Wednesday, January 9, 2008

Firefox ရဲ့ လုပ်ဆောင်ချက်များ

မိုက်ကရိုဆော့ဖ်ရဲ့ Tnternet Explorer ဟာ လူသုံးအများဆုံး Web browser တခု ဖြစ်နေသေးပေမယ့် အသုံးပြုသူတော်တော်များများဟာ လိုသလို ထိမ်းချုပ် လုပ်ဆောင်နိုင်တဲ့ Mozilla ရဲ့ Firefox ပိုမို သဘောကျလာတာကို တွေ့ရပါတယ်။ Firefox ဟာ အင်တာနက်အတွက် စိတ်ကြိုက် အပြောင်းအလဲတွေ လုပ်နိုင်ပြီး အချိန်တိုတိုအတွင်း အများကြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာဖေါ်ပြတဲ့ အချက်တွေကတော့ Firefox2.0 ထဲမှာ စိတ်ကြိုက် ပြောင်းလဲမှုတွေလုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

Tab တွေ အသုံးပြုခြင်း

Firefox ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက တခုကတော့ tab တွေကိုသုံးပြီး စာမျက်နှာ အများအပြားကို အလွယ်တကူ ပြောင်းလဲ ကြည့်ရှုနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။

Tab အသစ်တခုကို ဖွင့်ချင်တဲ့အခါ menu ကနေ သွားစရာမလိုပဲ Ctrl+Tကီးအတွဲကို နှိပ်ရုံဖြင့် စာမျက်နှာ အလွတ်နဲ့ tab တခု ပွင့်လာပြီး corsor ကလည်း address bar အတွင်း ရောက်ရှိနေမှာဖြစ်ပါတယ်။ Web Link တခုကို Tab အသစ်တခုနဲ့ ဖွင့်ချင်တယ် ဆိုလို့ရှိရင် အဲဒီ Link အပေါ် Right-click လုပ်ပြီး Open link in New tab ကို ရွေးချယ်နိုင်တဲ့အပြင် Link ပေါ်မှာ Pointer ရွှေ့ကာ Click လုပ်ပြီးလည်း ဖွင့်နိုင်ပါတယ်။ (မြန်မာဘလော့ဂါများရဲ့ Blog Webside တွေမှာဆိုရင် အခြားမြန်မာဘလော့ဂါများရဲ့ Link အချို့တွေကို ထည့်ပေးထားတယ်။ ဒါပေမယ့် တချို့ကRight-click လုပ်ပြီး Open link in New tab ကို ရွေးချယ် လိုက်မှ Tab အသစ်တခုနဲ့ ပွင့်ပြီး တချို့ကတော့ Target ထည့်ထားတဲ့ အတွက် Pointer ကို Link ပေါ်မှာတချက်တည်း left click ပေးလိုက်ရုံနဲ့ new tab နဲ့ပွင့်လာတာပါ။ ကျနော့် ဘလော့မှာရှိတဲ့ မြန်မာဘလော့ဂါများရဲ့ Link တွေအားလုံး Target ထည့်ထားပါတယ် Left click ပေးလိုက်ရုံပဲ။) တချို့ Link တွေဟာ Click လုပ်လိုက်တာနဲ့ Windows အသစ်နဲ့ စာမျက်နှာ ပွင့်လာပြီး tab အနေနဲ့ပဲ ဖွင့်ချင်တယ် ဆိုရင်တော့ menu ထဲက Tools/Options../Tabs ဆီကိုသွားပြီး a new tab ကိုရွေးချယ်။ ပြီးရင် Ok ကိုနှိပ်ရပါမယ်။

Ctro+tab ကီးအတွဲကို နှိပ်တဲ့ အခါ tab နဲ့ဖွင့်ထားတဲ့ စာမျက်နှာတွေ အစဉ်လိုက်အတိုင်း ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပြီး Ctro+Shift+tab ကို အတွဲလိုက်နှိပ်တဲ့ အခါ tab စာမျက်နှာတွေကို ဘယ်ဘက်ကနေ ညာဘက်ဆီ ရွှေ့ပေးသွားမှာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ အခါ လျှင်မြန်စေမယ့် Key board Shortcut များ။

အင်တာနက်ကြည့်ရှုတဲ့အခါ Mouse အစား Key board ကိုသုံးတဲ့အတွက် ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ address bar ထဲ URL ရိုက်ထည့်ဖို့၊ ဒါမှမဟုတ် တခုခုရှာဖွေဖို့အတွက် Ctro+L ဒါမှမဟုတ် Alt+D ကိုသုံးနိုင်ပါတယ်။ Address bar ထဲမှာ domain name ရိုက်ထည့်ပြီး Ctro+Enter ကီး အတွဲကို နှိပ်လိုက်ရုံဖြင့် .com ။ Shift+Enter ဆိုရင် .net ။ Ctro+Shift+Enter ကိုဆိုရင် .org စတာတွေကို အလိုအလျှောက် ထည့်ပေးသွားမှာဖြစ်ပါတယ်။

0 ထင်မြင်ချက်: