည်ဖြူစွာ ရင်းနှီးမှု ရှိနေ၍လား၊ သို့မဟုတ် အရပ်သား၊ အရပ်ဘက် ပြည်သူတို့ အကြားတွင် စစ်အဆောင်အယောင်၊ စစ်သား၊ စစ်ကားတို့ အမြဲတစေ ထိုးဖောက် ထိတွေ့ အုပ်ချုပ်မှုသက်တမ်း ရှည်ကြာလာ၍ စစ်၏အငွေ့အသက် အရိပ်အယောင်ကို မထူးဆန်း တော့ခြင်းလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော မြန်မာပြည်ကို စစ်တပ်ခေါင်းဆောင်များ က လွှမ်းမိုးချုပ်ကိုင် စိုးမိုးထားသည်မှာ နှစ်ပေါင်း(၃၀)ကျော်ခဲ့ပြီကိုး။

ထိုအချိန်က မန္တလေးစက်မှုဇုံ စတင် တည်ဆောက်နေပြီဟု ထင်ပါသည်။ ကျနော်တို့ ဖြတ်သွား သော လမ်းတလျှောက်တွင် အဆောက်အဦးများ၊ စက်ရုံပုံစံများ၊ နေရာအနှံ ဟိုမှသည်မှ တွေ့ခဲ့ရ ၏။ ပိုင်ရှင်ဖြစ်ဟန်တူသော တရုတ်မျက်နှာပေါက်နှင့် လူများကိုလည်း ကားကောင်း ကားသန့် များနှင့်အတူ တွေ့ခဲ့ရ၏။ တို့တိုင်းပြည်ကြီး တိုးတက်လာမှာပါဟု စိတ်ထဲက တွေးထင်မိ၏။ သို့သော် ရွှေမန်းသူ၊ ရွှေမန်းသားများ နေပူကျဲကျဲထဲတွင် စက်ဘီးဖြင့် သွားနေသည်ကို မြင်ရ၍ သနားမိသော ကျနော်သည် စက်ရုံပိုင်ရှင် တရုတ်များ၏ ကားကောင်း (အဖိုးတန် အမျိုးအစား) နှင့် ခရီးသွားပုံကို ယှဉ်မိလိုက်သောအခါ များစွာ ရင်လေးလာပါသည်။ တခုခုတော့ လိုနေပါပြီ။ ရွှေခြေကျင်းနှင့် မန္တလာသူတော့ ကျနော်မတွေ့ခဲ့ရပါ။ နောက်ဆုံးပေါ်ကားနှင့် ရွှေတရုတ်ကြီးကိုသာ ကျနော်မြင်ခဲ့ရသလို ရှိ၏။

မန္တလေးမြို့တွင်းမှကျော်၍ တံတားဦးဘက် ဆက်လက် ခရီးထွက်ခဲ့ရာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ၏ ရာသီဥတုအတိုင်း လေပူလေနွေးများ၏ တိုက်ခတ်မှုကို (ဘေးဗလာ)စစ်ကား၏ နောက် ခန်းမှ ထိတွေ့ ခံစားရင်း၊ မကြာမီပင် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး ဆောက် လုပ်ရာ ဒေသသို့ ရောက်ရှိလာ၏။ လားလား- မြို့နှင့် ဝေးလှချည်လား။ ဒီလေဆိပ်ကြီး ပြီးသွား ရင်တော့ မြို့ထဲနှင့် လေဆိပ် ကားခတင် လေယာဉ်ခလောက် ရှိနိုင်တယ်ဟု ကျနော်တို့ ပြောမိ ကြပါသေးသည်။ ဟုတ်ပါသည်။ မန္တလေးမြို့နှင့် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အတော်ပင် ဝေးကွာပါသည်။ လေဆိပ် တည်ဆောက်မှုကို ခေတ္တလေ့လာ ကြည့်ရှုရပါသည်။

တံတားဦးမြို့ကို ဖြတ်ကျော်သွားသောအခါ မြို့ပြယဉ်ကျေးမှုနှင့် ကျေးလက်ယဉ်ကျေးမှုတို့၏ ရောနှောနေမှုကို စတင်တွေ့ရှိလာရ၏။ မြို့၏ အလယ်လောက်တွင်သာ ဘီယာ၊ ကဖေးဆိုင်အချို့ တွေ့ရပြီး မြို့အစွန်မှ ကျနော်တို့ တာဝန်ကျသည့် ဆီမီးခုံသွားလမ်း တလျှောက်တွင် နွားချေးနံ့ တသင်းသင်း၊ တောပန်းရနံ့ တလှိုင်လှိုင်နှင့် ပျံ့သင်းနေသော လေကို ရှုရှိုက်ရပါပြီ။ ယာမြေသီးနှံ တို့၏ အနံ့လော၊ အလေ့ကျပေါက်သော အပင်တို့မှ ရနံ့လော မသိပါ။ တောင်ပေါ် လေနှင့်တော့ မတူ၊ တမျိုးခံစား ရှုရှိုက်ရပါသည်။ ရံဖန်ရံခါ တောစံပယ်ပန်းလေးများ၏ မွှေးရနံ့ကို ရှုရှိုက်ရပါ သည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိတစ်ဦး)

Read More...

Monday, July 21, 2008

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၃၈)

မည်သို့ပင် ဆိုစေကာမူ ကျနော်သည် စစ်တက္ကသိုလ်၏ စီနီယာဗိုလ်လောင်း ဖြစ်လာသည့်နည်းတူ ဂျူနီယာ ဗိုလ်လောင်းတို့အပေါ် ကောင်းသော စံနမူနာပြနိုင်အောင် ကြိုးစားပါ၏။ မဟုတ်တာ လုပ်ချင်သည့် စိတ်ပေါ်လာသည့်တိုင် ဂျူနီယာတို့ မမြင်အောင် ဖုံးဖိလုပ်ကိုင်၍ မကောင်းသော အတတ်ကို မသင်ပြပါ။ မည်သို့ပင် ဆိုစေကာမူ ကျနော်သည် စစ်တက္ကသိုလ်၏ စီနီယာဗိုလ်လောင်း ဖြစ်လာသည့်နည်းတူ ဂျူနီယာ ဗိုလ်လောင်းတို့အပေါ် ကောင်းသော စံနမူနာပြနိုင်အောင် ကြိုးစားပါ၏။ မဟုတ်တာ လုပ်ချင်သည့် စိတ်ပေါ်လာသည့်တိုင် ဂျူနီယာတို့ မမြင်အောင် ဖုံးဖိလုပ်ကိုင်၍ မကောင်းသော အတတ်ကို မသင်ပြပါ။ ကောင်းသော အတတ် အလေ့အကျင့်ကိုတော့ အားလုံးကို မျှဝေပါသည်။ စာဖတ်ခြင်း၊ ကောင်းသော စာဖတ်ခြင်း၊ အကျိုးရှိသော စာအုပ်၊ အကျိုးမဲ့သော စာအုပ် စသည်တို့ ဖြင့် ညီငယ် ဂျူနီယာများအတွက် အကျိုးရှိဖွယ် အကြောင်းတို့ကိုသာ သင်ကြားပေးခဲ့၏။ ကျနော် ၏ ဂျူနီယာ ဗိုလ်လောင်း သင်တန်းများမှ ဆင်းသော အရာရှိ အများစုသည် ကျနော် အမြဲပြောလေ့ ရှိသော စကားတစ်ခွန်းကို သူတို့ ကောင်းကောင်း မှတ်မိနေကြမည် ထင်ပါသည်။ “မျက်တောင် မွှေးတဆုံးမကြည့်နဲ့။ မျက်စိတဆုံးကြည့်ပါ” ဟူ၍ ကျနော် အမြဲပြောလေ့ ရှိခဲ့ပါသည်။ တိုင်းပြည်၏ လက်ရှိ ဖြစ်ပျက်နေပုံများကို မြင်အောင်ကြည့်၍ သိအောင် ကြိုးစားတတ်ရန် နီးစပ်သူများကို ကျနော် အမြဲတမ်း ပြောလေ့ရှိခဲ့ပါသည်။ ကိုယ့်လူ၊ ကိုယ့်ပြည်တွင်း၏ အခြေအနေကို သိမှ ကိုယ့် နိုင်ငံ ဘာတွေလိုအပ်နေသည်။ ဘာတွေမလိုအပ်ပါ။ ခွဲခြားသိလာနိုင်မည် ဖြစ်ကြောင်း၊ ဘယ် အရာကို မဆို အခြေခံကျကျ စဉ်းစားတတ်မှ နောင်ရေးဆိုတာကို ကြိုတွက်နိုင်မည် ဖြစ်ကြောင်း ကျနော် တတ်စွမ်းသရွေ့၊ နားလည်သရွေ့ ရှင်းလင်း ဟောပြောခဲ့ပါသည်။

ကျနော် စီနီယာတန်း ရောက်လာချိန်တွင် တရားမ၀င် ပြစ်ဒဏ်ပေးခြင်းကြောင့် ဆေးရုံတက်ရသူ၊ အရေးပေါ်ခန်းတွင် တက်ရောက် ကုသခံရသူဟူ၍ အတော်ကြီးကျယ်သည့် ပြဿနာများ ပေါ်လာ ခဲ့သည်။ ကျနော့်လို ကိုယ် ဂျူနီယာဘ၀က ခံခဲ့ရသော်လည်း စီနီယာ ဖြစ်လာသောအခါ ကိုယ်ချင်း စာ စိတ်ဖြင့် မထိုးမကြိတ် မညှဉ်းဆဲပဲ သမာ သမတ်ကျကျ နေသော ဗိုလ်လောင်းများ ရှိသကဲ့သို့ တူဖြစ်တုန်း နှံသော ဗိုလ်လောင်းများလဲ ရှိသေး၏။

ဂျူနီယာတစ်ဦး သေလုမျောပါး ထိုးကြိတ်ခံရပြီး ဆေးရုံတက်၊ ဆေးစစ်ချက်တွေယူ၊ အထက်စစ် ရုံးချုပ်၊ လေ့ကျင့်ရေးဌာန အထိတင်မှ အားလုံး ပျူးပျူးပျာပျာ ဖြစ်ကုန်၏။ စစ်တက္ကသိုလ် ဒီလောက်ထိ အခြေအနေတွေ ဆိုးနေလားဆိုပြီး စုံစမ်းရေး အဖွဲ့တွေဖွဲ့၊ အမှုတွေစစ်၊ အရေးယူမှု တွေ၊ ကျောင်းထုတ်ပစ်တာတွေ လုပ်လာရတော့၏။ စောစောစီးစီး ကတည်းက တားမြစ်မိန့်ကို တိကျစွာ ထုတ်ပြီး လိုက်နာမှု မရှိက ထိရောက်သော ပြစ်ဒဏ်သာ ချမှတ်ခဲ့ပါက ဤမျှ သေလု မျောပါး အထိ ပြဿနာ ကြီးထွားလာစရာ အကြောင်းမရှိပါ။ ယခုသော်မှ အသည်းအသန် အလုပ် ရှုပ် ကြတော့၏။

တစ်ရက်တွင် ခန်းမကျယ်ကြီးထဲ ဗိုလ်လောင်းအားလုံး (စီနီယာများသာ ခေါ်၍) အစည်းအဝေး ကျင်းပကာ အမိန့်ထုတ်ပြန်၏။ နည်းပြ အရာရှိများကလည်း ဟောပြော၏။ တရားမ၀င် ပြစ်ဒဏ် မပေးကြရန်နှင့် တွေ့ရှိက ပြစ်ဒဏ်ချမှတ်မည် ဖြစ်ကြောင်း ဟောပြော၏။ နည်းပြများ ဟောပြောပြီး သော် စီနီယာထဲမှ ကျနော့်အား ပြောခိုင်း၏။

ကျနော်ကတော့ ရှည်ရှည်ဝေးဝေး အကျယ်ချဲ့မပြောခဲ့ပါ။ ကိုယ်မကြိုက်ခဲ့သော ခံစားချက်ကို သူတပါး မခံစားစေရရန် ကိုယ်ချင်းစာဖို့ပြောပြီး စီနီယာအားလုံး တိုက်တွန်းကြောင်း၊ တောင်းပန် ကြောင်း၊ တားမြစ်ပါကြောင်း ဤသို့သာ ပြောခဲ့၏။ နောက်ပိုင်းတွင် ထိုးကြိတ်ခြင်းကြောင့် ဖြစ် ပေါ်သော အမှုအခင်း မကြားရတောပေ။ တကယ်ပဲ မထိုးကြိတ် ကြတာလား၊ အထိုးခံရသူကပဲ အာချောင်သည့် စာရင်းအ၀င်မခံလို၍ ရေငုံနှုတ်ပိတ် နေကြသည်လား မပြောတတ်ပါ။

ထိုအချင်းအရာများကို လေ့လာမိ၍ ကျနော်အသိတစ်ခု တွေးမိပါသည်။ အစဉ်အလာတစ်ခု ဆိုသည်ကို မျိုးရိုးစဉ်ဆက် (သို့မဟုတ်)သင်ပြသူနှင့် သင်ယူသူ (သို့မဟုတ်)လူ့ယဉ်ကျေးမှု ကူးစက်ခြင်း စသည့်အကြောင်း အချက်များကြောင့် ချက်ချင်းလက်ငင်း ဖြတ်ချ ပပျောက်ပစ်ရန်မှာ ခဲယဉ်းသည့် အကြောင်းပင်ဖြစ်သည်။

ကောင်းမွန် မြင့်မြတ်သော အစဉ်အလာ ထုံးတမ်းချည်းပဲ ရှေးလူတို့က သင်ကြားပြသ ခဲ့လျှင် ပြဿနာ မဟုတ်၊ ပိုမိုယဉ်ကျေးပြီး၊ ပိုမိုမွန်မြတ်သော မျိုးဆက်သစ်တို့သာ ဆင့်ကဲ ပေါ်ထွန်းလာ နိုင်၏။

ငုပ်လျှိုးနိမ့်ပါးဖွယ် မကောင်းသော စရိုက်၊ အတွေးအခေါ် နည်းလမ်းတို့သည် အစဉ်အလာသဖွယ် နှောင်းလူတို့ အတုယူဖွယ် ဖြစ်ခဲ့သော် ထိုအတုကို ယူသော၊ ထိုထုံးတမ်းကို လိုက်နာကျင့်သုံးသော လူတို့ (တိုင်းသူ ပြည်သားတို့) ဆုတ်ယုတ်ခြင်း မလွဲမသွေ ဖြစ်လာတော့မည်။

ကျနော် ကျယ်ကျယ်ကြီး လျှောက်တွေးမိ၍ စစ်တက္ကသိုလ် အပတ်စဉ် နောင်လာမည့် အစဉ် အဆက်များ အတွက်လည်း စိတ်ပူမိသည်။ တိုင်းပြည် တပြည်လုံးနှင့်လဲ ယှဉ်ပြီး အနာဂတ်အရေး ရင်လေးလာမိသည်။

ကျနော် တတိယနှစ် ဗိုလ်လောင်းဘ၀ ရောက်မှ ရေဒီယိုကို စတင်နားထောင် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ပနှစ်၊ ဒုနှစ်တွင် လျှပ်စစ်ပစ္စည်းဟူ၍ ဘာမှ သုံးစွဲခွင့်မရှိ (တတိယနှစ်၊ စတုတ္ထ နှစ်တွင်လည်း သုံးခွင့်မရှိပါ။ စီနီယာဆိုပြီး နည်းပြအုပ်ချုပ်သူများ အလစ်တွင် ခိုးဝှက် သုံးရခြင်း ဖြစ်ပါသည်) စာအုပ်စာပေ ဖတ်ရှု လေ့လာရင်းမှ ကျနော်သည် ကမ္ဘာသုံး ဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာကို အတော်ပင် ညံ့ဖျင်းနေကြောင်း သိရှိလာရ၏။ စာအုပ်စာပေချည်း ဖတ်နေ၍ မရ၊ အကြား အာရုံနှင့်လည်း ကမ္ဘာနှင့် အကျွမ်းဝင်ရန်၊ အင်္ဂလိပ်သတင်း အစီအစဉ်များ နား ထောင်ရန် ရေဒီယို၊ ကက်စက်ငယ်ကို မိဘများထံ နားပူနားဆာလုပ် တောင်းခံရလေ၏။

ဖခင်ပို့ပေးသော ရေဒီယိုကက်စက်ကို ဟိုကလိ၊ သည်ကလိရင်းမှ နိုင်ငံခြားမှ အသံလွှင်သော မြန်မာ အစီအစဉ်များကို ကောင်းစွာ သိရှိလာပါသည်။ နောက်ပိုင်းတွင် ကမ္ဘာ့သတင်းများ၊ မြန်မာ့ လတ်တလော သတင်းများကို ကြားသိလာရရာမှ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို တစိတ် တဒေသကို သိရှိကြားမှတ် လာရ၏။ ပိုမိုစိတ်ဝင်စားလာ၏။

ဤတွင်မှ မြန်မာ့နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေသော အခြေအနေကို လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုအပြီးတိုင် ဖြိုခွဲဖျက်ဆီးရန် ကြံရွယ်နေသည်ကို လည်းကောင်း သိရှိလာရတော့၏။ ကျနော်တို့၏ စစ်ခေါင်းဆောင်များ ကတော့ ကျနော်တို့ကို နိုင်ငံရေးနှင့် ပတ်သက်၍ ဘာမှလဲ မပြော၊ ဘာမှလဲ မသင်ပေး၊ အနာဂတ် နိုင်ငံတွင် စစ်တပ်၏ကဏ္ဍ ထွန်း တောက်ရေး၊ လွှမ်းမိုးရေးကိုသာ ဇောင်းပေးသင်ကြား ပို့ချသည်။

ယင်းတို့ သင်ကြား ၀ါဒဖြန့်ချက် တစ်ခုကို အမှတ်ရပါသေးသည်။ မြန်မာပြည်သူ ပြည်သားတို့နှင့် လွတ်လပ်စွာ အုပ်ချုပ်သည့် ဒီမိုကရေစီတို့ မတန်သေးသည့် အကြောင်း၊ မြန်မာတို့သည် သွေးဆူ လွယ်သည့် အတွက် ထူးချွန် ထက်မြက်သည့် စစ်ခေါင်းဆောင်များ လက်အောက် တွင်သာ တိုင်းပြည် စည်ပင် သာယာဝပြောနိုင်ကြောင်း များကို အလောင်းဘုရားခေတ်၊ ကျန်စစ်သား၊ အနော်ရထာ စသော အင်ပါယာ ရှေးဟောင်း ဘုရင်ခေတ်မှ ပဒေသရာဇ်ပုံစံကို အမွှန်းတင်၍ ယနေ့ မြန်မာနိုင်ငံကိုလည်း စစ်အစိုးရမှ မအုပ်ချုပ်လျှင် တိုင်းပြည်သည် အချိန်မရွေး သူ့ကျွန် ဖြစ်သွားမည့် အကြောင်း အပ်ကြောင်းထပ်မျှ ပြောလာခဲ့သည့် အတွက် ကျနော်တို့မှာ နားပင်ထူ လာသည်။

ကျနော် ရေဒီယိုကို အချိန် အားလပ်သရွှေ့ နားထောင်ပါသည်။ သတင်းများကို အမြဲမပြတ် နားစွင့် ပါသည်။ သတင်းနားမထောင်၊ စာမဖတ်သူတို့ကတော့ စစ်တပ်၏ ရာထူးများအကြောင်း၊ နေရာ များအကြောင်း၊ အခွင့်အရေးများ အကြောင်း၊ ထောက်လှမ်းရေး တပ်သို့ မရရအောင်ပြောင်းဖို့ အခုကတည်းက အကွက်ချ စီမံရေးစသော အနာဂတ် အစီအစဉ်များကို ဆွေးနွေး တိုင်ပင် နေကြ၏။ ထိုသူတို့ထဲတွင် ဆွေကြီးမျိုးကြီး သားများနှင့် အလွန်ပင် ထိပ်ဆုံး ရောက်လိုသူ ဗိုလ်လောင်းများ ပါဝင်ပါ၏။ ကျနော်ကား မည်သူ၏ စကားကိုမျှ မထောက်ခံပါ။ ၀င်ရောက်၍လည်း မဆွေးနွေးပါ။

ကမ္ဘာ့ နိုင်ငံသမိုင်းစာအုပ်များကိုသာ ရှာဖွေဖတ်ရှုနေမိပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစားတပ်မတော် အရာရှိ တစ်ဦး)

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာဆောင်






ရဲရင့် ဘလော့မှ ကူးယူဖေါ်ပြသည်

Read More...

Friday, July 18, 2008

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၂)

Read More...

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၃)

Read More...

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၄)

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၄)

Read More...

တပ်မတော်သား သမဂ္ဂ

နအဖတပ်တွင်းမှာ တပ်မတော်သားတွေရဲ့ဘ၀ နုံချာစုတ်ပြတ်လွန်းပြီး အတွေးအခေါ်တွေ ဖျက်ဆီးခံရတာမျိုး အနာဂတ်မြန်မာနိုင်ငံတပ်မတော်မှာ မဖြစ်စေဖို့ အရေးကြီးလှပါတယ်။ တပ်မတော်သားတွေ မတရားသွေးစုတ်ချယ်လှယ်ခံရတာ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အဖြည့်ခံ၊ အသုံးချခံ ဖြစ်ရတာမျိုး မဖြစ်ဖို့နဲ့ နိုင်ငံကာကွယ်ရေး၊ စစ်ရေးမဟုတ်တဲ့ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးအတ္တ လိုက်စားအကျင့်ပျက်မှုကို တိုက်ဖျက်ဖို့ နည်းနာတွေ ရှာကြံကျင့်သုံးရမှာဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် နောင်တချိန် မြန်မာ့တပ်မတော်အတွင်းမှာ နိုင်ငံတကာ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်သား သမဂ္ဂ (၀ါ) စစ်အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတည်ထောင်ဖို့စဉ်းစားသင့်ပါတယ်။

ဆက်လက်ဖက်ရှုပါရန်

ဖိုးတရုတ် (စည်းလုံးချင်းရဲ့အင်အား) ဘလော့မှ ကူးယူဖေါ်ပြပါသည်

Read More...