Friday, May 30, 2008

နိုင်ငံအတွက်ရင်နာတယ်










Read More...

လူမဆန်တဲ့ဗိုလ်သန်းရွှေ အကြောင်းတစေ့တစောင်း


VOA မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Read More...

Saturday, May 24, 2008

ကွမ်းခြံကုန်းမြို့နယ် ရေတိမ်ကျေးရွာမှ လေဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှု ခရီးစဉ်(၁၆.၀၅.၀၈)




Read More...

Thursday, May 22, 2008

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထူးကြေညာချက် -၁၂/၀၅/၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ် မေလ (၂၁) ရက်
၁၃၇၀ ခုနှစ် ကဆုန်လပြည့်ကျော် (၂) ရက်

အထူးကြေညာချက် - ၁၂/၀၅/၀၈
မြန်မာနိုင်ငံတွင် မကြုံစဖူး အပြင်းထန်ဆုံးသော နာဂစ် မုန်တိုင်းကြီး ဒဏ်အား ကယ်ဆယ်ရေး ဟူသည့် အမျိုးသားရေး အကျပ်အတည်းကြီးကို ပံ့ပိုး ကူညီဖြေရှင်းပေးရန် ရောက်ရှိလာမည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လှိုက်လှဲစွာ ကြိုဆိုလိုက်ပါသည်။

နာဂစ်မုန်တိုင်းကြီး ဒဏ်ကြောင့် မယုံနိုင်လောက်အောင် မရှုမလှ သေကြေပျက်စီးသွားသော ဒေသများမှ ပြည်သူများအား ယနေ့ထိတိုင် ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ထိထိရောက်ရောက် ပြည့်ပြည့်၀၀ မဆောင်ရွက် နိုင်သေးသည်ကို တွေ့မြင်ကြားသိ နေရပါသည်။ ငွေကြေးအင်အား၊ ပစ္စည်းအင်အား နှင့် ကျွမ်းကျင်မှုအင်အား မပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် မုတ်သုန်ရာသီ ၀င်ရောက်လာမှု တို့ကိုပါ ကြုံတွေ့နေကြပြန်ရာ ကလေးငယ် အများစု အပါအ၀င် သန်းနှင့်ချီသော ပြည်သူများမှာ ရက်ပိုင်းအတွင်း ကြုံတွေ့လာရနိုင်သော မုန်တိုင်း၏ နောက်ဆက်တွဲ ကပ်ရောဂါဆိုးများ ကျရောက်ကာ အသက် ဆုံးရှုံးရမည့် ရက်ကို စောင့်ဆိုင်း နေရသလို ဖြစ်နေပါသည်။

ထို့အပြင် မုန်တိုင်းဒဏ်သင့် ဒေသများမှာ မြန်မာနိုင်ငံ၏ အသက် သွေးကြောဖြစ်သော ဆန်စပါးနှင့် ရေထွက်ပစ္စည်းများ အများဆုံးထွက်ရှိရာ ဒေသများ ဖြစ်နေပြန်ပါသည်။ ထိုဒေသ များကို အမြန်ဆုံး ပုံမှန် ပြန်ဖြစ်လာအောင် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကယ်ဆယ်ခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ထူထောင်ခြင်းတို့သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် "သေရေး ရှင်ရေးတမျှ" အရေးကြီးလှပါ သည်။

လူသန်းပေါင်းများစွာတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ကို ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကယ်တင်ရေး ဟူသော အလွန်ကြီးမားလှသည့် ယင်းလုပ်ငန်း တာဝန်ကြီးမှာ လူတစ်ဦး တစ်ယောက်တည်းဖြင့် ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုတည်းဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ တည်းဖြင့် ဖြစ်စေ၊ ဒေသန္တရဆိုင်ရာ အသင်းအဖွဲ့ တစ်ခုတည်းဖြင့် ဖြစ်စေ၊ ဆောင်ရွက်၍ လုံးဝ ရနိုင်မည်မဟုတ်ပါ။

သို့ဖြစ်၍ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မေတ္တာတရား၊ ဂရုဏာတရားများ ရှေ့ထားကာ ငွေကြေးအင်အား၊ ပစ္စည်းအင်အား၊ စက်ကိရိယာ အင်အားနှင့် ကျွမ်းကျင်မှု လူအင်အား စသည်တို့ဖြင့် လူသားချင်း စာနာထောက်ထား၍ စီးပွားရေးကပ်ဘေး၊ ကပ်ရောဂါဘေးနှင့် အခြားအခြားသော ဘေး အသီးသီးတို့မှ လွတ်မြောက်အောင် အမြန်ဆုံးပါဝင် ကူညီ ကြပါရန်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒုက္ခ ပင်လယ်ဝေနေသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတို့အပေါ် အစွမ်းကုန် ကူညီပံ့ပိုး ဖြေရှင်းပေးပါရန်တို့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အလေးအနက် မေတ္တာ ရပ်ခံလိုက်သည်။

၂၀-၅-၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့

ကြေညာချက်မူရင်း


Read More...

Friday, May 16, 2008

တပ်မတော်သားများသို့ ဗိုလ်မှူးအောင်လင်းထွဋ်၏ပေးစာ

တပ်မူးကြီး/ငယ်များသို့

တပ်မတော်သားအပေါင်းတို့ခင်ဗျား……..

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိုက်မဲမှု၊ ယုတ်မာမှုမုန်တိုင်းကို ကြိုတင်ကာကွယ်ဖို့အတွက် ယနေ့ နိုင်ငံတကာက စီစဉ်ဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ပါ။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ဆက်လက် မိုက်မဲနေမည် ဆိုရင် ရက်ပိုင်းအတွင်း ခင်ဗျားတို့ထံ နိုင်ငံတကာက ကူညီရေး အဖွဲ့အစည်းများ ရောက်ရှိလာပါလိမ့်မည်။

ကျနော်တင်ပြချင်တာက ၎င်းတို့ရောက်တဲ့အခါ ပူးပေါင်းပြီး အကူအညီပေးပါ အန္တရာယ်မပြုပါနှင့်။ ခင်ဗျားတို့ရဲ့ မိတ်ဆွေများသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် လာရောက် ကူညီသူများ ဖြစ်ပါသည်။ ဒါကလည်း ခင်ဗျားတို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖယ်ရှားမပစ်နိုင်လို့ နိုင်ငံတကာက ၀င်ရောက်ကူညီတာပါ။ ခင်ဗျားတို့ကို အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး။ ကယ်တင်ရှင် တွေလို့မှတ်ပါ။

တကယ်လို့ အန္တရာယ်ပြုဖို့ ဗိုလ်ချုပ်မှူးကြီးတွေက အမိန့်ပေးရင် မလိုက်နာကြပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားတို့ရဲ့မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်ကြလိမ့်မည်။ ၁၉၉၉ ခုနှစ်က kosovo အရေးအခင်းကြောင့် ဆာဗီးယား သမ္မတ မီလိုဆိုဗစ်ရဲ့ ဘဲဂရိတ်မြို့ ဘယ်လိုဒုက္ခမျိုးနဲ့ ကြုံခဲရတယ်ဆိုတာကို သတိပေးလိုတယ်။ အခုဘဲ “နေပြည်တော် ”ဖွတ်ဖွတ်ညက်ညက် ကြေသွား လိမ့်မယ်။

ဒါ့ကြောင့် မတရားတဲ့ အမိန့်ကို မနာခံဖို့ တပ်မတော်သားများနဲ့ တပ်မှုးကြီး၊ ငယ် အပေါင်းကို မေတ္တာ ရပ်ခံ လိုတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်

အောက်တွင်မူရင်းစာအတိုင်း ဖတ်နိုင်ပါသည်


Read More...

Tuesday, May 13, 2008

ဘိုကလေးမြို့နယ်များမှ နာဂစ် မုန်တိုင်း ဓါတ်ပုံများ



ဝိမုတ္တိဘလော့မှ ကူးယူဖေါ်ပြသည်

Read More...

Saturday, May 10, 2008

နာဂစ် ဓါတ်ပုံများ

Read More...

Thursday, May 8, 2008

အမေရိကန် ကူညီရေး လေယာဉ်များ နအဖ ခွင့်ပြုလိုက်ပြီ

မေလ ၈ ရက်နေ့ ညနေတွင် နအဖ စစ်အုပ်စုက နာဂစ် မုန်တိုင်းဒဏ်မှ အသက်ရှင် ကျန်နေသူများအား ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့မည့် အမေရိကန် စစ်လေယာဉ်များအား ခွင့်ပြုလိုက်ကြောင်း ထိုင်းတပ်မတော်က ပြောကြားလိုက်သည်။
“အမေရိကန် လေယာဉ်တွေ ခွင့်ပြုဖို့ မြန်မာအစိုးရကို ကျနော်တို့ ပြောပေးလိုက်တာပါ၊ အခုပဲ သူတို့ သဘောတူလိုက်ပြီ” ဟု ထိုင်း စစ်သေနာပတိချုပ် Boonsrang Niumpradit က ပြောခဲ့သည်။ အမေရိကန် သံရုံးအရာရှိကလည်း ဤဆုံးဖြတ်ချက် ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။

နအဖ အရာရှိတဦး၏ ယနေ့ ပြောကြားချက်အရ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ယခုထိ သေဆုံးသူ ပေါင်းမှာ ၈၀,၀၀၀ ကျော်ပြီဖြစ်ကြောင်း ရွာလုံးကျွတ် ပျောက်ကွယ်သွားမှုများမှာလည်း မနည်းလှကြောင်း ထုတ်ဖော် ၀န်ခံနေရပြီ ဖြစ်သည်။
နအဖ ခွင့်ပြုချက် မရရှိသေးသဖြင့် ရိက္ခာပစ္စည်းများ တင်ဆောင်ထားသည့် ကယ်ဆယ်ရေး လေယာဉ်များသည် ထိုင်း၊ ဘင်္ဂလားဒက်ရှ်၊ ဒူဘိုင်း နိုင်ငံများတွင် စောင့်ဆိုင်းနေကြရသည်။

Read More...

Natural Disasters in Burma (Compiled by Vimutti)

Updated: May 8, 2008



Read More...

ဗိုလ်မှူးအောင်လင်းထွဋ္ဋ်၏ အရေးပေါ် ပေးစာတစောင်

ဗိုလ်မှူးအောင်လင်းထွဋ်


သို့
ဦးကျော်တင့်ဆွေ
ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်
နယူးယောက်မြို့
၇. ၅. ၀၈
ဦးကျော်တင့်ဆွေခင်ဗျား၊
မြန်မာနိုင်ငံရဲ့ ကျရောက်နေတဲ့ ဘေးဒုက္ခကို နိုင်ငံရေးကို ဘေးဖယ်ပြီး လူမှုရေးကို ရှေ့ရှုပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခင်ဗျားအစွမ်းကုန် ကူညီဖို့ လိုနေ ပါသည်။ နိုင်ငံတော်အကြီးအကဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ခင်ဗျားရော ကျွန်တော်ရော ကောင်းကောင်းသိပါသည်။ “ မင်းတို့ အမင်္ဂလာသတင်းတွေ ငါမကြားချင်ဘူး” လို့ ဗိုလ်ချုပ်သန်းရွှေ ပြောခဲ့ တာကို၊ ယခုအချိန်မှာ ခင်ဗျားတို့ ဒီစကားကို နာခံဖို့မသင့်တော့ပါဘူး။

အထူးသဖြင့် အမေရိကန်နိုင်ငံက ကမ်းလှမ်းတဲ့ အကူအညီ အားလုံးကို လက်ခံဖို့၊ ပြည်ဝင်ခွင့် ရဖို့ အတွက် တာဝန်ရှိသူတစ်ယောက် အနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံ အကြီးအကဲတွေကို နားဝင်အောင် အမြန်ပြောဖို့လိုပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ သဘောထားမတူပေမဲ့ လူမှုရေးမှာ တက်ညီ လက်ညီ လုပ်ရလိမ့်မည်လို့ ယုံကြည်ပါသည်။

အခုမြန်မာလူမျိုးတွေ သောင်းနဲ့ချီပြီး သေဆုံးခဲ့ပြီ ဖြစ်ပါသည်။ သန်းနဲ့ချီပြီး ဒုက္ခရောက်နေကြတယ်။ ဒါတွေကို ခင်ဗျားတို့ လစ်လျှူရှုပြီး သေချင်သေ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ကုလသမဂ္ဂမှာ တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ နိုင်ငံတကာနဲ့ မြန်မာအစိုးရကြားမှာ သံတမန်တစ်ဦး အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရရှိအောင် အမြန်ဆုံး ညှိနှိုင်းပေးပါ။ နိုင်ငံတကာ ကယ်ဆယ်ရေး Exports တွေ ပြည်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးပါ။ US က ကယ်ဆယ်ရေး Team ကို ကူညီဖို့ ၀င်ခွင့် ရအောင် သက်ဆိုင်ရာကို ပြောပေးပါ။

ကျွန်တော့်ဘက်က အကူအညီ လိုမယ်ဆိုရင်လဲ ပြောပါ။ ခင်ဗျားဟာ သံတမန်လောကမှာ ငယ်စဉ် ကတည်းက ကြိုးစားခဲ့ပြီး ရိုးသားတည်ကြည်တဲ့သူ တစ်ဦးအဖြစ် ကျွန်တော်သိပြီး လေးစားတဲ့အတွက် စာရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဗိုလ်မှူးအောင်လင်းထွဋ်
သံရုံးယာယီတာဝန်ခံ (အငြိမ်းစား)
ဝါရှင်တန်မြို့

ဗိုလ်မှူးအောင်လင်းထွဋ်၏ မူရင်းစာ


Read More...

အထူးကြေညာချက်

Read this doc on Scribd: NLD Special Statement 9-05-2008


Read this doc on Scribd: NLD Special statement 9-05-08(Eng)

Read More...

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၃၆)

စီနီယာ ဖြစ်လာသည်နှင့်အမျှ အနေအထိုင် သပ်ရပ်စွာ နေတတ်လာသည်။ ခေါင်းမှဆံပင်ကို ဆီရွဲနေအောင် လိမ်း၍ လူပျိုသွေးကြွတတ်လာပြီ။ မိန်းကလေးများကို စိတ်ဝင်စားတတ်လာပြီ။ စူးစမ်း ချင်လာပြီ။

ကျနော်တို့ နေ့စဉ် တွေ့မြင်နေရသော ဣတ္တိယဆိုသည်မှာ တပ်တွင်းမုန့်ဆိုင် (ဗျူဟာဆိုင်ဟုခေါ်သည်) တွင် ဈေးရောင်းသော ဗိုလ်မှူးတစ်ဦး၏ သမီးများနှင့် စားရိပ်သာဘေး ခြုံနွယ်ပိတ်ပေါင်း များအထဲတွင် အော်ဟစ် ဈေးရောင်းနေကြသော စစ်သည်သမီးများသာ ရှိပါသည်။ အညှီရှိရာ ယင်အုံ ဆိုသကဲ့သို့ မိန်းမချောလေး များရောင်းသော ဆိုင်သည် ဈေးနှုန်းတန်သည် ဖြစ်စေ၊ မတန်သည် ဖြစ်စေ၊ စားကောင်းသည် ဖြစ်စေ၊ စားမကောင်းသည် ဖြစ်စေ၊ ဗိုလ်လောင်းများ အုံခဲ၍ ၀ယ်ယူခြင်းကြောင့် စောစီးစွာ ရောင်းကုန်မြဲ ဖြစ်သည်။ ထို့ကြောင့် စစ်တက္ကသိုလ်တွင် သမီးချော မွေးထားသူ စစ်သည်များ စားဝတ်နေရေးအတွက် ပူစရာမလိုဟု ဆိုနိုင်ပါသည်။ မိန်းမချောလေးများ မြင်လျှင် ငေးတတ်ငမ်းတတ်သော ဗိုလ်လောင်းများထဲတွင် ကျနော်လဲ ပါပါသည်။ ကျနော် ရဟန္တာမဟုတ်ပါ။ သို့သော် ဇာတ်လမ်းတို့၊ မှတ်တမ်းတို့တော့ တစ်ခုမှ မဖြစ်ခဲ့ပါ။ ဤသို့ဖြင့် တတိယနှစ်သို့ပင် ကူးပြောင်းတော့မည်။

Excursion (ခေါ်) (ကျနော်တို့ ဗိုလ်လောင်းအချင်းချင်း အခေါ်ကတော့ အိပ်စားကားစီး) လေ့လာရေးခရီး များကလည်း တစ်နှစ်ကို တကြိမ်ထွက်ရသည်။ ပထမနှစ်တုန်းကတော့ ပုဂံ ညောင်ဦးသို့ ဘုရားဖူးခရီး ထွက်ရသည်။ ထိုအချိန်တွင်မှ ကျနော်ပုံဂံသို့ ပထမအကြိမ် ရောက်ဖူးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က လေ့လာ ရေး ဘုရားဖူးခရီးစဉ် (၁၀)ရက်တာသည် လွန်စွာ ပျော်ရွှင် ကြည်နူးဖွယ် ကာလများ ဖြစ်ခဲ့ပါ၏။ အပတ်စဉ် တစ်ခုတည်းသာ ဖြစ်သောကြောင့် အနည်းငယ် လွတ်လပ်သော်လည်း နှစ်ကျစီနီယာ (ရပီတာ) များကြောင့် အနေအထိုင် လွတ်လပ်မှု ရှိသင့်သလောက် မရှိခဲ့ပါ။ သို့သော် ဘုရားပွဲတော် ကာလများတွင် ဗိုလ်လောင်း ယူနီဖောင်းများ ကြွားကြွားဝင့်ဝင့်ဖြင့် လူပရိသတ် ကြားထဲတွင် ဟန်နှင့်ပန်နှင့် ရှိနေခဲ့ပါသည်။ (ဥပမာ ပြောရလျှင် ဖနောင့်သံဆူး၊ နွားရေကူး ပုံစံဆိုသကဲ့သို့ပါ။ ဖနောင့်သံဆူးလျှင် ခြေဖနောင့်ကမြောက်နေပြီး မြောက်ကြွ မြောက်ကြွနှင့်။ နွားရေကူးသောအခါ ဘယ်လို ကူးပါသလဲ။ ခေါင်းလေး မော့တော့ မော့တော့၊ ယက်ကန် ယက်ကန်နှင့် ဟန်ပန် ဘယ်လိုပုံစံမျိုး တွေးမိပါသလဲ။ ထိုပုံအတိုင်းပင် မှတ်ပါ)

ပျော်ကြပါသည်။ ရွှင်ကြပါသည်။ ကျောင်းဝင်းအတွင်း ပင်ပန်းခဲ့သမျှတို့ ပြေပျောက်သကဲ့သို့ ရှိပါသည်။ ထိုပထမနှစ် လေ့လာရေး ကာလသည် လေ့ကျင့်ရေးကာလ ပင်ပန်းသည့် ကြားမှ ထွက်လာခဲ့သောကြောင့် ကျနော်တို့အတွက် အပန်းဖြေ အနားယူစရာစစ်စစ် ဖြစ်ခဲ့ပါသည်။ အလွန်ကြမ်းတမ်းသော မြန်မာပြည်မှ လမ်းများပေါ်တွင် (တရုတ်ပြည်မှ အကြွေးဖြင့်ဝယ်ထားသော AEOLOUS) စစ်ကားသစ်ကြီးများကို စီးပြီး လမ်းဘယ်လောက် ကြမ်းကြမ်း၊ ကားဘယ် လောက်ခုန်ခုန် ကျနော်တို့ရအောင် အိပ်ပါသည်။ ကားပေါ်တွင် သေတ္တာများ ပါလာသောကြောင့် သေတ္တာများပေါ်တွင်ဖြစ်သလို အိပ်လိုက်ကြခြင်း ဖြစ်ပါသည်။ မတ်တပ်ရပ် လမ်းလျှောက်ရင်းပင် ရအောင်အိပ်ခဲ့သော ကျနော်တို့မှာ ကျောတခင်းစာရသော ဤကားခုန်ခုန်သည် ကျနော်တို့ အတွက် အင်မတန် ဇိမ်ရှိသော မွေ့ရာမာမာကဲ့သို့ ဖြစ်ပါသည်။ အိပ်ရေးဝလွန်း၍ ထင်ပါသည်။ ပထမနှစ် လေ့လာရေး ခရီးစဉ်ကာလအတွင်း ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် ကျနော်သည် ပြည့်ဖောင်း သော မျက်နှာပုံပန်းရှိသည်ကို တွေ့ရပါ၏။

ဒုတိယနှစ်ကာလ လေ့လာရေး ခရီးစဉ်သည် မင်းလှ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ ပြည်၊ ဆင်တဲ၊ ညောင်ခြေထောက် စသော နိုင်ငံအလယ်ပိုင်းရှိ ရေနံချက်စက်ရုံများ၊ စက်မှုအလုပ်ရုံများ၊ ရှေးမြန်မာမင်း လက်ထက်က ခံတပ်များ၊ မြစ်ရေတင် စီမံကိန်းကြီးများ၊ လက်နက်ခဲယမ်း မီးကျောက် စက်ရုံများကို လိုက်လံ လေ့လာကြည်ရှုရ၏။ ခရီးစဉ်က တနေရာစီမို့ ရောက်သော နေရာတွင် ခဏတာ လေ့လာ၊ ပြီးရင် ဆက်ထွက်၊ နောက်တနေရာရောက်၊ တောက်လျှောက် မောင်းနှင်သွားလာ ရသည်။ ဗဟုတုတအသစ် အဆန်းများ၊ နယ်မြေအခြေအနေများ၊ ရပ်ရွာလူထု၏ လူနေမှုစနစ်များကို လေ့လာခဲ့ရသည်။ ကျနော်တို့ အသိခပ်ငယ်ငယ်နှင့် ရေနံချက် စက်ရုံကြီးများ၊ မြစ်ရေတင်စီမံကိန်းကြီးများ၊ လက်နက်ခဲယမ်းမီးကျောက် စက်ရုံများကို ကြည့်ရှုလေ့လာရ၍ ကျနော်တို့သည် အတော်ပင် ကျေနပ်ခဲ့ကြပါသည်။ မင်းဘူး၊ မန်းသံပရာ ရေနံချက်စက်ရုံကြီးများ၊ ညောင်ခြေထောက် ခဲယမ်းမီးကျောက်နှင့် သေနတ်အမြောက် ထုတ်လုပ်သည့် စက်ရုံများကို ကြည့်၍ တို့နိုင်ငံကြီးသည် အင်မတန် ကြီးကျယ်စွ တကား၊ တိုးတက်လှ၏ တကား၊ အောင်မြင်လှချေ တကားဟု အထင်ရောက်ခဲ့ပါသည်။ ရင့်ကျူးခဲ့ကြပါသည်။

အဘယ်ကြောင့်ဆိုသော် ကျနော်တို့သည် မိခင်ရင်ခွင်မှ ထွက်ကတည်းက ဤသို့သော နေရာ စစ်ရုံကြီးများ ကို ပထမဆုံး စတင်မြင်တွေ့ရခြင်း ဖြစ်ပေရာ တောသားမြို့တက် ဆိုသကဲ့သို့ မြင်သမျှ ထူးဆန်းအံ့သြဖွယ် ဖြစ်နေ၏။ ကမ္ဘာနှင့်ယှဉ်လိုက်လျှင် မြန်မာသည် အင်မတန် ခေတ်နောက်ကျနေသည်ကို ကျနော်တို့ မသိပါ။ ကမ္ဘာအကြောင်း ဘာဆိုဘာမှမသိ၊ ဂြိုလ်တုစလောင်း မရှိ၊ သတင်းစာမဖတ်ရ၊ စာအုပ် မဖတ်ရ၊ ဘာမှ မလုပ်ရသောကြောင့် ပြင်ပကမ္ဘာအကြောင်း ဘာမှ မသိခြင်း ဖြစ်ပါသည်။ သင်ရသမျှ၊ ကြားရသမျှ၊ တီဗွီတွင် မြင်ရသမျှသည် မြန်မာပြည်ကြီး တိုးတက် နေကြောင်း၊ သာယာနေ ကြောင်း၊ စည်ပင် နေကြောင်း ဘယ်သူတွေ ဘယ်လိုပင် သွေးခွဲပါစေ မမှုကြောင်း၊ သွေးစည်း ညီညွတ် ကြောင်းသာတွေ ဖြစ်နေရ၏။ ထို့ကြောင့်လဲ ကျနော်တို့သည် အရူးဘုံမြှောက်ထား သည့်နှယ် ကိုယ့်ကိုကိုယ် အဟုတ်ကြီး ထင်နေစရာ အရွယ်မို့လားမသိ။ တပ်မတော်ဆိုသည့် အသိုင်းအ၀ိုင်းကြီးကို တကယ်ပင် အထင်ကြီး လေးစားမိခဲ့၏။

စစ်ဗိုလ်ချုပ်ကြီးများ မိန့်ခွန်းပြောသည့် အခါတိုင်း ပါလေ့ရှိသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သော နိုင်ငံတော်ကြီး မကြာခင် ဖြစ်လာတော့မည်။ အင်အားတောင့်တင်းသော ခေတ်မီ တပ်မတော်ကြီး တည်ဆောက်ကြပါ စသော စကားလုံးကြီးတွေက ပွဲလမ်း အခမ်းအနားတိုင်းမှာ ပြည့်လာ၏။ ထိုကာလ အတောအတွင်းမှာပင် ဗိုလ်ချုပ်ကြီး သန်းရွှေ၏ ကိုယ်တပိုင်းပုံ၊ ဓာတ်ပုံ ရောင်စုံ အကြီးကြီးတွေကို ရွှေရောင် အနားကွပ်၍ ထည်ဝါခန့်ညားသော ခန်းမတိုင်းတွင် ချိန်ဆွဲလာကြသည်။ ယခင်ကရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနေ၀င်းတို့၏ပုံသည် အလိုလို ဈာန်လျှော လွင့်ပျောက်ကြရရှာ၏။ အဘယ့် ကြောင့်ဆိုသော် ကျနော်တို့ မြန်မာ့ တပ်မတော်တွင် အရာရှိဘ၀မှ ရာထူးအဆင့်ဆင့် တိုးလိုလျှင် သခင့် အလိုကိုသိသော ခွေးနှယ် ပါးနပ်လိမ္မာရ၏။ ခေါင်းတော်ညိတ်၊ စိတ်တော်သိရ၏။ သခင်အားရ ကျွန်ပါးဝ အမူအကျင့်ကို ရဲရဲဝံ့ဝံ့ လူပုံအလယ် လုပ်ပြရဲရ၏။ “ချက်ဆိုနားခွက်က မီးတောက်” ရုံမျှမက တောက်ပြီး လောင်ပြီး ကြွင်းကျန်ရစ်သော ပြာကိုပင် လူမြင်သူမြင်မခံ ဖျောက်ပစ်ပြီးသည်အထိ ပါးနပ်လိမ္မာရသည်။

သည်လောက်အထိ ရိပ်မိ သိရှိလာသော်လည်း ကျနော်သည် တပ်မတော်ကြီး၏ အနာဂတ်ကို ယုံကြည် ဆဲဖြစ်ခဲ့ပါသည်။ တကယ့်လက်တွေ့ဘ၀ကိုမှ ကျနော် မရောက်သေးပဲကိုး။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တစ်ဦး)

Read More...

ယနေ့ စစ်တပ်...... ဘာတွေဖြစ်နေသလဲ (၃၅)

ဒုတိယနှစ် ကာလတလျှောက်လုံးတွင်လဲ စာပေပညာ၊ စစ်ပညာ ဆည်းပူးရင်းဖြင့် အချိန်တို့ ကုန်မှန်းမသိ ကုန်ခဲ့ပါသည်။ ထိုကြားထဲ အားလပ်သမျှ အချိန်အချို့တွင် ကျနော်သည် တိုင်းပြည်အတွက်သာ တွေးခေါ် စဉ်းစားနေမိ၏။ ကျောင်းစာပေ ဖတ်ချိန်ထက် အပြင်စာပေ ဖတ်ချိန်က ပိုများလာသည်ဟု ကျနော်ထင်၏။ အဘယ်ကြောင့်ဆိုသော် စီနီယာဖြစ်လာသည်နှင့် အမျှ အချိန်ပို အားလပ်ချိန်ပို များများရလာလေ၊ ကျနော် စာဖတ်ချိန် ပိုရလာလေပင်ဖြစ်သည်။ အိပ်ဆောင်တွင် ဖတ်ရန် အချိန်မလုံလောက်သောအခါ စာသင်ခန်းသို့ လျှို့ဝှက် သယ်ဆောင်၍ ခိုးဖတ်ပါ သည်။ (စာသင်ဆောင်တွင် စာကြည့်တိုက်မှ စာအုပ်ပင် ဖတ်ခွင့်မရှိပါ) ကျနော် ဉာဏ်မီသလောက် တွေးတောပါသည်။ ဆင်ခြင်ပါသည်။

တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ်တစ်ယောက် ကျနော် ဖြစ်လာနိုင်မည်လော။
အခွင့်အရေးများကို မက်မောတတ်လာအောင် မတရား နှိပ်စက်ခံရခြင်းကို မတိုင်ရဲအောင်၊ ကိုယ်ခံရချိန် အံကြိတ်ခံခဲ့၊ ပြန်နှံချိန်ရောက်တော့ အင်ကုန်အားကုန် ပြန်နှံခြင်းကို သိသိသာသာ ခွင့်ပြုထားသော သင်ကြားရေးစနစ် (မူတွေကတော့ ကောင်းပါသည်။ လူတွေကသော မကောင်းခြင်းဖြစ်၏) ကြားထဲမှ “ငါပြောသလို လုပ်၊ ငါလုပ်သလို လိုက်မလုပ်ကြနဲ့” ဆိုသော တရားမ၀င် သင်ပြပေးနေသည့် မြန်မာ့ တပ်မတော်၏ ခေါင်းဆောင်မှု အရည်အချင်း စံနှုန်းများ အကြားတွင် ကျနော်မည်မျှ စီးမျောလိုက်ပါ နိုင်မည်နည်း။ မည်မျှသည်းခံ နိုင်ပါမည်နည်း။

ဒုတိယနှစ်ဗိုလ်လောင်းဆိုသည့် ပညာရှာကာလတွင် စာအုပ်စာပေ ငှားရမ်းခွင့် မရှိသေးဟု ကန့်သတ် ထားခြင်းခံရသော မျိုးဆက်သစ်လူငယ်တို့အပေါ် ပညာကန့်သတ်မှု စနစ်ကြောင့် ကျနော်တို့ ဦးနှောက်တွေ မည်၍မည်မျှ ဖွံ့ဖြိုးတိုးတက် လာပါမည်နည်း။ တွေးတောဆင်ခြင်မှု ကောင်းမွန် မှန်ကန်လာပါမည်လော။ မြင်ရသမျှ၊ ကြားရသမျှတို့သည်လဲ တိုင်းပြည်အတွက် စစ်စစ်မှန်မှန် ကြိုးပမ်း ထမ်းဆောင်ခဲ့သူ၊ စွန့်လွှတ်ခဲ့ သူတို့အပေါ် ချိုးနှိမ်နေသည်တို့ကိုသာ တွေ့ရခြင်းကြောင့် ကျနော်သည်လဲ တိုင်းပြည်အတွက် တကယ်ပင် အကျိုးရှိရှိ လုပ်ဆောင်နိုင် ပါမည်လော။ ကျနော် စဉ်းစားမိလာသည်။

သို့အတွက်ကြောင့် စစ်တပ်၏ အခြေခံသဘော သဘာဝ အချို့ကိုတော့ ကျနော်လေ့လာ သိရှိခဲ့ရလေပြီ။ တကယ်လက်တွေ့ ဘ၀နယ်ပယ်တွင် ဘယ်လိုရှိမည်မှန်း ကြိုတင် မသိနိုင်သောကြောင့် သင်တန်းသား ဘ၀ တွင်ပင် နေပျော်အောင် အချိန်ကို အကျိုးရှိရှိဖြစ်အောင် အသုံးချနေခဲ့ပါ၏။ လူငယ်ဘ၀ သောက်သောက် စားစား အချိန်တစ်ချို့လဲ ရှိပါသည်။ ကျနော်သည် တချိန်လုံး တိုင်းပြည်အတွက် စဉ်းစားနေခဲ့သည့် အာဇာနည် လောင်းလျာတစ်ယောက် မဟုတ်ခဲ့ကြောင်းကိုတော့ ၀န်ခံလိုပါသည်။ သို့သော်လည်း တိုင်းရေး ပြည်ရေးနှင့် ပတ်သက်၍ ကောင်းမွန်စွာ အကျိုးပြုနိုင်ခွင့် ဆောင်ကြဉ်းရန် အခြေအနေ ပေးပါက မည်သည့်နေရာ၊ မည်သည့်ကဏ္ဍက ဖြစ်စေ အချိန်မရွေး တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်၊ စိတ်၊ အတွေးအခေါ် အမြဲတမ်း ပြင်ထားခြင်းသာ ဖြစ်၏။ လူငယ်ဘ၀ အပျော်အပါး၊ အသောက်အစား ရက်စွဲ များစွာ ရှိခဲ့၏။ တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ် တစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဆိုသော စိတ်ဓာတ်ကိုလဲ ရင့်ကျက် ခိုင်မာလာအောင် ကြိုးပမ်းခဲ့၏။

စာပေ ပညာများအဖြစ် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရှုပ၊ ဓာတု၊ နိုင်ငံရေးနှင့် စစ်ရေးသိပ္ပံ (သမိုင်းမပါ) ဘာသာရပ်အလိုက် နည်းပြဆရာတို့က စိတ်ရှည်လက်ရှည် သင်ပြပေးပါသည်။ ကျနော် ယုံကြည် လေးစား မိသော အကြောင်းအရာ တစ်ခုရှိပါသည်။ ၎င်းမှာ ကျနော်တို့ စစ်တက္ကသိုလ် တက်ရောက်ခဲ့စဉ် ကာလက သင်ကြားရေး ကဏ္ဍတွင် တာဝန်ယူကြသော စစ်ဘက်ဆိုင်ရာ အရာရှိများ၊ အရပ်ဘက် နည်းပြဆရာများ အားလုံးသည် ဗိုလ်လောင်းများ အားလုံးအပေါ်တွင် တကယ်ပင် စေတနာထားပြီး၊ တိုင်းပြည်၏ သားကောင်းရတနာများ၊ မြင့်မြတ်သော စိတ်ဓာတ်များ မွေးမြူ လာအောင် တကယ်ပင် သင်ကြား ပြသ ပေးခဲ့၏။ စံနမူနာပြ နေထိုင်ကြပါ၏။ စာပေနည်းပြ ဆရာကြီးများထံတွင် ကိုယ်ကျိုးရှာသမားများ မတွေ့ဖူးဟု ကျနော်ထင်ပါသည်။ အရာရှိကြီး ဖြစ်လင့်ကစား ရိုးသား သိမ်မွေ့စွာဖြင့် နေထိုင်ပြုမူ ကျင့်ကြံပြီး စာပေ သင်ကြားရေးကိုသာ အာရုံစိုက်သူ၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီးများအနက် အများစုမှာ ရရှိသည့် လစာကြောင့် နေနိုင်စားနိုင်ရုံသာ ရှိပါ၏။ အချို့ဆို ရေခဲထုပ်ရောင်းရင်း မိသားစု ၀မ်းစာရှာကာ ဗိုလ်လောင်းများ စိတ်ဓာတ်၊ ပညာမြင့်မား ရေးကိုသာ အားသွန်ခွန်စိုက် ကြိုးပမ်း သင်ကြားပေးခဲ့သူများကိုလဲ တွေ့ဖူးပါသည်။

သဘာဝအရကိုပင် အလင်းနှင့်အမှောင်၊ နေ့နှင့်ည၊ အကောင်းနှင့်အဆိုး၊ အမြုပင် ဆန့်ကျင်ဘက် တို့ကို ဖန်တီးထားပေရာ ကျနော်တို့ ဗိုလ်လောင်းများ ပညာဆည်းပူးရေး ကဏ္ဍတွင်လဲ ကောင်းသော ပညာရပ် များကို သင်ကြားပေးသူ ဆရာ၊ ဆရာမများလည်း ရှိကြပါသည်။ အဆိုပါစိတ်ရင်း စေတနာမှန်ဖြင့် တိုင်းပြည် အတွက် အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်တို့အပေါ် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ သင်ကြား ပြသပေးခဲ့သူ ဆရာ၊ ဆရာမများအား တပည့်တဦး အနေဖြင့် ဤစာစုတွင် ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြ အပ်ပါသည်။

အထူးသဖြင့် ကျနော်တို့ မြန်မာစာကို ပိုမိုစိတ်ဝင်စားမှု ရှိလာအောင် ဆွဲဆောင် သင်ကြားပေးနိုင်သော ဆရာဂုဏ်မြောက် ဆရာဒုဗိုလ်မှူးကြီး မင်းနိုင်နှင့် အခြားသော မြန်မာစာဌာနမှ ဆရာ၊ ဆရာမ များကို အထူးပင် သတိတရ ကျေးဇူးတင်ရှိပါသည်။

မြန်မာစာပေ၊ မြန်မာစကားသင်ကြားရင်း မြန်မာတို့၏ သမိုင်းကြောင်းကို ထည့်သွင်း ဆွေးနွေးကာ မြန်မာ့ သက်ဦးဆံပိုင် ဘုရင်စနစ်၏ ဆိုးမွေ ကောင်းမွေများအကြောင်း ဆွေးနွေးချက်ကို ကျနော် အကြိုက်ဆုံး ဖြစ်၏။

နောက် သင်္ချာတွင် သင်သော calculus, probability ဘာသာရပ်များကိုလဲ စိတ်ဝင်စားပါသည်။ ဦးနှောက် တွေ ထူပူနေအောင် တွေးတောရခြင်း၊ တွက်ချက်ရခြင်းဖြင့် ကျနော်တို့ ဦးနှောက်တွေကို တွေးတောတတ် စေခဲ့ပါသည်။

စစ်တက္ကသိုလ် တွင်းတွင်သာ ထိတွေ့ကျင်လည် နေရသောကြောင့် ပြင်ပစစ်တပ် မိသားစုများ အကြောင်း နှင့် မြန်မာနိုင်ငံ ပြည်တွင်းရေး ပြည်သူများ၏ ဘ၀အခြေအနေ စသည့်တို့ကို တိတိပပ ဘာမှ မသိရှိခဲ့ပါ။

ဝါးလုံးခေါင်း ကျဉ်းကျဉ်းထဲသာသော လတစင်းနှယ်ပင်။ စစ်တက္ကသိုလ် စစ်သည်မိသားစု ၀င်များ၏ ဘ၀ရပ်တည်ရေး ကျပ်တည်းမှုကို ကြည့်၍တော့ သနားမိပါသည်။ ထိုအချိန် ထိုအခါက ကျနော်တို့ ဗိုလ်လောင်း သင်တန်းသားအတွက်ရသော လခ ထောင်ဂဏန်းမှာ ဘာကြေး၊ ညာကြေး ဖြတ်တာနှင့်ပင် ကုန်သလောက် ရှိပါပြီ။ အိပ်ဆောင်သုတ်ရန် ထုံးဖိုး၊ သင်္ဘောဆေးဖိုး၊ ပန်းပင်ဖိုး၊ ကန်တော့ကြေး၊ ဂါဝရ ကြေး၊ အသုဘကြေး၊ နာရေး အကူအညီစသော ခေါင်းစဉ် အမျိုးမျိုးဖြင့် ဖြတ်တောက်သဖြင့် လခမှာ အနည်းငယ်သာ ကျန်တော့သည်။ ဒီကြားထဲ ဓါတ်ပုံဆရာတို့၏ လက်စွမ်းပြမှု၊ ကိုယ်တိုင်ကလဲ အကျည်း တန် မှန်ကြိုက် ဆိုသလို အောက်ဒိုး လေ့ကျင့်ခန်း စသော ပြင်ပသို့ ရောက်တိုင်း စစ်တက္ကသိုလ်တွင်း ကန်ထရိုက် ယူထားသော ဓါတ်ပုံဆရာများက ဗိုလ်လောင်းများနှင့် အတူတူ လိုက်ပါသည် လူနည်းနည်း မစုလိုက်နှင့်၊ ရှုခင်းလေး မလှလိုက်နှင့်၊ ဗိုလ်လောင်းတိုင်းကို ဓါတ်ပုံရိုက်မလားဟု အချက်ပေး ဂျီကျ တော့သည်။ ကျနော်တို့ကလဲ ကိုယ့်အိတ်ထဲက ကုန်တာမဟုတ်၊ လခထဲက ဖြတ်တာ၊ ရိုက်ကွာဆိုပြီး ဓါတ်ပုံ တွေ ရိုက်ကြပါသည်။ ဓာတ်ပုံဖိုး မဟုတ်လဲ နည်းပြများက ဖြတ်တောက်သည်မို့ ငွေမရတာ များပါသည်။ အမြတ်ကတော့ ဓါတ်ပုံမှတ်တမ်း ကျန်ရှိခဲ့ပါ၏။

ထို့ကြောင့် လကုန် လဆန်းတိုင်း မိဘပို့ပေးသော ငွေလွှဲကို ဗိုလ်လောင်းတိုင်း မျှော်ကြပါသည်။ မိဘတွေ ကတော့ ဘယ်လိုစီးပွားအား ဘယ်လိုငွေစုပြီး သားတော်မောင် ပြည်ချစ်သား မျက်နှာ မငယ်စေဖို့ ငွေလွှဲ လစဉ် ပို့ပေးနေကြလဲ မသိပါ။ ဗိုလ်လောင်းများကတော့ လဆန်းတိုင်း ငွေလွှဲ စာရင်းကို လည်ပင်း ရှည်အောင် စောင့်မျှော်ကြပါသည်။ မိဘများပို့ပေးသော ပိုက်ဆံကို တရကြမ်း သုံးဖြုန်းခဲ့သော သားမိုက် များလဲရှိပါသေးသည်။ ထိုသားမိုက်များ စာရင်းတွင် ကျနော်လဲ ပါဝင်ခဲ့ပါသည်။ သောက်စား၊ လောင်းကစား ပစ်ခြင်းကြောင့် ငွေမကုန်သော်လည်း ကျနော် ဖြစ်စေချင်သော လုပ်စေချင်သော စေတနာပို ကြွားဝါလိုစိတ် များကြောင့် ငွေကြေး ပိုမိုကုန်ကျခဲ့သည်ကို ယခုတော့ နောင်တ သံဝေဂလဲ ရနေမိပါပြီ။

စောစောက စစ်သည်မိသားစုများနှင့် အရာရှိမိသားစုများ စားဝတ်နေရေး မပြေလည်မှု အကြောင်း ဆက်ရေးပါမည်။ စားဝတ်နေရေး မပြေလည်၍ စားရိပ်သာ အနီးတွင် ဟင်းထုပ်၊ ထမင်းထုပ်၊ အကြော် အလှော်၊ ဆေးလိပ်၊ ကွမ်း ခိုးကြောင့် ခိုးဝှက် ရောင်းသူရောင်းမှု၊ ရေခဲထုပ်ရောင်းသည့် အရာရှိကတော်၏ ရုန်းကန်ရသော ဘ၀ရပ်တည်မှု၊ ဘိန်းမုန့်ဖုတ် ရောင်းသူရောင်းမှုနှင့် ဆနွင်း မကင်း ဖုတ်ရောင်းသော ဗိုလ်မှူး စသည်တို့မှာ စေ့စေ့တွေးလျှင် အံ့သြစရာပင် ဖြစ်သည်။ သို့ပေမယ့် ဟိုမှသည်မှ၊ တစတစ တွေ့မြင် ရင်းနှီး ကြုံရဖန် များလာသောအခါ မထူးဆန်းသလို ဖြစ်သွားပါသည်။

ကျနော် (ထိုအချိန်က) အထင်မှားကား စစ်အစိုးရ အုပ်ချုပ်နေတာပဲ၊ လခတော့ လုံလောက်အောင် ပေးမှာပဲ၊ ဒီလူတွေ အသုံးအဖြုံးကြီး၍ မလောက်တာ ဖြစ်မယ်ဟူ၍ ဖြစ်ပါသည်။ ထိုစဉ်ကတော့ လစဉ် မိဘများ ပို့ပေးသော ငွေကြေးဖြင့် ဖူဖူလုံလုံ နေနိုင်ခဲ့သော လတွေများနေ သောကြောင့် ကိုယ်တိုင်ခြေလျင် ခြေမြန် တပ်ရင်းများသို့ ရောက်ရှိသောအခါ ဤသို့ဤနှယ် ကြုံရနိုင်သည်ဟုလဲ မတွေးမိခဲ့ပါ။ စစ်တပ်အစိုးရ အုပ်ချုပ်နေသည်ပဲ။ စစ်တပ်မိသားစုဝင်များ ချွတ်ခြုံကျအောင်တော့ မလုပ်တန်ရာဟုသာ တွေးထင်နေခဲ့ သည်။ ထိုအချိန်ထိ တကယ်ပင် ယုံစားနေဆဲ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Read More...

Wednesday, May 7, 2008

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ကန့်ကွက်မဲ) မဲဆန္ဒ ပေးပိုင်ခွင့်ရှိ



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့သည် ဗဟန်းမြို့နယ်တွင် အခြေခံဥပဒေ မူကြမ်းအား ရပ်ကွက်မတူ သော်လည်း မြို့နယ်တူ (ကန့်ကွက်မဲ) မဲဆန္ဒပေးပိုင်ခွင့် ရှိသည်ဟု ရန်ကုန်တိုင်း အခြေခံဥပဒေ မဲဆန္ဒပေးပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှစိုး လက်မှတ်ရေးထိုးထားသော စာနှင့် မေလ(၂)ရက်နေ့ သောကြာနေ့တွင် တရားဝင်ထုတ်ပြန် ကြေငြာသည်။

လမ်းဆုံ၊ လမ်းခွများတွင် လိုက်လံရောင်းချနေသော စစ်အစိုးရ ကျောထောက်နောက်ခံ ရေးဆွဲထားသည့်
အခြေခံဥပဒေ မူကြမ်း စာအုပ်


ရန်ကုန်တိုင်းအတွင်း၌ မဲရုံပေါင်း ၂၅၀၀ကျော်ရှိမည် ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း၌ မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ ၄သန်းကျော်ရှိပြီး တနိုင်ငံလုံး ဆန္ဒမဲပေးခွင့်ရှိသူ အရည်အတွက်ကိုမူ မကြေငြာချေ၊ ဆန္ဒမဲကို မေလ(၁၀)ရက်နေ့ နံနက် (၆)နာရီမှ ညနေ(၄)နာရီအထိ ဖြစ်ပြီး၊ မဲဆန္ဒပေးပိုင်ခွင့် မရှိသူများမှာ ဗုဒ္ဓဘာသာ၊ ခရိယာန်၊ ဟိန္ဒူဘာသာဝင် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ စိတ်ရောဂါဝေဒနာ ခံစားရသူများ၊ ထောင်သွင်း အကျဉ်းကျနေသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများဟု ဖေါ်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ထွက်ခွာ၍ မဲရုံသို့ ဆန္ဒမဲသွားရောက် ပေးပိုင်ခွင့် ပေး မပေးနှင့်၊ ပြည်ပရောက်များ မဲပေးပိုင်ခွင့်အား သေခြာစွာ ရှင်းလင်း မထားသော်လည်း၊ လွန်ခဲ့သည့်လ ကတည်းကပင် ပြည်ပအချို့နိုင်ငံများတွင် ကန့်ကွက် ဆန္ဒမဲများပေးခြင်း၊ မဲဆန္ဒမပေးရ၍ ပြည်ပနိုင်ငံ အချို့၏ ရဲများနှင့် အချင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရသည်။

(ကိုးကား။ ။peoplemediavoice.net)

Read More...

Monday, May 5, 2008

ဗိုလ်ထက်မင်းမှ တပ်မတော်သားများအား တိုက်တွန်းချက်

တပ်မတော်သားများခင်ဗျား......

တပ်မတော်မှာ တော်သုံးတော်ရှိတဲ့အနက် "ကိုင်တိုင်တော်" သူ အရာရှိများထက် "အဖားတော်" သူများနဲ့ "အမျိုးတော်" သူအရာရှိတွေသာ လွှမ်းမိုချယ်လှယ်နေကြလို့ တပ်ပျက်ကြီးဖြစ်နေ ပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေဟာ ရှေ့မှာ ရန်သူ၊ နောက်မှာ ခုံရုံး၊ ဘယ်မှာ လုပ်အားပေး၊ ညာမှာ သင်တန်းကြေး၊ အောက်မှာ မိုင်းဗုံး၊ အပေါ်မှာ အကြွေးထုပ် တွေနဲ့ ပိတ်မိနေပြီး ရည်မှန်းချက် ပျောက်နေကြပြီ ဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ ကျွေးတာစား၊ ပေးတာယူ၊ ခံမပြောနဲ့ ဆိုတဲ့ တသွေးတသံအမိန့် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မှုအောက်မှာ ပြားပြားဝပ် နေကြရတာမို့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ တပ်တွင်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) တွေမှာတောင် "တင်ပြရန်မရှိ ပါဘူး" ဆိုတဲ့စကားနဲ့ ဆန္ဒတွေကို မျိုသိပ်ခဲ့ရပေါင်းများနေတာလည်း ရဲဘော်တွေ ကိုယ်တွေ့ဖြစ်ပါ တယ်။

ဒီလို တင်းကြပ်မှုတွေကြားထဲက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အခွင့်အရေးရတုန်း တပ်မတော်သားတွေရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ယခုကျင်းပမယ့် အခြေ ခံဥပဒေ ဆန္ဒခံယူပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အာဏာရှင်စနစ် တည်မြဲမှုကို တပ်မတော် သားတွေက ဆန့်ကျင် ကန့်ကွက်မဲပေးကြဖို့ တိုက်တွန်းလိုပါတယ်။

အမှန်တကယ်တော့ နအဖရဲ့ အခြေခံဥပဒေအရ နိုင်ငံတော်ဦးဆောင်မှု ကဏ္ဍမှာ တပ်မတော်က ၂၅ % ပါဝင်ရေးဟာ ကံကြမ္မာငင်မယ့် နိုင်ငံရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တာမို့ နအဖ အာဏာရှင်များက တပ်မတော်အတွင်း တပ်ရင်းမှူး အဆင့်ထိ တပ်မှူးများကို ညီလာခံခေါ်ယူပြီး ဆန္ဒသဘောထား တောင်းခံသင့်ပါတယ်။ ဒီနေရာမှာ တချို့တပ်ရင်းမှူးနဲ့ အထက် အများစုက ပြည်ထောင်စု စနစ်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံကို နိုင်ငံတည်ငြိမ်မှု ရှိရေးအတွက် အသွင်ကူးပြောင်းရေး ကာလဖြစ်ဖြစ်၊ ရွေးကောက်ပွဲလုပ်ပြီး အရပ်သား အစိုးရနဲ့ဖြစ်ဖြစ်၊ ပူးတွဲကာ အချိန်အတိုင်းအတာ တခုထိ လုပ်ပေးလိုသော်လည်း ထာဝစဉ် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားမှာ တပ်မတော်က ဆက်လက်လွှမ်းမိုး လုပ်ဆောင်သွားပါက တပ်မတော်ရဲ့ သမိုင်းအမဲစက်ကြီး ကြီးသထက်ကြီးသွားမှာကို စိုးရိမ်သောက ဖြစ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ ၂၅% ပါဝင်ရမယ့် တပ်မတော် အရာရှိများရဲ့ အနာဂတ်ရေးဟာလည်း မရေရာ မသေချာဘ၀နှင့် အခြေခံဥပဒေအရ "၀ိုးတ၀ါး" ဖော်ပြထားတာမို့ လိုသလို "ဖဲချပ်" ရွှေ့ပြောင်းခံရ ဖွယ်ရှိနေပါတယ်။

ဒါကြောင့် ဆုံးဖြတ်ခွင့် အာဏာအရှိဆုံးဖြစ်တဲ့ တိုင်းမှူးများကို တိုက်တွန်းချင်တာကတော့ အာဏာရှင်တွေက ထောက်ခံမဲရအောင် လုပ်ခိုင်းတိုင်း "အဖားတော်သူ" အဖြစ် သမိုင်းကင်ပွန်းတပ် မခံကြဖို့ လိုအပ်သလို လက်အောက်ခံ တင်ပြလာကြတဲ့ အရာရှိစစ်သည်တွေရဲ့ ဆန္ဒမှန်အတိုင်း လွပ်လပ်စွာတင်ပြခွင့် ပေးဖို့နဲ့ ရဲရဲတင်းတင်း မှန်မှန်ကန်ကန် တင်ပြပေးခြင်းဖြင့် တပ်မတော်သမိုင်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ထက်မင်း

Read More...

သစ္စဆိုထားသူတွေရဲ့မေလ (သို့မဟုတ်)

စစ်အာဏာရှင်တွေအတွက် နမိတ်မကောင်းတဲ့ အနာဂတ်ဟောကိန်း

Read this doc on Scribd: pinochet article

Read More...

Friday, May 2, 2008

ယနေ့ စစ်တပ်.... ဘာတွေဖြစ်နေသလဲ (၃၄)

စစ်တက္ကသိုလ်၏ စာပေဆောင်တွင် အလွန်တရာမှ ခမ်းနားကြီးကျယ် များပြားသော စာအုပ်များရှိသည့် စာကြည့်တိုက်ကြီး ရှိပါသည်။ ထို စာကြည့်တိုက်ကြီးသည် ကျနော်တို့ စာသင်ဆောင်နှင့် တဘက်တချက် မှာရှိ၍ လှမ်းမျှော်ကြည့်လျှင် စီနီယာ ဗိုလ်လောင်းအချို့ စာအုပ်ငှားရမ်း ဖတ်ရှူနေသည်ကို တွေ့မြင်ရပါ သည်။ ထိုအချိန်က ကျနော်သည် ထိုစာကြည့်တိုက် အဆောင်အတွင်းသို့ သွားရောက် ကြည့်ရှူလိုစိတ် အလွန်ပင် ပြင်းပြခဲ့ပါသည်။ သွားခွင့် မရခဲ့ပါ။ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများအား စာကြည်တိုက် တွင် စာအုပ်ငှားရမ်းခွင့် မပြုပါ။ ဒုတိယနှစ် ရောက်မှ သွားရန် အားခဲထားခဲ့၏။

ယခု ဒုတိယနှစ် ဗိုလ်လောင်းဘ၀သို့ ရောက်လာပါပြီ။ အချိန်ကို အကျိုးရှိစွာ အသုံးချရမည်ဆိုသော ပထမ နှစ်၏ အတွေ့အကြုံအရ မိမိကိုယ်ပိုင် အချိန်များကို (တတ်နိုင်သရွေ့ အကျိုးရှိအောင် သုံးသောအကျင့် ယခုထက်တိုင် ရှိသေး၏) တန်ဖိုးရှိအောင် ကျောင်းစာဖတ်သင့်သော အချိန်တွင် ဖတ်၊ အားကစားချိန်တွင် အားကစား၊ ထိုအချိန်များမှ လွဲ၍ ကျန်အချိန် အများစုကို စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့်ပင် အသုံးချတော့မည် ဟု စာကြည့်တိုက်တွင် စာအုပ်ငှားရန် (မရဲတရဲဖြင့်) စီနီယာ များကြား တိုးဝှေ့ ရောက်ခဲ့ပါသော်လည်း ....။

ဒုတိယနှစ် ဗိုလ်လောင်းများ စာကြည့်တိုက်တွင် စာအုပ်ငှားခွင့် မပြုသေးဟူသော စာကြည့်တိုက် တာဝန်ခံ ၏ အဖြေကို ၀မ်းနည်း ပက်လက်ဖြစ်ဖွယ် ကြားသိရ၏။ မတတ်နိုင်ပါ။ မငှားတော့လဲ မဖတ်ရရုံပေါ့။ များမြောင်လှသော စာကြည့်တိုက်၏ စာအုပ်ဗီရိုကြီးများ၊ သပ်ရပ်စွာ ခင်းကျင်း ထားမှုများကို ကြည့်၍ ပြန်လာခဲ့ရပါသည်။ ရင်တွင်း မကျေနပ်စိတ်တို့ဖြင့် တောက်ခေါက် ပြန်ခဲ့ရ၏။

နောက်ဆုံးတော့ ကျနော်၏ စာပေ မိတ်ဆွေကြီးဖြစ်သူ ဦးလေးဦးထွန်းမောင် (သူသည် ကျန်းမာရေး ဆိုင်ရာ စာပေများ ရေးသားခဲ့ဘူးသော လေတပ် ရဲဘော်ဟောင်းကြီးဖြစ်၏) ထံမှ စာအုပ်များစွာ ငှားရမ်းဖတ်ရှူရ ပါသည်။ (ငယ်ငယ်ကတည်းက ကျနော်သည် စာဖတ်ရတာ ၀ါသနာပါ၏။ အထူးသဖြင့် နိုင်ငံရေး စာပေ များကို ခြောက်တန်းကျောင်းသား ဘ၀လောက်ကတည်းက စတင်ဖတ်ရှု လေ့လာခဲ့ဖူးသည်)။

ဦးထွန်းမောင်ထံတွင် နိုင်ငံရေးဆိုင်ရာ စာပေများစွာရှိ၏။ အထူးသဖြင့် တော်လှန်ရေးအစိုးရ မတိုင်မီ ပါလီမန် ဒီမိုကရေစီခေတ်က ပုံနှိပ်ထုတ်ဝေ ထားခဲ့သော နိုင်ငံရေး စာအုပ်စာပေများစွာ ရှိ၏။ ဘာသာရေးလဲ အတော်စုံလင်စွာ ရှိ၏။

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်း၊ လုပ်ဆောင်ချက်များ၊ ရှားပါးမိန့်ခွန်းများနှင့် အခြားသော နိုင်ငံရေး သဘောတရားများ ပါဝင်သည့် စာအုပ်များစွာကို ကြိမ်ဖန်များစွာ လေ့လာ ဖတ်ရှုခဲ့ရသည်။ မာ့စ်လီနင်အပြင် ကွန်မြူနစ် အခြေခံသဘောတရား အချို့ကိုလဲ ဖတ်ရှုခဲ့ဖူးပါသည်။ ဘုံဝါဒနှင့် ကွန်မြူနစ်စနစ်ကို အမြီး အစမ်းသာ ဖတ်ရှုခဲ့သော်လဲ မနှစ်သက်ပါ။ ထိုအချိန်သည် ကွန်မြူနစ် နိုင်ငံကြီးတစ်ခု ကျဆုံးပြီး ခေါင်းမဖော် နိုင်သည့် အချိန်လဲ ဖြစ်ပါသည်။ အားလပ်ချိန်တိုင်း၊ ကိုယ်ပိုင် အချိန်တိုင်းနီးပါးတွင် လူငယ်ဘ၀ ပျော်ရွှင်မှု အတွက် သီချင်းနားထောင်၊ အခြားဝတ္ထု၊ စာပေဖတ်ခြင်း စတာတွေအပြင် မိမိနိုင်ငံ၏ ယနေ့အခြေအနေ၊ မြန်မာ့ သမိုင်းကြောင်း အနာဂတ် အလားအလာ၊ စစ်အာဏာရှင်စနစ်၏ အကောင်းအဆိုး၊ အကျိုး အကြောင်းတို့ကို (၁၉)နှစ် အရွယ် ဦးနှောက်ဖြင့် ဉာဏ်မှီသရွေ့ စဉ်းစား တွေးခေါ်နေတတ်ခဲ့ပါသည်။

သည်ကြားထဲ ကျနော်တို့ နေ့တဓူဝ တွေ့ကြုံ သိမြင်နေရသည်မှာ လတ်တလော တိုင်းပြည်ကို အုပ်စီး ထားသည့် န၀တ အစိုးရ၏ ၀ါဒဖြန့်ချက်သတင်း (သတင်းလာချိန် ၈ နာရီဆိုလျှင် တီဗွီ ကြည့်ခွင့်ရလာပါပြီ။ ရုပ်ရှင်တော့ မရပါ) များကိုသာ ကြည့်ရှုရခြင်း၊ သင်ကြားရသော စစ်သမိုင်း၊ ပထ၀ီနိုင်ငံရေး စသော အကြောင်း အရာများကလဲ စစ်တပ်ကို အသားပေး၊ အမွှန်းတင် ချီးမြှောက်ပေးထားသော စာပေများသာ ဖြစ်လေရာ ကျနော်မှာ ၀ါသနာစာပေ နှင့် ပါတနာ မဖတ်မနေရ သင်ကြားပေးသော စာပေနှစ်ခုကြား ဦးနှောက်ကို လူးလားခေါက်တုံ ပြေးလွှား စဉ်းစားနေခဲ့ရပါ၏။ ၀ါသနာအရ ဖတ်ရှုရသော စာပေများမှ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ စာအုပ်ကို ကျနော်အနှစ်သက်ဆုံး ဖြစ်ပါသည်။ (ကျနော်တော့ဘ၀ အတွက်လဲ တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် စံနမူနာပြ စံထားသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။)

ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများဆိုလျှင် ကျနော်အငမ်းမရ သိမ်းဆည်းတတ်လာသည်။ သူ့အကြောင်း နှင့် ပတ်သက်သော စာအုပ်စာပေတွေ့လျှင် မရရအောင် ငှားရမ်းဖတ်ရှုပါသည်။ ၀ယ်ယူရန် မတတ်နိုင်ခဲ့ပါ။ (ယခု အချိန်ထိလဲ စာအုပ်များကို ကိုယ်ပိုင် ၀ယ်ယူဖတ်ရှုနိုင်အောင် ကြိုးစားနေရဆဲ ဖြစ်ပါသည်) ကြိုက်နှစ် သက်သော စာပိုဒ်များအား လက်ရေးဖြင့် ကူးယူပါသည်။ လက်ရှိ ကျနော်တို့နိုင်ငံ၏ အကြီးအကဲဟု သူ့ကိုယ်သူ ၀ါဒဖြန့်ထားခဲ့သော စစ်ဗိုလ်ချုပ်တဦး၏ ကိုယ်ရေး အတ္ထုပတ္တိအကျဉ်းကို ကျနော် ဖတ်ခဲ့ဖူး ပါသည်။ ၎င်းမှာ အဆိုပါ ဗိုလ်ချုပ်မှူးကြီး ဖြစ်လာမည့် လူငယ် အလောင်းအလျားလေး ငယ်စဉ်ဘ၀ မြန်မာ့ ပြည်တွင်းစစ်အတွင်း အတွေ့အကြုံ တစ်ခုကို အမွှန်းတင် ရေးသားထားခြင်း ဖြစ်ပြီး ကျနော်အလွန် သဘော ကျခဲ့ပါသည်။ အမှတ်ရနေလောက်သော အတ္ထုပတ္တိ ဖြစ်ပါ၏။

ဘာတဲ့။ “ဂျပန်ခေတ်အတွင်း ကောင်းကင်ယံ၌ ဂျပန်စစ်လေယာဉ်များနှင့် ဗြိတိသျှ မဟာမိတ် လေယာဉ် များ၏ စီးချင်းထိုး လေကြောင်းတိုက်ပွဲများကို မြေပြင်လမ်းမထက်မှ မကြောက်မရွံ့ ရဲဝံ့စွာ ရပ်ကြည့်ခဲ့ ဖူးသည်” ဆိုသော ကျနော်တို့၏ တိုင်းပြည်အကြီးအကဲကြီးသည် မြန်မာပြည်ကြီး တိုင်းတပါး ကျွန်အောက်မှ လွတ်မြောက်ရေးအတွက် အတော်ပင် စွမ်းစွမ်းတမံ၊ ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့ဖူးပါကလား ဆိုပြီး ကျနော်ဖတ်ဖူးခဲ့သော ကျနော်စံပြ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းများနှင့် နှိုင်းယှဉ်၍ လှောင်ပြောင်သုံးသပ်ခဲ့ ဖူးပါသည်။

ထိုအကြီးအကဲဆိုသော ပုဂ္ဂိုလ်၏ အာဏာရှင်ခေတ်တွင် တိုင်းပြည်၏ အဓိက ငွေကြေးအဖြစ် သုံးစွဲနေသော ကျပ်ငွေစက္ကူများ၏ မျက်နှာပြင်ပေါ်မှ ကျနော်ချစ်သော ဖခင်ဗိုလ်ချုပ်၏ ရုပ်ပုံလွှာများ တစတစ ပျောက် ကွယ် လျော့နည်းလာသည်ကို စတင် တွေ့မြင်သိရှိမိသော အချိန်သည် ကျနော်၏ စိတ်အာရုံ ထုံတုံတုံ၊ အတတ အဖြစ်ဆုံး အချိန်များဖြစ်ခဲ့၏။ ယခု (၂၀၀၇)တွင် ဗိုလ်ချုပ်၏ ရုပ်ပုံလွှာသည် မြန်မာပြည် ငွေစက္ကူ များတွင် မရှိတော့သလောက် ဖြစ်နေလေပြီ။ အချို့ကတော့ ဗိုလ်ချုပ်၏ ပုံများကို အမြတ်တနိုးချိတ်ဆွဲ သိမ်းဆည်းထားကြ၏။ (ထို အကြောင်းများကို ကိုယ်ထီးတည်း ဆန္ဒဖော်ထုတ်ခြင်းမှ အများပြည်သူဆီသို့ ဟူသော အကြောင်းတွင် ရေးပါမည်)။

ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်ဆိုပြီး ဆိုင်းဘုတ်များ၊ ကြော်ငြာများ၊ ထုတ်လွှင့်ချက်များကို ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံရေးကြိုးပမ်းမှု သမိုင်းတွင် မတွေ့ရပါ။ အင်္ဂလန်သို့ လွတ်လပ်ရေး တောင်းဆိုရန်အသွား နယူးဒေလီသို့ ခေတ္တအ၀င် မိတ်ဆွေ အိန္ဒိယ၀န်ကြီးချုပ်ဖြစ်သူ နေရူးက ဗိုလ်ချုပ်၏ ကာကီရောင် ယူနီဖောင်း အဟောင်းနှင့် ဥရောပတိုက်သားများအကြား အစည်းအဝေး သွားတက်မည်ကို မကြည့် ရက်ခြင်း၊ ရာသီဥတုဒဏ် ခံနိုင်မည် မထင်ခြင်းကြောင့် သက္ကလပ်ကုတ်အင်္ကျီ ယူနီဖောင်းကို နေ့ချင်းအပြီး ချုပ်လုပ်စေကာ လက်ဆောင်အဖြစ်ပေး၍ ၀တ်ဆင်စေခဲ့ရသည်ဟု စာပေများတွင် ဖတ်ဖူး၏။ ဤမျှအထိ ကိုယ်ကျိုးကို မစဉ်းစားခဲ့သော၊ တိုင်းပြည်အတွက် တဘ၀လုံး ပေးဆပ်ခဲ့သော၊ ထူးချွန်ထက်မြက်စွာ ခေါင်းဆောင်မှု ပေးခဲ့သော နောက်ဆုံး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပါ ပေးဆပ်ခဲ့သော ကျနော်တို့ ဖခင်ဗိုလ်ချုပ်အား ကျနော်တို့ နိုင်ငံမှ စစ်အာဏာရှင်ကြီးများသည် နာမည်ပင်ပြော၍ မရတော့ လောက်အောင် စိမ်းကားထားကြလေပြီ။

ကျောင်းသားလေး တစ်ယောက်သည် ရေခြားမြေခြားနိုင်ငံ စင်္ကာပူတွင် နေထိုင်ရင်း မိဘဆွေမျိုးများ ရှိရာ မြန်မာပြည်သို့ အပတ်စဉ်ပုံမှန် ပြန်လည်ပတ်သည် ဆိုလျှင် ထိုကျောင်းသားရဲ့ မိဘများသည် အလွန် ချမ်းသာသည်ဟု ဆိုကြမည်။ ထို့အပြင် ထိုကျောင်းသားလေး၏ ကျောင်းအားရက်နှင့် ကြုံကြိုက်အောင် မြန်မာပြည်နှင့် စင်္ကာပူအား ပျံသန်းပြေးဆွဲနေသော လေယာဉ် အစီအစဉ်များကို အချိန်ပြောင်းရွှေ့ ပြင်ဆင် ပျံသန်းပေးရသည် ဆိုလျှင် ထိုကျောင်းသား လူငယ်လေး၏ မိဘ ဘိုးဘွားတို့သည် အတော်ပင် သြဇာ အာဏာ သက်ရောက်မည်ကို သိကြမည် ဖြစ်သည်။

မှန်ပါသည်။ ထိုကျောင်းသား လူငယ်လေးသည် ပြည်ပနိုင်ငံတွင် သွားရောက် ပညာသင်ကြားနေသော ကျနော်တို့ မြန်မာပြည်မှ သူ့ကိုယ်သူ နိုင်ငံတော်ကြီးအကဲဟု သတ်မှတ် ကြေငြာထားသော စစ်အာဏာရှင် ကြီး၏ မြေးတစ်ဦး ဖြစ်ပါသည်။ ဤ၍ဤမျှ သူ့မြေးအား ပညာတတ်ကြီးဖြစ်အောင် မြေတောင်မြှောက် ရင်းနှီး ပြုစုနေသကဲ့သို့ သူ အတင်းအဓမ္မအုပ်ချုပ် မင်းမူနေသော ကျနော်တို့၏ အမိမြန်မာပြည်မှ လူငယ် လူရွယ် မျိုးဆက်သစ်များ၏ ပညာရေးကိုရော သူဂရုစိုက် ပါရဲ့လား။ သူ ဘယ်လိုအကွက်ချ စီစဉ်ထား ပါသလဲ။ (ကျနော်၏တကိုယ်တော် တွေ့ကြုံခဲ့သမျှကို နောက်ပိုင်းတွင် ဆက်လက်ရေးသားပါမည်) လွန်စွာ ၀မ်းနည်းဖွယ်ရာများ ဖြစ်နေ၏။

ထို စစ်အာဏာရှင်ကြီးခေတ် စာသင်ကျောင်းများတွင် သင်ရကြားရသော သင်ပြချက်တို့၌ နိုင်ငံ လွတ်လပ် ရေးအတွက် အသက်စွန့်ဆောင်ရွက် တိုက်ပွဲဝင်ခဲ့ကြသူ မျိုးချစ် အာဇာနည်များ၏ အကြောင်း မပါဝင်ပါ။ နောင်လာ နောက်သားတွေ မသိကြပါ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ ဆိုသော မေးခွန်းကို မဖြေနိုင်သော လူငယ်များ အတော်များပြားလာသည်ကို ၀မ်းနည်းစဖွယ် တွေ့မြင်ရပါသည်။

ထိုအကြီးအကဲ ဆိုသူ၏ နှုတ်ဖျားမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်တမျှ တခွန်းတပါးမှ ထွက်မလာ သည်ကို လည်းကောင်း၊ တိုင်းပြည်၏ နေ့ထူးနေ့မြတ်အဖြစ် အထွတ်အထိပ် ထားရမည့် ရက်ဖြစ်သော ဇူလိုင် (၁၉)ရက် အာဇာနည်နေ့အား ကချာချိ၊ ကချာချက် လူတွေသာ ကျင်းပသည့် သာမန်ပွဲငယ် တစ်ခု အဖြစ်သာဖြစ်အောင် တဖြည်းဖြည်း ပုံပြောင်း နှိမ့်ချလာခဲ့သည်ကို လည်းကောင်း၊ ကျနော် တခါတရံမှ ကြည့်ဖြစ်သော တီဗွီသတင်းတွင် တွေ့မြင်ရသောအခါ လွန်စွာပင် ၀မ်းနည်းလာခဲ့မိပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့ စစ်တပ်.... ဘာတွေဖြစ်နေသလဲ (၃၃)

ပြင်ဦးလွင်(ခေါ်) စစ်တပ်မြို့ ကျဉ်းကျဉ်းလေး၏ မြို့လယ်မှာ ကျဉ်းကျဉ်း ငယ်ငယ်ပင်ဖြစ်ရာ ဘယ်နေရာ၊ ဘယ်ဆိုင်သွားသွား စီနီယာ အရာရှိတို့နှင့် ကင်းလွတ်သည်ဟူ၍ မရှိ။ စားသောက် ခြင်းကို လုပ်သာ လုပ်နေရသည်။ ဘယ်စီနီယာ ၀င်လာမလဲ၊ ဘယ်အရာရှိ ၀င်လာမလဲ၊ တရားခံရှာ နေသော ရဲမျက်လုံးနှင့် ဆိုင်ဝကိုသာ အမြဲကြည့် နေရသည်။ ယင်းတို့ တဦး တယောက်ဝင်လာ သည်ကို မမြင်လိုက်မိ၍ မတ်တပ် မရပ်လိုက်မိပါက စီနီယာဆိုလျှင် ချွေးထွက်ဖို့ ပြင်ပေရော့။ အရာရှိဆိုင်လျှင် ချွေးလဲထွက်မည်၊ စည်းကမ်း စိတ်ဓါတ် အမှတ်ဆိုတာလဲ ဖြတ်တောက်လျော့ချ ဦးမည်။ ထို့ကြောင့် ကျနော်တို့ ဂျူနီယာများသည် စီနီယာများ မလာတတ်သော နေရာများတွင်သာ သွားရောက် လည်ပတ်ကြရသည်။ ၆ ရက်ကြာ ပင်ပန်း ခဲ့သမျှ အပန်းဖြေရန် ၄ နာရီကြာမျှသာ ထွက်ခွင့်ရကြရာ ထိုအချိန်လေးတွင် ပျော်ရွှင်စွာ၊ စိတ်ဖြောင့် ငြိမ်းချမ်းစွာ အပန်းဖြေကြရသည် မဟုတ်ပါ။ ကျီးကန်းတောင်းမှောက် မျက်လုံးများဖြင့် မိမိအပြစ်ဒဏ် မဖြစ်အောင် စီနီယာ ဆိုသည့် အထက်အရာရှိကို ကြောက်ကြရသည်။ ဤမျှထိအောင် ပုံသွင်းလေ့ကျင့် ပေးသော မြန်မာ စစ်တပ်ပေတည်း။

အောက်ပတ်စ်ခေါ် တပ်ပြင်ထွက်လည်ခြင်းမှ ပြန်ဝင်လာသော အခါတွင်လဲ ဗိုလ်လောင်းတာဝန်မှူး (ခေါ်) စတုတ္ထနှစ် တာဝန်ကျ ဗိုလ်လောင်းမှ ပထမနှစ် ဗိုလ်လောင်းများ စုံ မစုံ၊ ချိန်ကိုက်ပြန်ဝင် မ၀င်၊ ဘာတွေ ၀ယ်လာသည် ဆိုသည်ကို စစ်ဆေးရုံမက ပါးစပ်ကိုပါ နမ်းကြည့်တတ်သည်။ အရက် သောက်လာသလား၊ ဆေးလိပ်ခိုး သောက်လာသလား၊ လက်ဆွဲအိတ်ကို ယူ၍ ဘာတွေ ၀ယ်လာသလဲ အကုန်စစ်ဆေးသည်။ တကယ့် မူကြို ကျောင်းသားလေးများ ပမာပင်။ ဒုတိယနှစ် များကျတော့ ဤသို့ စစ်မေး ခံရခြင်းမှ ကင်း လွတ်ခွင့်ရသော အခွင့်အရေး ရှိသည်။ အခြား အခြားသော အိပ်ဆောင်အခွင့်အရေး၊ ထမင်းစားဆောင်၊ စာသင်ဆောင် အခွင့်အရေးတွေလဲ ရှိ၏။

ယင်းကဲ့သို့ ဘာမှပြောခြင်း မရှိလောက်သည့် အခွင့်အရေးများကို အဆင့်လိုက်ခွဲခြား သတ်မှတ် ပေးခြင်းဖြင့် မြန်မာစစ်ဗိုလ် အလောင်းအလျာတို့သည် အခွင့်အရေးကို ရည်မျှော်တတ်လာသည်။ ငါဘယ်အဆင့် ရောက် ရင် ဘာအခွင့် အရေးရမယ် ဆိုတာကို သွားရည်ကျမခန်း တွေးတောတတ်လာသည်။ မျက်မြင် သာဓက များကလဲ ရှိနေပြီကိုး။

ကျနော်ပြောခဲ့သော ကျောင်းစာသင်ခန်းမကို လာစစ်သည့် စစ်ဗိုလ်ချုပ်ကို ကြည့်၍ အားကျသူက အားကျ နေသည်။ အားကျချင်စဖွယ်ကိုး။ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် သိန်းပေါင်းရာနှင့်ချီ၍ ကုန်ကျမည့် စီမံကိန်းကြီးကို ချက်ချင်းလုပ်ကြသည်။ ဟောင်းနွမ်းနေသော စာသင်ခန်းများကို ခန်းလုံးပြည့် ကြွေပြားတွေ ကပ်ကြသည်။ “အမိန့်”၊ ဟုတ်ပါသည်။ အမိန့်တခွန်းတည်းပါပဲ။ ဤလို အမိန့်ပေးနိုင်သော၊ အမိန့်ပေးပိုင်ခွင့် ရှိသော ရာထူးကြီးကို ပိုင်ဆိုင်လိုစိတ် ရှိကြသည်မှာ ပုထုဇဉ်တို့၏ သဘောပင်ဖြစ်သည်။ ယင်းသို့သော ဗိုလ်လောင်းဘ၀မှာတင် အခွင့်အရေးကို မက်မောတတ်အောင်၊ လိုချင်ရမက် ရှိအောင်၊ သင်ကြား စည်းရုံး ပေးထားခြင်း၊ နည်းပေးလမ်းပြ ပြုလုပ်ထားခြင်း၊ အစဉ်အလာသဖွယ် ဖန်တီးပေးထားခြင်း စသည့်တို့ ကြောင့်ပေတည်း။

သို့ရာတွင် အခွင့်အရေးကို မက်မောအောင် မည်မျှကျုံးသွင်း သင်ကြားစေကာမူ အခွင့်အရေးကို မမက် သော၊ ထိုအခွင့်အရေး ဆိုတာကို မက်မောဖွယ် မဟုတ်ကြောင်း တွေးတော သိရှိသူများလဲ ရှိပါသေးသည်။ သူတို့သည် စစ်အာဏာရှင်စနစ်၏ ယန္တရား လည်ပတ်မှုအတွက် အခြေခံအုတ်မြစ်ကို မည်သို့ တည်ဆောက် ထားသည်၊ မည်သို့သော လူစားများကို မည်သို့သော အခွင့်အရေးများဖြင့် ကျုံးသွင်းမြူဆွယ် ခိုင်းစေ ထားသည်၊ မည်သို့သော ၀ါဒဖြင့် ကွန်ယက်ဖြန့်ကျက်၍ မသိနားမလည် အသိမကြွယ်သော မြန်မာပြည်သူ ပြည်သားတို့အပေါ် မည်သို့နားလှည့် ပါးရိုက်လုပ်ဆောင်၍ ဖိနှိပ်ချုပ်ချယ်မှု ဟန်ပြကောင်းအောင် ပြည်သူ ပြည်သားအချင်းချင်း ငါးကြင်းဆီနှင့် ငါးကြင်း ကြော်နည်းကို မည်သို့ အသုံးချနေသည် စသော နည်းအမျိုး မျိုး တို့ကို လေ့လာသိရှိကြသော စစ် အရာရှိများ ဖြစ်ပါသည်။

၎င်းတို့သည် အရက်ဆိုင်တွင် အရက်ထိုင်သောက်ရင်း၊ အလာပ္ပ သလာပ္ပ စကားပြောရင်း၊ တရား ထိုင်ရင်း သိရှိနားလည်သူများ မဟုတ်ကြပါ။ ပင်ကိုယ်စိတ်ရင်းတွင် စစ်မှန်သော မျိုချစ်စိတ်အား ဆုပ်ကိုင်ထားကြပြီး စာပေဖတ်ရှု လေ့လာခြင်း၊ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း ချိန်ထိုး နှိုင်းယှဉ် သုံးသပ်ခြင်း၊ ပြည်ပရေဒီယိုများ နားထောင်ခြင်း၊ ပြည်တွင်းမှ သက်ကြီးအရွယ် မျိုးချစ်စစ်သား ဟောင်းများ၊ နိုင်ငံရေးသမား၏ ဆုံးမစကားကို နာယူခြင်း စသည်တို့ဖြင့် မိမိတို့၏ အတွေးအမြင်ကို အာဏာရှင်စနစ်၏ ကျွန်သွင်းခံရခြင်းမှ ကာကွယ်ကာ လွတ်လပ်သော အမြင်ဖြင့် လွတ်လပ်စွာ နေထိုင်ရန် ကြိုးပမ်းကြသူများ အကြောင်းကို နောင်တွင်ရေးသား တင်ပြ ပါဦးမည်။

ဤအပိုင်းတွင်တော့ အခါအခွင့်ကို မျှော်ချင့်၍ အလိုက်သင့် ကျွန်ခေါင်း၊ ကူလီခေါင်း ရာထူး တိုးတက်ရေးကို ကျုံးသွင်း မျောလိုက်စေသည့် အခွင့်အရေး မျှော်ရေး၊ ပုံစံချ လေ့ကျင့်ပုံ အကြောင်းကို ကျနော် မှတ်မိသမျှ အကြမ်းဖျဉ်း ပြောပြခြင်းသာ ဖြစ်ပါ၏။

ဒုတိယနှစ် ဗိုလ်လောင်းဘ၀ကို စတင် ကြုံတွေ့ရပါပြီ။ ပထမနှစ် ဗိုလ်လောင်း ဘ၀လောက် ပင်ပန်း ဆင်းရဲခြင်း မရှိတော့သော်လည်း စိတ်ကျဉ်းကျပ်မှု ကတော့ ရှိသေးသည်။ အားကစား ပြိုင်ပွဲများ ဖြစ်သော ကျွမ်းဘားပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများအတွက် စီနီယာများ၏ အနီးကပ် ကြီးကြပ် လေ့ကျင့်မှုကို ခံရပြန်သည်။ ကျွမ်းဘားပြိုင်ပွဲ ဆိုသည်မှာ ယနေ့ မီဒီယာများတွင် တွေ့မြင်နေရသော ကျွမ်းဘား အားကစားနည်း အတိုင်း တဦးချင်း ပြိုင်ဆိုင်ရခြင်း ဖြစ်သည်။ အလွယ်တကူ လေ့ကျင့်၍ ပြီးမြောက် အောင်မြင်နိုင်သည့် အားကစား မဟုတ်ပါ။ နှစ်နှင့်ချီ လေ့ကျင့်ရသော၊ ကျွမ်းကျင်မှုနှင့် ကြံ့ခိုင်မှုရှိမှ ၀င်ပြိုင်နိုင်သော အားကစားဖြစ်ပါသည်။

ကြံ့ခိုင်မှုအတွက် ပထမနှစ်ကတည်းက လေ့ကျင့်ပေးပြီးဖြစ်၍ ယခု ဒုတိယနှစ်တွင် ကျွမ်းကျင်မှု ရှိစေရန် နင်းကန် လေ့ကျင့်ရပါသည်။ ၀င်မပြိုင်၍လဲ မရပါ။ လူတိုင်းမဖြစ်မနေ ပြိုင်ရပါမည်။

တတန်းဘား(ခေါ်) သံတန်းတတန်းအား လူ၏ လက်တဖောင်ကျော် ၂ ပေခန့် ပိုမြင့်သော ဒေါက် တိုင် ၂ တိုင်ဖြင့် ထောက်မတပ်ဆင်ထားသည့် သံတန်းကို လက်နှစ်ဖက်ဖြင့် တွဲခိုကာ အရှိန်ယူရသည်။ လူသည် ပုခက်ကဲ့သို့ လွှဲရှိန် ရလာသောအခါ ခြေနှစ်ဘက်နှင့် ခါးကိုလွှဲရှိန်နှင့် အလိုက်သင့် ရိုက်ခတ်၍ ကမ္ဘာ့ ဆွဲအားကို ရုတ်ချည်းဆန့်ကျင်ကာ ဆွဲခိုထားသော သံတန်းဘားကို မိမိ၏ ဆီးခုံခါးရိုးနှင့် ထိအောင် လက်ဖြင့် ဆွဲကုပ်ယူရခြင်း ဖြစ်ပါသည်။ စာဖြင့် ရေးပြရာသည်မှာ လွယ်သယောင် ရှိသော်လဲ လက်တွေ့ လုပ်ရသောအခါ မလွယ်ကူပါ။ လူကို ပုခက်သဖွယ် လွှဲနေနိုင်အောင် လက်ဝါး နှစ်ဘက်ကလဲ ဆုပ်အား ကောင်းဦးမှ၊ လွှဲရမ်း၍ အရှိန် မြင့်တက်လာအောင်လဲ ခါးရမ်း ကွေးညွတ်ခြင်းကို အင်နားရှားနှင့် ကာရံညီ စည်းချက်ချ အရှိန်တင် လွှဲနိုင်ဦးမှ၊ အရှိန် ရလာသောအခါတွင်လဲ လက်ကိုင်ထားသော တန်းပေါ် မိမိ ကိုယ်ခန္ဓာ အပေါ်ပိုင်း တခုလုံးရောက်အောင် လွှဲရိုက် တင်နိုင်ဖို့လဲ သန်မာမှု ရှိဦးမှ စသည်ဖြင့် အမျိုးမျိုး လိုအပ်သည်။

ထို့အပြင် နှစ်တန်းဘား၊ ရိမ်းဘားကွင်းခိုခြင်း၊ မြင်းဘား(ဟော့စ်ဘား) (ခေါ်) တုံးခုန် ကျော်ရခြင်း စသော ပြိုင်ပွဲဝင်နည်း အမျိုးမျိုးကို စနစ်တကျ လေ့ကျင့် ပြိုင်ပွဲဝင်ရ၏။ မလွယ်ပါ။ ခက်ခဲစွာ ၀င်ပြိုင်ရပါသည်။

ပြိုင်ပွဲဝင်ရန် လေ့ကျင့်ရင်း စာပေ ကဏ္ဍကိုလဲ လက်မလွှတ်ရဲပါ။ စာပေတွင် ပထမနှစ်လောက် သက်သာခွင့် မရတော့ပါ။ ထိုအတွင်း နောက်ထပ်ရောက်ရှိလာသော စစ်ကျွန်သစ် ပထမနှစ် ဗိုလ်လောင်းများကို ၀ိုင်းဝန်း ကြပ်မတ်ရပါသည်။ တချို့ကတော့ ကိုယ်ပထမနှစ်တုန်းက ခံခဲ့ရသည်။ ယခု စီနီယာဖြစ်လာပြီမို့ ပြန်နှံမည် ဟု ကလဲ့စားချေ အကြွေးဆပ် စိတ်ကူးဖြင့် ပထမနှစ် ဂျူနီယာများကို အပြစ်မရှိ အပြစ်ရှာ ခေါ်ယူ အပြစ်ပေးကာ ငပွကြီး၊ ငပဲ့ကြီး လုပ်တော့သည်။ ကျနော်ကမူ စစ်တက္ကသိုလ်၏ စီနီယာ မပီသဟု ဆိုချင် ဆိုပါ။ ကိုယ့်ကို ပြန်လည်ပြောခွင့်၏ ခုခံခွင့်မရှိသော ဂျူနီယာတစ်ယောက်အား နိုင်လိုမင်းထက် အပြစ် ပေးပြီး ကိုယ့်ကိုကို သန္ဓိတင် လိုသော အာဏာရှင်နောက်လိုက် မြို့စားရွာစား စိတ်ဓာတ်ပုံစံမျိုး မလုပ်ချင်ပါ။

ထိုသိုသော ဂျူနီယာများကို နှိပ်စက်ညှဉ်းပမ်းလေ့ ရှိသူတစ်ဦးက ပြောဖူးပါသည်။

“ဒီကောင်တွေကို အုပ်တာ (အပြစ်ပေးခြင်ကို အုပ်သည်ဟုခေါ်သည်) သက်သက်မဲ့ လုပ်နေတာ မဟုတ်ဘူး ကွ။ စိတ်ဓာတ်ရော၊ ကိုယ်ခန္ဓာပါ ကြံ့ခိုင်အောင် မဖြစ်မနေလုပ်ပေးနေတာ” ဟူ၍။

တရားဝင် အပြစ်ပေးခြင်း နည်းလမ်းများဖြင့် ကျန်းမာကြံ့ခိုင်စေရန် လေ့ကျင့်ပေးခြင်းကို အပြစ်မဆိုပါ။ သို့သော် နိုင့်လိုမင်းထက် အနိုင်ကျင့် နှိပ်စက်ကလူပြုခြင်း တို့ကိုမူ လေ့ကျင့်ပေးခြင်းဟု ကျနော်မမြင်ပါ။ နိုင်လိုမင်းထက် အနိုင်ကျင့် နှိပ်စက်သည်ကိုလဲ စစ်တက္ကသိုလ် အုပ်ချုပ်သူများက လျစ်လှူရှုထားကြ၏။

မည်သို့ပင်ဆိုစေ၏ မြန်မာစစ်တပ်သည် အထက်ကို လက်အောက် ငယ်သားတို့က အလွန်အကျူး ကြောက်ရွံ့ ရိုသေအောင် နည်းမျိုးစုံဖြင့် ခြောက်လှန့် ပုံသွင်း ပေးခြင်းသာဖြစ်သည်။ ခေါင်းဆောင်ပီသသူကို နောက်လိုက်က ရိုသေလေးစားရန် စံနမူနာပြ နေထိုင်ခြင်း၊ လေ့ကျင့်ပေးခြင်း မဟုတ်ပဲ မည်သည့် အဆင့်အတန်း၊ မည်သည့် စိတ်ဓာတ်ရှိသူဖြစ်စေ၊ အထက်အရာရှိ ဖြစ်နေပါက ရိုသေကြောက်ရွံ့ရမည်။ ထိုသူ၏ အမိန့်သည် တရားဝင်ဝင် မ၀င်ဝင် ဘယ်လိုပဲ ဖြစ်ဖြစ် လိုက်လုပ်ရမည်။ ထိုသို့သာ အဓိက ပုံသွင်း၏။

ယင်းကား အာဏာရှင်စနစ်၏ အောက်ခြေဖွဲ့စည်းပုံ အစတည်း။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့ စစ်တပ်... ဘာတွေဖြစ်နေလဲ (၃၂)

ဤတွင် ပင်ကိုယ်စာရိတ္တ ဖြောင့်မတ်မှု မရှိသောသူများ၊ လောဘကြီးသောသူများ၊ နေရာကောင်းယူ ကိုယ်ကျိုးရှာလိုသူများ အတွက် စစ်အာဏာရှင် စနစ်ကြီးအတွင်း အထက်အောက် ဖိနှိပ်အုပ်ချုပ်မှု ယန္တရား ကြီး၏ လည်ပတ်မှုတွင် နေရာတနေရာမှာ ပါဝင်မှန်းမသိ ပါဝင်နေရကာ ရရှိသော စည်းစိမ်ဥစ္စာ အခွင့်အရေး တို့ဖြင့် ဘ၀မေ့ကြတော့သည်၊ စစ်မှန်သော မျိုးချစ်စိတ် ဆိုသည်ကို လျစ်လျူရှုလာနိုင် ကြတော့သည်။ ကိုယ်ကျိုးရှာခြင်းဖြင့် ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးကို စစ်အာဏာရှင်ကြီး ထိပ်သီးများအတွက် ရောင်းစား နေကြသည်။

အခွင့်အရေးကို မက်မောအောင် ဘယ်လိုလေ့ကျင့် ပုံသွင်းပေးပါသလဲ။

စစ်တက္ကသိုလ်တွင် အမြဲတမ်းအပတ်စဉ် လေးခုရှိပါသည်။ နောက်ဆုံးနှစ် ဖိုင်နယ်၊ ဗိုလ်လောင်း တတိယနှစ် (Senior one ဟုခေါ်သည်)၊ ဗိုလ်လောင်းဒုတိယနှစ် (Second year ဟုခေါ် သည်)၊ ဗိုလ်လောင်းပထမနှစ် ဂျူနီယာဗိုလ်လောင်း စသည့်ဖြင့်ရှိရာ စီနီယာပေါ်မူတည်၍ အခွင့် အရေး ခွဲခြားထား၏။

ဥပမာတခု။
စစ်တက္ကသိုလ်တွင် တိုက်ပုံအင်္ကျီကို ဗိုလ်လောင်းတိုင်း ၀တ်ဆင်ရ၏။ ဧည့်တွေ့ချိန်တွင် လည်းကောင်း၊ ထမင်းစားဆောင်တွင် ရုံးဖွင့်ရက် ညနေစာ စားစဉ် လည်းကောင်း၊ ညစာကြည့်ချိန်တွင် လည်းကောင်း၊ အမြဲ တစေ ၀တ်ဆင်ရ၏။ ဒါက စစ်တက္ကသိုလ်၏ ပင်မစည်းကမ်းချက် တစ်ခုဖြစ် ပါ၏။ ယင်းတိုက်ပုံ ၀တ်ခြင်းပေါ် မူတည်၍ နှစ်အလိုက် အခွင့်အရေး ခွဲခြားထား၏။

ပထမနှစ် ဗိုလ်လောင်းတိုင်းသည် အတွင်းခံ လည်ကတုံး အင်္ကျီဖြူကို ၀တ်ဆင်ရပြီး ပင်နီတိုက်ပုံ (ဖျင်ကြီးကို တိုက်ပုံကြယ်သီး ကြိုးကွင်းတွင် ဘုသီးလျှိုသပ်ခြင်း) အပြည့်တပ်၍ လည်စိ ၀တ်ရသည်။ ပထမနှစ် ကုန်ရန် တလ အလိုတွင်မှ တိုက်ပုံကြယ်သီးဖြုတ်၍ ၀တ်ခွင့်ရသည်။ ထိုတိုက်ပုံ နှင့် ပုဆိုးကိုသာလျှင် တနှစ်နီးပါး ၀တ်ဆင်ရသည်။ အခြားဝတ်ခွင့်လဲ မရှိ။

ဒုတိယနှစ် ဗိုလ်လောင်းဆိုလျှင် တိုက်ပုံ အင်္ကျီ ကြယ်သီးဖြုတ်၍ ၀တ်ခွင့်ရသော်လဲ အတွင်းခံ အင်္ကျီကိုမူ သတ်မှတ် အင်္ကျီဝတ်ရသည်။ ကြောင်ကြောင်ကြားကြား ခေတ်ပေါ်ဝတ်ခွင့်မရှိပါ။ တတိယနှစ်နှင့် စတုတ္ထနှစ် တို့တွင် တိုက်ပုံနှင့် ပတ်သက်၍ အထူးတလည် မကွဲပြားသော်လဲ ဖိုင်နယ်ဗိုလ်လောင်းမှာ နည်းပြအရာရှိများ အလစ်တွင် တိုက်ပုံချွတ်၍ လမ်းသလားနိုင်၏။ တတိယနှစ်ကတော့ မရ။ စည်းကမ်းအတိုင်း ၀တ်ဆင် ရသည်။

ဒါကတော့ တိုက်ပုံနှင့်ပတ်သက်၍ အဆင့်လိုက် ခွဲခြားဝတ်ဆင်ပုံ အကြမ်းဖျဉ်းသာ ရှိသည်။ မည်သူတွေက စတင် သတ်မှတ်ခဲ့သည် မသိပါ။ ကျနော်တို့ ခေတ်အထိ ဤသို့ အခွင့်အရေးကို ရယူလိုစိတ်၊ ရှာဖွေတောင်း ယူလိုစိတ် ဖြစ်လာအောင် ဆင့်ကဲ နည်းပြဖြစ်ခဲ့ပေသည်။

တဖန် လမ်းလျှောက်ပုံ၊ အပြေးတက်ပုံနှင့် ပတ်သက်၍ ကွဲပြားသေး၏။ ပထမပိုင်းတွင် ကျနော် ပြောခဲ့သည့် အတိုင်း ပထမနှစ်ဆိုလျှင် အရိပ်အ၀ါသအောက်မှ လွဲ၍ လက်သီးဆုပ်နှစ်ခုကို ရင်ဝမှာကပ်၍ အပြေးတက် ရသည်။ လမ်းလျှောက်ခွင့် မရှိ။ အရိပ် အမိုးအောက်ဆိုလျှင်လဲ ကိုးဆယ်ဒီဂရီပြည့် လက်လွှဲရသည် ဆိုခြင်းအား သိပြီးဖြစ်လိမ့်မည်။ လက်သီးဆုပ်ရခြင်းအား ညအိပ်ရာဝင် ချိန်မှ လွဲ၍ လက်သီးဆုပ် ထားရ၏။ (ဘယ်လောက်ထိ အကျင့် ပါသွားသည်ဆိုလျှင် ခွင့်ပြု၍ မိဘအိပ်ပြန်ရောက်ချိန် (၁)ပတ်ခန့် အထိ လက်သီးဆုပ်ရက် နေနေမိသည်) ဒုတိယနှစ်ဆိုလျှင် နေရာတကာ အပြေး မတက်ရသော်လည်း လက်သီး ဆုပ်ထားရခြင်း ကိုတော့ တစ်နှစ်လုံး လိုက်နာရသေး၏။ အပြေးတက် အပြေးဆင်းခြင်းကို မဖြစ်မနေ လုပ်ရသော ပီတီကုန်းသို့ ပြေးတက် ပြေးဆင်းခြင်းကိုကား ပ နှစ်ရော၊ ဒု နှစ်ပါ ရှောင်၍မရ၊ ပြေးတက် ပြေးဆင်းရသည်။

ပြေးပုံပြေးနည်းတွင် ပနှစ်နှင့် ဒုနှစ်တို့ ရရှိသောအခွင့်အရေး ကွာခြားသေးသည်။ ပ နှစ်သည် လက်သီးဆုပ် နှစ်ဘက် ရင်ဝမှာကပ်၍ (လုံးဝမကွာရ၊ အရှိန်ယူပြေးရန် ဆို၍တောင် ကွာ၍မရ၊ စီနီယာတွေက ခေါ်ပြီး ချက်ချင်း အပြစ်ပေးသည်) ပြေးတက်ပြေးဆင်းရသည်။ ဒုနှစ်ရောက်တော့ ပြေးတက်ပြေးဆင်း လုပ်ရာတွင် လက်နှစ်ဘက် ရင်ဝကပ်စရာ မလိုတော့ပါ။ ထိုသို့ ပ နှစ်ထက် အခွင့်အရေး ပိုသာကြောင်း ပြချင်ဂုဏ်ယူချင် သော စီနီယာတို့ ရှိခဲ့သည်ထင့်၊ ဒု နှစ်တို့သည် လက်သီးဆုပ်ထားသော လက်နှစ်ဘက်ကို ဆန့်ချ၍ ကားယား ကားယားဖြင့် ပြေးကြ၏။ (ကြည့်ရ သည်မှာ ရှောက်သီးဆေးပြားသည် အခြောက်တို့ ဘတ်စ်ကား မှီအောင် အပြေးတက်လိုက်သော အခါ မိန်းမလျှာတို့၏ ဟန်ဖြင့် ပြေးတက်ရပုံမျိုးနှင့် တူသည်ဟု ကျနော် မြင်သည်) ဒု နှစ်တို့သာ ရနိုင်သော သည်လိုအခွင့်အရေး မျိုးဖြစ်သည့် ပြေးပုံပြေးနည်းမျိုးကို ကျနော်တို့ ဒု နှစ်ရောက်လာ သောအခါ ပြေးကြသူ သူငယ်ချင်းများ ရှိပါသည်။ အတုမြင် အတတ်သင်ခြင်းသာ ဖြစ်ပါသည်။ ကျနော်တို့ကတော့ စီနီယာတို့ လုပ်ခဲ့သည်ဆိုသည့် အစဉ်အလာတိုင်းကို လိုက်မလုပ်ပါ။ မိမိ နှစ်သက်သော အလေ့အကျင့် ကောင်းများကိုသာ ယူပါသည်။

ဆံပင်ညှပ်ရာတွင်လဲ စီနီယာအလိုက် အဆင့်လိုက် ကွာသေးသည်။ ကျနော်တို့ ပ နှစ်မှာကား ဘုံကျွန် သာသာ ဖြစ်သည့်အတိုင်း ကိုယ်ခန္ဓာ အလှအပ ဆင်ချိန်ပြင်ချိန် မရှိပါ။ မရှိအောင်လဲ စစ် စည်းကမ်းက အံကျဖြစ်အောင် ဖန်းတီးပေးထားသလို ရှိ၏။

စစ်ပုံစံကျဖြစ်အောင် ကျနော်တို့သည် ဆံပင်ကို “ရှေ့တလက်မနောက်ပြောင်” တိတိကျကျ ညှပ်ရသည်။ နည်းနည်းမှ ပုံမရှည်ရ။ စီနီယာ တစ်ဦးဦးက ပ နှစ်တစ်ဦး၏ ဆံပင်ကို လှမ်းကိုင်ကြည့် ပါက လက်ညှိုးနှင့် လက်မကြားတွင် ညှပ်၍ ကိုင်လို့ရသည်အထိ ရှည်နေသည်ဆိုလျှင် ထိုဂျူနီယာသည် အပြစ်ပေးခံရ တော့မည် ဖြစ်သည်။ ထို့ကြောင် ever ဘိုကေဖြင့် တစ်နှစ်လုံးနေခဲ့ ရ၏။

ဒုတိယနှစ်ကျတော့ ဤသို့မဟုတ်။ ဦးခေါင်း၏ ဘေးပိုင်းနှင့် နောက်ပိုင်းကိုသာ ပြောင်အောင် ညှပ်ရသည်။ ဦးဆမုတ်တော့ ရှည်ခွင့်ပေးထားသည်။ ထို့ကြောင့် ဒုနှစ်တို့သည် သူတို့၏ အထူး အခွင့်အရေး ရထားသော ဘိုကေကို ဆီရွဲအောင်လိမ်းကာ ဖြီးလိမ်းထားကြသည်။ ကျနော်တို့မှာကား (အုန်းဆီမလူးလျှင် အပြစ်ဖြစ် မည် ဖြစ်သောကြောင့်သာ အုန်းဆီလူးထားရသည်) ဖြီးစရာ ဆံပင်ကား မရှိပါ။ အမြဲထိုးထိုး ထောင်ထောင်၊ ဦးခေါင်းပြောင်ပြောင် ထောင်သားတွေကဲ့သို့ ရှိ၏။ အကျဉ်းသား လူသစ်လေးများကဲ့သို့ ပေပေစုတ်စုတ် ဖွာလန်ကျဲ ဆံပင်ပုံဖြစ်၏။

တတိယနှစ်များကျတော့ ဆံပင်ကို ရုပ်ဆိုးသည်အထိ အရှည်ထားခွင့် မရသော်လည်း အတော် ရှည်ကြ၏။ အထူး သိသာသည်မှာ နောက်စေ့တည့်တည့်မှ ဆံပင်အုပ် ထူထူကြီးများကို စစ်ဦးထုပ်၏ အောက်ခြေမှ မြင် နေရခြင်းဖြစ်သည်။ စစ်ပုံစံအရ ဘေးနားသယ်နှင့် လည်ကုတ် ၀န်းကျင်ကိုတော့ ပါးအောင် ရိပ်ထား၊ ညှပ်ထားပြီး အပေါ်ပိုင်းကိုတော့ ရှည်လျားစွာ ထားသည့်အတွက် (အုန်းသီးကို ဓားဖြင့် စောင်းဖြတ် ဖြတ်ထားသောအခါ မြင်ရသော လျောစောက်ပုံ ဆံပင်မည်းမည်းမှ အသားဆီသို့ တိုက်ရိုက် ပါးဆင်းသွားပုံ) ကြည့်ရသည်မှာ အထူးအဆန်းပင် ဖြစ်၏။

ဖိုင်နယ်များကား ဆံပင်ညှပ်ချင်မှ ညှပ်သည်။ တချို့ အရပ်သားပုံ ပေါက်နေပြီး မညှပ်ပါ။ နည်းပြ အရာရှိတို့ မြင်မှ၊ ညှပ်ခိုင်းမှ ပြေးညှပ်ကြသည်။ သူတို့က အကြီးဆုံး စီနီယာတွေကိုး။ နည်းပြ အရာရှိ စစ်ဗိုလ်တွေထဲ ကြည့်လိုက်လျှင်လဲ ဆံပင်ကို စစ်ပုံစံတကျ ညှပ်ထားသောသူ အလွန်ပင် ရှားပါသည်။ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဆိုသော စကားသည် ထိုအချိန် ကတည်းက စစ်တပ်တွင် အမြစ်တွယ် ခိုင်မာနေ ပေပြီ။

Outpass ထွက်ခြင်းခေါ် တပ်ပြင်ထွက် လည်ပတ်ချိန် ရောက်ပြန်လျှင်လဲ စီနီယက အရင်ဆုံး ထွက်ပြီး ကျနော်တို့ ဂျူနီယာတွေက နောက်ဆုံးမှ ထွက်ကြရသည်။ ပြန်ဝင်ချိန်ကျတော့ ကျနော်တို့က အစောဆုံး ပြန်ဝင်ရသည်။ ပြန်ဝင်ချိန် ဘယ်နှစ်နာရီမှာ ပြန်တန်းစီမယ် ဆိုသော ကြိုတင် အမိန့်နှင့်အတူ စည်းကမ်း များပါ သတ်မှတ်ပေးလိုက်သည်။

တပ်ပြင်ထွက်ချိန်တွင် အရက်မသောက်ရ၊ ဆေးလိပ်မသောက်ရ၊ အရေအသွေး ညံ့ဖျင်းသော၊ အခင်း အကျင်းညံ့သော အပေါစား ဆိုင်များတွင် ဈေးဝယ်ခြင်း၊ စားသောက်ခြင်း မပြုရ၊ ရပ်ကွက်ကြိုကြား မသွားရ၊ ကန့်သတ် နယ်မြေမသွားရ၊ လျှပ်စစ်ပစ္စည်း မ၀ယ်ရ။ မည်သည့်နေရာ၊ မည်သည့်ဆိုင်တွင် ဖြစ်စေ ထိုင်နှင့် နေသော ဂျူနီယာတို့သည် ၀င်လာသော စီနီယာတစ်ဦး တစ်ယောက်ကိုမြင်လျှင် ချက်ချင်း မတ်တပ်ရပ် အရိုအသေ ပြုကြရသည်။ အရာရှိ တစ်ဦးတလေကို တွေ့သည်ဆိုလျှင်လဲ ချက်ချင်း အလေးပြုကြရသည်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လက်ကို စစ်သားပီပီ လေးဆယ့်ငါး ဒီဂရီ အားမာန်ဖြင့် လွဲကြရသည်။ ထိုအချက်များ တချက်တလေ ဖောက်ဖျက်ရုံမျှဖြင့် ကျောင်းသို့ပြန်ရောက်လျှင် အပြစ်ပေး ခံရတော့ မည်မှတ်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၅)

Read More...

ယနေ့ စစ်တပ်..... ဘာတွေဖြစ်နေသလဲ (၃၁)

ရန်ကုန်ဘူတာကြီးသို့ ရထားတွဲကြီး တအိအိဖြင့် ၀င်လာပါသည်။ အဝေးကပင် ကြားနိုင်သော စစ်သီချင်း ဆိုသံများ၊ ပေါက်ကရ အော်ဟစ်သံများနှင့် ရထားနံရံကို ထု၍ စည်းချက်လိုက်သံများ ဆူညံစွာ ကြားလာရပါသည်။ ဤသို့ ရထားတွဲ နံရံ သံပြားများကို တွေ့ကရာ ပစ္စည်းများဖြင့် ထုနှက် သီချင်းဆိုခြင်းကို တားမြစ်သော မီးရထားဝန်ထမ်း တစ်ဦးတစ်ယောက်မျှ မရှိပါ။ စစ်အာဏာရှင်ခေတ် ဖြစ်ပေသည်ကိုး။ ဘူတာတွင်းသို့ ဆူညံအော်ဟစ်၍ တတွဲလုံး ပွက်လော ရိုက်အောင် ပျော်ရွှင်လာ ကြသော ရထားတွဲမှာ ကျနော်တို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ သီးသန့် ရထားတွဲ ဖြစ်ပါသည်။ ကြိုဆို စောင့်ဆိုင်းနေကြသော ဗိုလ်လောင်းဆွေမျိုးများနှင့် အခြား ခရီးသည်များကတော့ ကျနော်တို့ ဗိုလ်လောင်းများအပေါ် အထင်ကြီးမည်လား၊ ရှုတ်ချမည်လား မပြောတတ်ပါ။ ကျနော်တို့ အုပ်စုဖွဲ့ နေရခိုက် အပျော်တွေစုဆုံ ပေါက်ကွဲ ပျော်ရွှင်ခဲ့ကြပုံကို ယခုအချိန် ပြန်တွေးမိသောအခါ ကျနော် ရှက်မိပါသည်။

စစ်တပ်၏ အထက်အရာရှိမှတပါး မည်သူ့ကိုမျှ ကြောက်စရာ မလိုသော အာဏာရှင် နို့စို့ခံ အာဏာရှင် အငယ်စားလေးများ၏ မာန်ဘ၀င်နှင့် လုပ်ပိုင်ခွင့် ဘ၀ကို ယစ်မူးနေခဲ့မိသော ကျနော်တို့ ၁၉ နှစ်သား လူရွယ်လေးများ၏ ခံစားချက်၊ အရောင်စွန်းထင်းမှု၊ ပုံသွင်းပြုပြင်မှု နောက်သို့ နားယောင်ခံစား လိုက်ပါမှု၊ အာဏာတန်ခိုး၏ ယစ်မူးမှုကို နှစ်ခြိုက်ဖြေသိမ့်မှု စသော အထွေထွေ ပြောင်းလဲမှု စံနှုန်းနှင့် ဖြစ်ပျက်မှုတို့ကို နားလည်ခံစား ခွင့်လွှင်သူ ရှိကောင်းရှိမည်။ သရော်ပြုံး ပြုံးသူလည်း ရှိမည်။ အထင်ကြီး အားကျမှုနှင့် ကြည့်သူ၊ မှုန်မှိုင်းရီဝေ အသက်မပါသော မျက်လုံးနှင့် ကြည့်သူလည်း ရှိမည်။ အစွယ် တဖွေးဖွေး ကောက်ကျစ်သော အပြုံးကြီးများနှင့် ကျေနပ်နေသော စစ်အာဏာရှင်ကြီးများ၏ အခြောက်၊ အမြူ၊ အကြိမ်းအချော့ အခွင့်အရေးပေး ကာကွယ်လွှမ်းမိုးကာ အနာဂတ်၏ သားကောင်း များဟု အမည်တပ်၍ အထက်အရာရှိ ခိုင်းလျှင် ဘာမဆိုလုပ်မည်၊ လုပ်ဝံ့သည်၊ လုပ်ကိုလုပ်ရမည်၊ မလုပ်ချင်လဲ လုပ်ရမည်၊ မလုပ်သင့်လဲ လုပ်ရမည်၊ မည်သည့်နည်းနှင့်မဆို အထက်အရာရှိက ခိုင်းလျှင် ဘာမဆို လုပ်မည်ဖြစ်သော အာဏာရှင် လက်ဝေခံ အာဏာရှင် အငယ်စားလေးများ ကတော့ မိဘ ပြည်သူများရှိရာ မြို့ပြလူနေမှု စနစ်ဆီသို့ ခွင့်ပြန်လာခဲ့ပါပြီ။

ကျနော့်ဖေဖေကတော့ ကျနော်အား သားကောင်း ရတနာတစ်ယောက် ဖြစ်စေလိုကြောင်း ပြောဖူးပါ သည်။ ကဗျာ ဆရာကြီး တစ်ဦး၏ ကဗျာတစ်ပုဒ်ထဲမှ စာသားလေးကို ရေးပို့ဖူးပါသည်။ အရပ်သား ရုံးဝန်ထမ်း စစ်စစ်ဖြစ်သော ကျနော့်ဖေဖေသည် အာဏာပိုင်သော၊ စစ်ဗိုလ် စစ်သားများကို အလွန် ကြောက်ပါသည်။ သူကြောက်ရွံ့ ထိမ့်လန့်ရသော မြန်မာပြည်၏ တန်ခိုးထက်သော စစ်ဗိုလ် လူတန်းစားတွင် သူ့သား ပါလာတော့မည်မို့ သူပျော်နေလား၊ မပျော်ဖူးလား ကျနော်မတွေး တတ်ပါ။ “ငါ့သားကြီးလုံးလုံး၊ စစ်သားကြီး ရှုံးလောက်တဲ့” ဟု ကျနော်ထင်သည်။ ကြေးနီရောင် သန်းနေသော ကိုယ်ရောင်ဝါနှင့် သံချောင်းတမျှ မာကျောသော ကြွက်သားများပိုင်ရှင် ရှေးခေတ် မြန်မာစစ်သား များကို ရည်စူး စပ်ဆိုထားသည့် ကဗျာဖြင့် ကျနော်ကို ရည်ရွယ် ရေးပို့ပါသည်။

ဟုတ်ပါသည်။ ကျနော့်ဖေဖေသည် ကျနော့်အား အနာဂတ် နိုင်ငံတော်၏ သားကောင်းတစ်ယောက် ဖြစ်စေလိုပါသည်။ အများပြည်သူ၏ လေးစား အားထားကိုယ်းစား ယုံကြည်သည့် (ဗိုလ်ချုပ်အောင် ဆန်းကဲ့သို့) မျိုးချစ် ခေါင်းဆောင်တစ်ယောက် ဖြစ်စေလိုပါသည်။ တိုင်းပြည်နှင့် ယှဉ်သော၊ တန်ဖိုး ရှိသော လူငယ်တစ်ယောက် ဖြစ်စေလိုပါသည်။ ဖခင်၏ ရည်မှန်းချက်ကို သူရေးထားသော စာများ၊ သူပေးပို့သော (ကျနော်ခိုးဖတ်ရသည့် စာအုပ်များ) စာစောင်များကို ကြည့်၍ ကျနော် နားလည် ခံစား မိပါသည်။ သို့သော် ထိုအချိန်က အာဏာကို အတန်ငယ် ယစ်မူးနေပါသည်။

ယာဉ်မောင်းနှင်ခွင့် လိုင်စင်မရှိပဲ ရန်ကုန်မြို့တွင် ကားများ၊ ဆိုင်ကယ်များ မောင်းနှင်ပြီး အသေးအဖွဲ စည်းကမ်းများ ဖောက်မိသည့်တိုင် စစ်တက္ကသိုလ် ဗိုလ်လောင်း ကပ်ပြားလေး ပြလိုက်ရုံဖြင့် မည်သူမျှ အရေးမယူသော လုပ်ပိုင်ခွင့်ဘ၀ကို လည်းကောင်း၊ (ပြစ်မှုကြီးများဖြစ်သော ယာဉ်တိုက်မှု၊ လူသေမှု များ ဖြစ်ရင်တော့ သက်သာမည် မထင်ပါ။ ကျနော် မဖြစ်ဖူး၍ မသိ)၊ ရပ်ကွက်ရှိ ရ၀တ လူကြီးများ၊ မီးသတ် အဖွဲ့အစည်းများက တလေးတစား ဆက်ဆံခြင်း ခံရသော ဆံပင်တိုတို စစ်ပုံစံ လူငယ်လေး တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ကျေနပ်မိသော အခြေအနေကို လည်းကောင်း၊ သမက်တော်လို သော သမီးရှင်များ၏ ဖော်ရွေမှု (ထိုအချိန်ထိ စစ်ဗိုလ်များ ဈေးကောင်းသေးသည်။ ယခုတော့ မည်သို့ရှိမည် မသိပါ။ ကျနော်လဲ ကလေးအဖေ ဖြစ်နေပါပြီ)၊ ရပ်ကွက်ထဲတွင် ကျနော်မိဘများ ဂုဏ်ယူ ၀င့်ကြွားရမည် (ထိုစဉ်က ကျနော်အထင်ပါ)ဟူသော သားသမီး တစ်ဦး၏ မိဘအပေါ် ဂုဏ်တင်စေမည့် ခံစားချက်လေးဖြင့် လည်းကောင်း၊ ကျနော်သည် ကိုယ့်ဘ၀ကိုယ်၊ ကိုယ်အဆင့်ကိုယ် အတိုင်းထက် အလွန် ကျေနပ် နှစ်သက်နေခဲ့ မိပါသည်။ ထိုအရာတွေသည် ခုနှစ်သက္ကရာဇ် ၁၉၉၅ ခုနှစ်က ကျနော့်အတွေးများဖြစ်ကြောင်း ကိုတော့ စကားမစပ် ပြောပါရစေ။

ထိုသို့ ပကာသန ဖက်သော ဂုဏ်ယူဝင့်ကြွားခြင်း ခံစားချက်ဖြင့် မိဘမောင်ဘွား ဆွေမျိုးများ ထံသို့ လိုက်လံ လည်ပတ်ပါသည်။ ကြွားဝါပါသည်။ မုန့်ဖိုး တောင်းပါသည်။ လူကြီးဆန်သော အမူအရာနှင့် လူငယ်စကားကို ပြောကာ ကျနော်တို့ ဆင်းရဲ ပင်ပန်းခဲ့သည့် အခြေအနေ တစ်ချို့ကို ပြောပြပါသည်။ အကုန်လုံး ပြောပြလျှင် ယုံချင်မှလဲ ယုံမည်။ ကျနော် မလိမ်တတ်မှန်းသိသူ မိဘတွေ အလွန်တရာ သနားဂရုဏာ စိတ်ဖြင့် ယူကျုံးမရဖြစ် မည်ကိုလည်း စိုးရိမ်မိပါသည်။ ထို့ကြောင့် အကုန်လုံးကို ကျနော် မပြောပြပါ။ သနားသော ဆွေမျိုးများက ကျောင်းသွားပြန်တက်လျှင် သုံးရန် မုန့်ဖိုးများ ပေးပါသည်။ ဟိုသွားလည်၊ သည်လျှောက်လည်ဖြင့် ၁၀ ရက်ခန့် ကြာသောအခါ ပျင်းသလိုလို ဖြစ်လာပါသည်။ ကျောင်းတက်နေသော (၁၁)လလုံး လိုလိုမှာ တရစပ် ကိစ္စများဖြင့် ချာချာလည်နေခဲ့ပြီ။ ယခုတလ အတောအတွင်း ဘာအလုပ်မှ မရှိတော့သောအခါ အလေ့အကျင့် ပြောင်းလဲရသည့် အတွက်လားမသိ၊ ပျင်းသလိုလို ဖြစ်လာပါသည်။ အိပ်ရေးဝအောင်အိပ်ရပြီး၊ ဗိုက်ဝအောင် စားရ၍ ထိုခွင့် ၃ ပတ် အတွင်း တွင်ပင် ကျနော်သည် ပြည့်ဖြိုးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခဲ့ပါသည်။ ခွင့်ပြန်လာကာစက နီကျစ် သော ဆံပင်၊ မွဲခြောက်သော အသားအရည်၊ ပိန်လှီသော ခန္ဓာကိုယ်တို့သည် မိဘ၏ မေတ္တာရိပ်သို့ ခေတ္တမျှ ပြန်ရောက်ရုံနှင့် အတော်ပင် ပြောင်းလဲသွားကြောင်း အံ့သြစွာ သိခဲ့ရပါသည်။

အားလပ်သော အချိန်များအတွင်း စာဖတ်ခြင်းကိုသာ အလေ့အကျင့် တစ်ခုအဖြစ် မွေးမြူခဲ့ပါသည်။ ယနေ့ထက်တိုင် စာဖတ်ခြင်းကို စွဲမြဲခုံမင်စွာ ပြုလုပ်နေဆဲ ဖြစ်ပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေ ဟူသော စကားပုံသည် မှန်ကန်လှပါ၏။ စာဖတ်ခြင်း၊ တွေးခေါ်မြော်မြင်၊ စဉ်းစား ကြံစည်ခြင်းတို့ ကြောင့်သာ ကျနော်ဘ၀သည် ယခုလို အနိမ့်အမြင့် အတက်အကျရှိစွာ ပြောင်းလဲ လာခဲ့ခြင်း ဖြစ်ပါသည်။ စာမဖတ်၊ မျှော်မတွေး ခပ်အေးအေးသာ နေခဲ့ပါမူ ယခုထက်တိုင် စစ်အာဏာရှင် စနစ်၏ ကျေးကျွန် တစ်ဦးအဖြစ်နှင့် ထားရာနေ၊ စေရာသွား ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုသော စစ်သားအမည်ခံ၊ စစ်အာဏာရှင် တည်မြဲရေး အသုံးချခံ သားကောင် တစ်ဦးအဖြစ် မြန်မာ့သမိုင်း၏ ခေတ်ကို ယုတ်နိမ့်စေသော သမိုင်းတရားခံများ စာရင်းတွင် ကျနော် ပါဝင်နေဦးမည် ဖြစ်ပါသည်။ ယခုမူ စာပေမှရသော အတွေးအခေါ် အားမာန်ဖြင့် လွတ်လပ်သော အတွေးအမြင် ဘ၀ကို ပြန်ရအောင် ဖန်တီးနိုင်ခဲ့ပါပြီ။ တိုင်းပြည်အတွက် တကယ် လိုအပ်နေသော ကိုယ်ကျင့်သိက္ခာ တည်ကြည်သော စိတ်ဓာတ်မြင့်မား ခိုင်မာသော မျိုးဆက်သစ် လူငယ်တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကို မွေးမြူ တည်ဆောက် ကြိုးပမ်း နေနိုင်ခဲ့ပါပြီ။

စာအုပ်စာပေ၏ ကျေးဇူးသည် ကြီးမားပေစွ၊ ဒါတောင် လွတ်လပ်စွာ ရေးသားခွင့်မရှိသည့် စစ် အာဏာရှင် စနစ်အောက်ဝယ် စာပေ အနုပညာသည် တို့သည် တတ်စွမ်းသရွေ့၊ အခွင့်အရေး ရသရွေ့ တိုင်းပြည် ကောင်းစားရေး၊ မျိုးဆက်သစ်တို့ အညွန့်တလူလူ ရှိရေး၊ ကြိုပမ်း အကောင်အထည်ဖော် နေ၍ တော်သေးသည်။ မျိုးဆက်သစ်တို့ အညွန့်ကို ချိုးနှိမ်ရန် စစ်ဗိုလ်ချုပ်ကြီးများက ယုတ်မာ ပက်စက်သော အကြံဖြင့် ကြံစည် အားထုတ်နေကြချိန်တွင် စာပေပညာရှင်တို့ ကလဲ တဖက်တလမ်းမှ ရတန်သရွေ့ မျိုးဆက်သစ်တို့ ဘ၀ကို မြှင့်တင်ရန် ကြိုးပမ်းနေကြ၏။ ကျနော်တို့ မျိုးဆက်သစ် လူငယ် များ၏ အသိအမြင်ကို မြှင့်တင်ပေးနေခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ မျိုးချစ် စာရေးဆရာကြီးများ စာပေ အနုပညာရှင်များအား အနူးအညွတ်လေးစားစွာ ကျေးဇူးတင်ရှိပါသည်။

ဒုတိယနှစ် ဗိုလ်လောင်း သင်တန်းသားဘ၀ မရောက်ခင် စစ်တပ် အရာရှိလောကတွင် ရာထူးနှင့် နေရာလိုက် ၍ အခွင့်အရေး ရပိုင်ခွင့်ပေးခြင်းကို ဘယ်လိုကစ လေ့ကျင့်သည်ကို ရှင်းပြပါမည်။ အခြားသော ဗိုလ်သင်တန်းကျောင်းများတွင် ဤသို့ရှိမည် မရှိမည်ကို ကျနော်မတက်ဖူး၍ မသိပါ။ ကျနော် တက်ဖူးသော စစ်တက္ကသိုလ်မှ ပုံသွင်း ပြုပြင်မှုများ အကြောင်းကိုသာ ကျနော်ဆက်စပ် မှတ်မိ တွေးမိသလောက် ပြောပြပါမည်။

ဗိုလ်လောင်းဘ၀တွင် စီနီယာနှစ်အလိုက် အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ထားပါသည်။ သူ့အခွင့်အရေးနှင့်အတူ အချိန်တန်မှ ရတာမို့ စီနီယာများကလဲ သူတို့ရသည့် အခွင့်အရေးကို ဂျူနီယာက လိုက်တုလျှင် အပြင်းအထန်စိတ်ဆိုးပြီး မတန်မရာ အခွင့်အရေး ယူရမည်လား၊ အထက် စီနီယာကို ခြေရာတိုင်းရမည်လား ဆိုသော ကိုယ်တွေ့ယူ သင်ခန်းစာများဖြင့် အစဉ်အလာဖြစ်အောင် ဆင့်ကဲမျှဝေခဲ့ကြပါသည်။ ထိုသို့သော အခွင့်အရေးတို့ကို မက်မောတတ်သည့် စိတ်ဖြစ်အောင် အခွင့်အရေးရသူတို့ကို ကြည့်ပြီး အားကျ ကျေနပ်တတ်အောင် လိုက်လုပ်တတ်လာအောင် စိတ်ဓါတ် ရေးရာ သိမ်းသွင်းမှု၊ မြူဆွယ် ဖြားယောင်းမှုတို့ဖြင့် စစ်တပ် ရာထူး နေရာအပေါ် တပ်မက်မှု ဖြစ်စေ၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိတစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...