Monday, July 21, 2008

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၃၈)

မည်သို့ပင် ဆိုစေကာမူ ကျနော်သည် စစ်တက္ကသိုလ်၏ စီနီယာဗိုလ်လောင်း ဖြစ်လာသည့်နည်းတူ ဂျူနီယာ ဗိုလ်လောင်းတို့အပေါ် ကောင်းသော စံနမူနာပြနိုင်အောင် ကြိုးစားပါ၏။ မဟုတ်တာ လုပ်ချင်သည့် စိတ်ပေါ်လာသည့်တိုင် ဂျူနီယာတို့ မမြင်အောင် ဖုံးဖိလုပ်ကိုင်၍ မကောင်းသော အတတ်ကို မသင်ပြပါ။ မည်သို့ပင် ဆိုစေကာမူ ကျနော်သည် စစ်တက္ကသိုလ်၏ စီနီယာဗိုလ်လောင်း ဖြစ်လာသည့်နည်းတူ ဂျူနီယာ ဗိုလ်လောင်းတို့အပေါ် ကောင်းသော စံနမူနာပြနိုင်အောင် ကြိုးစားပါ၏။ မဟုတ်တာ လုပ်ချင်သည့် စိတ်ပေါ်လာသည့်တိုင် ဂျူနီယာတို့ မမြင်အောင် ဖုံးဖိလုပ်ကိုင်၍ မကောင်းသော အတတ်ကို မသင်ပြပါ။ ကောင်းသော အတတ် အလေ့အကျင့်ကိုတော့ အားလုံးကို မျှဝေပါသည်။ စာဖတ်ခြင်း၊ ကောင်းသော စာဖတ်ခြင်း၊ အကျိုးရှိသော စာအုပ်၊ အကျိုးမဲ့သော စာအုပ် စသည်တို့ ဖြင့် ညီငယ် ဂျူနီယာများအတွက် အကျိုးရှိဖွယ် အကြောင်းတို့ကိုသာ သင်ကြားပေးခဲ့၏။ ကျနော် ၏ ဂျူနီယာ ဗိုလ်လောင်း သင်တန်းများမှ ဆင်းသော အရာရှိ အများစုသည် ကျနော် အမြဲပြောလေ့ ရှိသော စကားတစ်ခွန်းကို သူတို့ ကောင်းကောင်း မှတ်မိနေကြမည် ထင်ပါသည်။ “မျက်တောင် မွှေးတဆုံးမကြည့်နဲ့။ မျက်စိတဆုံးကြည့်ပါ” ဟူ၍ ကျနော် အမြဲပြောလေ့ ရှိခဲ့ပါသည်။ တိုင်းပြည်၏ လက်ရှိ ဖြစ်ပျက်နေပုံများကို မြင်အောင်ကြည့်၍ သိအောင် ကြိုးစားတတ်ရန် နီးစပ်သူများကို ကျနော် အမြဲတမ်း ပြောလေ့ရှိခဲ့ပါသည်။ ကိုယ့်လူ၊ ကိုယ့်ပြည်တွင်း၏ အခြေအနေကို သိမှ ကိုယ့် နိုင်ငံ ဘာတွေလိုအပ်နေသည်။ ဘာတွေမလိုအပ်ပါ။ ခွဲခြားသိလာနိုင်မည် ဖြစ်ကြောင်း၊ ဘယ် အရာကို မဆို အခြေခံကျကျ စဉ်းစားတတ်မှ နောင်ရေးဆိုတာကို ကြိုတွက်နိုင်မည် ဖြစ်ကြောင်း ကျနော် တတ်စွမ်းသရွေ့၊ နားလည်သရွေ့ ရှင်းလင်း ဟောပြောခဲ့ပါသည်။

ကျနော် စီနီယာတန်း ရောက်လာချိန်တွင် တရားမ၀င် ပြစ်ဒဏ်ပေးခြင်းကြောင့် ဆေးရုံတက်ရသူ၊ အရေးပေါ်ခန်းတွင် တက်ရောက် ကုသခံရသူဟူ၍ အတော်ကြီးကျယ်သည့် ပြဿနာများ ပေါ်လာ ခဲ့သည်။ ကျနော့်လို ကိုယ် ဂျူနီယာဘ၀က ခံခဲ့ရသော်လည်း စီနီယာ ဖြစ်လာသောအခါ ကိုယ်ချင်း စာ စိတ်ဖြင့် မထိုးမကြိတ် မညှဉ်းဆဲပဲ သမာ သမတ်ကျကျ နေသော ဗိုလ်လောင်းများ ရှိသကဲ့သို့ တူဖြစ်တုန်း နှံသော ဗိုလ်လောင်းများလဲ ရှိသေး၏။

ဂျူနီယာတစ်ဦး သေလုမျောပါး ထိုးကြိတ်ခံရပြီး ဆေးရုံတက်၊ ဆေးစစ်ချက်တွေယူ၊ အထက်စစ် ရုံးချုပ်၊ လေ့ကျင့်ရေးဌာန အထိတင်မှ အားလုံး ပျူးပျူးပျာပျာ ဖြစ်ကုန်၏။ စစ်တက္ကသိုလ် ဒီလောက်ထိ အခြေအနေတွေ ဆိုးနေလားဆိုပြီး စုံစမ်းရေး အဖွဲ့တွေဖွဲ့၊ အမှုတွေစစ်၊ အရေးယူမှု တွေ၊ ကျောင်းထုတ်ပစ်တာတွေ လုပ်လာရတော့၏။ စောစောစီးစီး ကတည်းက တားမြစ်မိန့်ကို တိကျစွာ ထုတ်ပြီး လိုက်နာမှု မရှိက ထိရောက်သော ပြစ်ဒဏ်သာ ချမှတ်ခဲ့ပါက ဤမျှ သေလု မျောပါး အထိ ပြဿနာ ကြီးထွားလာစရာ အကြောင်းမရှိပါ။ ယခုသော်မှ အသည်းအသန် အလုပ် ရှုပ် ကြတော့၏။

တစ်ရက်တွင် ခန်းမကျယ်ကြီးထဲ ဗိုလ်လောင်းအားလုံး (စီနီယာများသာ ခေါ်၍) အစည်းအဝေး ကျင်းပကာ အမိန့်ထုတ်ပြန်၏။ နည်းပြ အရာရှိများကလည်း ဟောပြော၏။ တရားမ၀င် ပြစ်ဒဏ် မပေးကြရန်နှင့် တွေ့ရှိက ပြစ်ဒဏ်ချမှတ်မည် ဖြစ်ကြောင်း ဟောပြော၏။ နည်းပြများ ဟောပြောပြီး သော် စီနီယာထဲမှ ကျနော့်အား ပြောခိုင်း၏။

ကျနော်ကတော့ ရှည်ရှည်ဝေးဝေး အကျယ်ချဲ့မပြောခဲ့ပါ။ ကိုယ်မကြိုက်ခဲ့သော ခံစားချက်ကို သူတပါး မခံစားစေရရန် ကိုယ်ချင်းစာဖို့ပြောပြီး စီနီယာအားလုံး တိုက်တွန်းကြောင်း၊ တောင်းပန် ကြောင်း၊ တားမြစ်ပါကြောင်း ဤသို့သာ ပြောခဲ့၏။ နောက်ပိုင်းတွင် ထိုးကြိတ်ခြင်းကြောင့် ဖြစ် ပေါ်သော အမှုအခင်း မကြားရတောပေ။ တကယ်ပဲ မထိုးကြိတ် ကြတာလား၊ အထိုးခံရသူကပဲ အာချောင်သည့် စာရင်းအ၀င်မခံလို၍ ရေငုံနှုတ်ပိတ် နေကြသည်လား မပြောတတ်ပါ။

ထိုအချင်းအရာများကို လေ့လာမိ၍ ကျနော်အသိတစ်ခု တွေးမိပါသည်။ အစဉ်အလာတစ်ခု ဆိုသည်ကို မျိုးရိုးစဉ်ဆက် (သို့မဟုတ်)သင်ပြသူနှင့် သင်ယူသူ (သို့မဟုတ်)လူ့ယဉ်ကျေးမှု ကူးစက်ခြင်း စသည့်အကြောင်း အချက်များကြောင့် ချက်ချင်းလက်ငင်း ဖြတ်ချ ပပျောက်ပစ်ရန်မှာ ခဲယဉ်းသည့် အကြောင်းပင်ဖြစ်သည်။

ကောင်းမွန် မြင့်မြတ်သော အစဉ်အလာ ထုံးတမ်းချည်းပဲ ရှေးလူတို့က သင်ကြားပြသ ခဲ့လျှင် ပြဿနာ မဟုတ်၊ ပိုမိုယဉ်ကျေးပြီး၊ ပိုမိုမွန်မြတ်သော မျိုးဆက်သစ်တို့သာ ဆင့်ကဲ ပေါ်ထွန်းလာ နိုင်၏။

ငုပ်လျှိုးနိမ့်ပါးဖွယ် မကောင်းသော စရိုက်၊ အတွေးအခေါ် နည်းလမ်းတို့သည် အစဉ်အလာသဖွယ် နှောင်းလူတို့ အတုယူဖွယ် ဖြစ်ခဲ့သော် ထိုအတုကို ယူသော၊ ထိုထုံးတမ်းကို လိုက်နာကျင့်သုံးသော လူတို့ (တိုင်းသူ ပြည်သားတို့) ဆုတ်ယုတ်ခြင်း မလွဲမသွေ ဖြစ်လာတော့မည်။

ကျနော် ကျယ်ကျယ်ကြီး လျှောက်တွေးမိ၍ စစ်တက္ကသိုလ် အပတ်စဉ် နောင်လာမည့် အစဉ် အဆက်များ အတွက်လည်း စိတ်ပူမိသည်။ တိုင်းပြည် တပြည်လုံးနှင့်လဲ ယှဉ်ပြီး အနာဂတ်အရေး ရင်လေးလာမိသည်။

ကျနော် တတိယနှစ် ဗိုလ်လောင်းဘ၀ ရောက်မှ ရေဒီယိုကို စတင်နားထောင် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ပနှစ်၊ ဒုနှစ်တွင် လျှပ်စစ်ပစ္စည်းဟူ၍ ဘာမှ သုံးစွဲခွင့်မရှိ (တတိယနှစ်၊ စတုတ္ထ နှစ်တွင်လည်း သုံးခွင့်မရှိပါ။ စီနီယာဆိုပြီး နည်းပြအုပ်ချုပ်သူများ အလစ်တွင် ခိုးဝှက် သုံးရခြင်း ဖြစ်ပါသည်) စာအုပ်စာပေ ဖတ်ရှု လေ့လာရင်းမှ ကျနော်သည် ကမ္ဘာသုံး ဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာကို အတော်ပင် ညံ့ဖျင်းနေကြောင်း သိရှိလာရ၏။ စာအုပ်စာပေချည်း ဖတ်နေ၍ မရ၊ အကြား အာရုံနှင့်လည်း ကမ္ဘာနှင့် အကျွမ်းဝင်ရန်၊ အင်္ဂလိပ်သတင်း အစီအစဉ်များ နား ထောင်ရန် ရေဒီယို၊ ကက်စက်ငယ်ကို မိဘများထံ နားပူနားဆာလုပ် တောင်းခံရလေ၏။

ဖခင်ပို့ပေးသော ရေဒီယိုကက်စက်ကို ဟိုကလိ၊ သည်ကလိရင်းမှ နိုင်ငံခြားမှ အသံလွှင်သော မြန်မာ အစီအစဉ်များကို ကောင်းစွာ သိရှိလာပါသည်။ နောက်ပိုင်းတွင် ကမ္ဘာ့သတင်းများ၊ မြန်မာ့ လတ်တလော သတင်းများကို ကြားသိလာရရာမှ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို တစိတ် တဒေသကို သိရှိကြားမှတ် လာရ၏။ ပိုမိုစိတ်ဝင်စားလာ၏။

ဤတွင်မှ မြန်မာ့နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေသော အခြေအနေကို လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုအပြီးတိုင် ဖြိုခွဲဖျက်ဆီးရန် ကြံရွယ်နေသည်ကို လည်းကောင်း သိရှိလာရတော့၏။ ကျနော်တို့၏ စစ်ခေါင်းဆောင်များ ကတော့ ကျနော်တို့ကို နိုင်ငံရေးနှင့် ပတ်သက်၍ ဘာမှလဲ မပြော၊ ဘာမှလဲ မသင်ပေး၊ အနာဂတ် နိုင်ငံတွင် စစ်တပ်၏ကဏ္ဍ ထွန်း တောက်ရေး၊ လွှမ်းမိုးရေးကိုသာ ဇောင်းပေးသင်ကြား ပို့ချသည်။

ယင်းတို့ သင်ကြား ၀ါဒဖြန့်ချက် တစ်ခုကို အမှတ်ရပါသေးသည်။ မြန်မာပြည်သူ ပြည်သားတို့နှင့် လွတ်လပ်စွာ အုပ်ချုပ်သည့် ဒီမိုကရေစီတို့ မတန်သေးသည့် အကြောင်း၊ မြန်မာတို့သည် သွေးဆူ လွယ်သည့် အတွက် ထူးချွန် ထက်မြက်သည့် စစ်ခေါင်းဆောင်များ လက်အောက် တွင်သာ တိုင်းပြည် စည်ပင် သာယာဝပြောနိုင်ကြောင်း များကို အလောင်းဘုရားခေတ်၊ ကျန်စစ်သား၊ အနော်ရထာ စသော အင်ပါယာ ရှေးဟောင်း ဘုရင်ခေတ်မှ ပဒေသရာဇ်ပုံစံကို အမွှန်းတင်၍ ယနေ့ မြန်မာနိုင်ငံကိုလည်း စစ်အစိုးရမှ မအုပ်ချုပ်လျှင် တိုင်းပြည်သည် အချိန်မရွေး သူ့ကျွန် ဖြစ်သွားမည့် အကြောင်း အပ်ကြောင်းထပ်မျှ ပြောလာခဲ့သည့် အတွက် ကျနော်တို့မှာ နားပင်ထူ လာသည်။

ကျနော် ရေဒီယိုကို အချိန် အားလပ်သရွှေ့ နားထောင်ပါသည်။ သတင်းများကို အမြဲမပြတ် နားစွင့် ပါသည်။ သတင်းနားမထောင်၊ စာမဖတ်သူတို့ကတော့ စစ်တပ်၏ ရာထူးများအကြောင်း၊ နေရာ များအကြောင်း၊ အခွင့်အရေးများ အကြောင်း၊ ထောက်လှမ်းရေး တပ်သို့ မရရအောင်ပြောင်းဖို့ အခုကတည်းက အကွက်ချ စီမံရေးစသော အနာဂတ် အစီအစဉ်များကို ဆွေးနွေး တိုင်ပင် နေကြ၏။ ထိုသူတို့ထဲတွင် ဆွေကြီးမျိုးကြီး သားများနှင့် အလွန်ပင် ထိပ်ဆုံး ရောက်လိုသူ ဗိုလ်လောင်းများ ပါဝင်ပါ၏။ ကျနော်ကား မည်သူ၏ စကားကိုမျှ မထောက်ခံပါ။ ၀င်ရောက်၍လည်း မဆွေးနွေးပါ။

ကမ္ဘာ့ နိုင်ငံသမိုင်းစာအုပ်များကိုသာ ရှာဖွေဖတ်ရှုနေမိပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစားတပ်မတော် အရာရှိ တစ်ဦး)

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာဆောင်






ရဲရင့် ဘလော့မှ ကူးယူဖေါ်ပြသည်

Read More...

Friday, July 18, 2008

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၂)

Read More...

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၃)

Read More...

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၄)

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၄)

Read More...

တပ်မတော်သား သမဂ္ဂ

နအဖတပ်တွင်းမှာ တပ်မတော်သားတွေရဲ့ဘ၀ နုံချာစုတ်ပြတ်လွန်းပြီး အတွေးအခေါ်တွေ ဖျက်ဆီးခံရတာမျိုး အနာဂတ်မြန်မာနိုင်ငံတပ်မတော်မှာ မဖြစ်စေဖို့ အရေးကြီးလှပါတယ်။ တပ်မတော်သားတွေ မတရားသွေးစုတ်ချယ်လှယ်ခံရတာ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အဖြည့်ခံ၊ အသုံးချခံ ဖြစ်ရတာမျိုး မဖြစ်ဖို့နဲ့ နိုင်ငံကာကွယ်ရေး၊ စစ်ရေးမဟုတ်တဲ့ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးအတ္တ လိုက်စားအကျင့်ပျက်မှုကို တိုက်ဖျက်ဖို့ နည်းနာတွေ ရှာကြံကျင့်သုံးရမှာဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် နောင်တချိန် မြန်မာ့တပ်မတော်အတွင်းမှာ နိုင်ငံတကာ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်သား သမဂ္ဂ (၀ါ) စစ်အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတည်ထောင်ဖို့စဉ်းစားသင့်ပါတယ်။

ဆက်လက်ဖက်ရှုပါရန်

ဖိုးတရုတ် (စည်းလုံးချင်းရဲ့အင်အား) ဘလော့မှ ကူးယူဖေါ်ပြပါသည်

Read More...

Wednesday, July 9, 2008

အနီး၊ အဝေး

အနီး၊ အဝေး

ဆောင်းပါးရှင် - ထောက်လှမ်းရေး အရာရှိ ဟောင်းတစ်ဦး

အားလုံး သိကြတဲ့ အတိုင်းပါဘဲ…. ဗိုလ် သန်းရွှေဟာ ကျွန်တော်တို့ ရဲ့  အဖေ ညွန့် ကို အမိန့့် မနာခံမှု၊ အဂတိ လိုက်စားမှုတွေနဲ့  စွဲချက်တင်ပြီး ထောက်လှမ်းရေး တစ်ဖွဲ့ လုံးကို ရေကုန် ရေခန်း သုတ်သင် ရှင်းလင်း ခဲ့တယ်။ အဂတိ လိုက်စားတယ် ဆိုလို့  ဗိုလ် သန်းရွှေရဲ့  မယားနဲ့  သားသမီး တွေလည်း မကင်း၊ ဗိုလ် မောင်အေးလည်း ထိုနည်းအတိုင်း၊ အဆင့်ဆင့်သော ဗိုလ်ခြေတစ်သောင်း အရာရှိ အပေါင်းဟာလည်း အဂတိ လိုက်စားရာမှာ သူ့ ထက်ငါ စံချိန်တင် နေရပေမယ့် ဒါတွေကိုတော့ မောင်သန်းရွှေက အရေးယူမယ်လို့  စိတ်မကူး၊ ကုန်ကုန်ပြောရရင် လူသားမျိုးနွယ် တုံးစေမဲ့ မူးယစ်ဆေး ကိစ္စမှာ အခု ရဲမြင့်ကြီး မိသားစုတို့  မီးကုန်၊ ယမ်းကုန် လုပ်ခဲ့သလို စစ်တပ်လူကြီး ထိပ်ပိုင်းအားလုံး နီးနီးလည်း မကင်း၊ အရင်က ပို့ ဆက် ၀န်ကြီး သိန်းဝင်းဆိုရင် သဘောင်္နဲ့ တောင် ကွန်တင်နာနဲ့  ရွှေချောင်းတွေ၊ ဟီးရိုးအင်းတွေ ချသေး၊ မိတော့ ပြုတ်ပေမဲ့ ထောင်ဒဏ်တွေ ဘာတွေ တော့ မပေးဘူးဗျာ… ဘယ်ပေးမလဲ ဒီကိစ္စ မကြိုင်ကြိုင်လည်း ပါ ဆိုကိုး၊ မကြိုင်ကြိုင်ဟာ လယ်/ဆည် ၀န်ကြီးဟောင်း ဗိုလ် ညွန့် တင်ရဲ့  ယောက်ဖ မျိုးဟိန်းရဲ့  ဖိုးတွမ်တီး အမှုမှာလည်း ပါဝင်ပတ်သက်နေလို့ ဗိုလ်သန်းရွှေ ခမျာ စိတ်မသက်မသာ ဆေးရုံတောင် တက်လိုက်ရသေး။ ဒါဆိုရင် အဂတိ လိုက်စားမှု တစ်ခုကြောင့် နဲ့ တော့ ထောက်လှမ်းရေးကို ဒီလောက် အမြစ်လှန်တာ မဟုတ်ဘူး ဆိုတာတော့ သဘောပေါက်။ ကဲ… အမိန့်  မနာခံမှု ဆိုတာကို ကြည့်လိုက်……နိုင်ငံနစ်နာနေ တာကို သိလို့  ဗိုလ်ခင်ညွန့် က အတိုက်အခံတွေ အပေါ်မှာ သဘောထား ပျော့ပျောင်းချင်တယ်။ ယုတ်စွ အဆုံး အမျိုးသားညီလာခံမှာ NLD ပါမှ သဘာဝကျမယ်လို့  ပြောခဲ့တယ်။ ဒီပဲယင်း ကိစ္စကြောင့် နအဖ နိုင်ငံရေး အကျပ်အတည်းဖြစ်နေလို့ ကကလှမ်းက အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ ဝှက်ဆွေးနွေး ညှိနှိုင်းခဲ့ရာမှာ…. NLD ကို ညီလာခံတက်ဖို့ နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့  သဘောတူညီမှု ရခဲ့တယ်။ ၂၀၀၄ ညီလာခံ ပြန်လည်စတင်ခါနီးမှာ "NLD ကို အရင် တက်ခိုင်းအုံး၊ ဒေါ်အောင်ဆန်းစုကြည်ကို အခြေအနေ ကြည့်ပြီးမှ လွှတ်ပေးမယ်လို့ " ဗိုလ် သန်းရွှေက ဗလောင်းဗလဲ ပြောပြန်တယ်။ အဲဒါနဲ့  ကကလှမ်းက လုပ်ထားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းဟာလည်း အလှမ်းဝေးသွားခဲ့တယ်။ ဗိုလ်ခင်ညွန့်  ဟာ သဘောရိုးနဲ့  KNU ကိုလည်း လက်ကမ်း ကြိုဆိုခဲ့တယ်။ တိုင်းပြည် တိုးတက်ဖို့  အားလုံးနဲ့  ပူးပေါင်း ဆောင်ရွက်လို တယ်။ ဒါကို အမိန့် မနာခံဘူးလို့  ဗိုလ် သန်းရွှေက တစ်ဖက်သတ် မကျေမနပ် ဖြစ်နေတယ်။ ဒီနေရာမှာ နအဖကို ကြိုးကိုင်ထားတဲ့ မင်းသားကြီး အောင်သောင်း လက်ဖျောက် တစ်ချက် တီးလိုက်ပြီ။သူ့ အကြောင်း နည်းနည်းပြောပြအုံးမယ်.. စက်မှု (၁) ၀န်ကြီး ဖြစ်တော့ ညံ့လိုက်တဲ့ စက်မှု(၁)ထုတ် ပစ္စည်း၊ လိမ်ညာ တွက်ချက် ထားတဲ့ စာရင်းဇယား၊ မလှုပ်တလှုပ် လည်ပတ်နေတဲ့ စက်ရုံ၊ အကျိုးတူ ကုမ္ပဏီတွေ နဲ့  ပူးပေါင်း၊ သူ့  အကျိုးကို လက်ဖြန့် တောင်း၊ ဒါတွေကို ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ခင်ညွန့် လာတော့ ရှင်းပြလို့  မတတ်တော့တဲ့ စက်မှု (၁) ရဲ့  ပျော့ကွက် ညံ့ကွက်၊ အဆိုးဆုံးက သာပေါင်း စက္ကူစက်ရုံ ကိစ္စ ရှုပ်ထွေးမှု၊ တိုင်စာတွေနဲ့  အောင်သောင်း တစ်ယောက် ၀န်ကြီးချုပ်ရဲ့  အရေးယူ စစ်ဆေးမေးမြန်း ခံရတော့မဲ့ အချိန်၊ အဲဒီမှာသူ့  သားကို ဗိုလ် မောင်အေးရဲ့  တစ်ဦးတည်း သမီး (မွေးစား) နဲ့  လက်ဆက်စေကာ အကာအကွယ် ယူလိုက်တယ်။ ပုဏ္ဏား အောင်သောင်းဟာ သူ့ ရဲ့  စက်ရုံမှုး တစ်ဦးကို ခိုင်းစေပြီး ဗိုလ်သန်းရွှေ မီးဖိုချောင် ကိစ္စကိုလည်း တာဝန်ယူကာ စားဖား အကြီးစား လုပ်ပြန်တယ်။

ပြီးတော့အကွက်ချောင်းနေတဲ့ အောင်သောင်း၊ နယ်စပ်မှာ ထောက်လှမ်းရေး ပြဿနာ တက်တာနဲ့  မီးမွှေး ကာ လက်ခမောင်း ခတ်၊ ရေနံဆီ ရွှဲရွှဲ လောင်း၊ သန်းရွှေ နဲ့  မောင်အေးကို ပူးပေါင်းပြီး ထောက်လှမ်းရေး တစ်ဖွဲ့ လုံး အပြုတ်နှံ ဖို့  အဟုတ်ကြံပါလေရော။ ကြံရမယ်လေ…. မဟုတ်ရင် သာပေါင်းကိစ္စနဲ့ သူ့ ကို ဗိုလ်ချုပ်ခင်ညွန့်  က တွယ်တော့မှာကိုး…. အခုလည်းဟန်ရေး တပြပြနဲ့  ကြံ့ဖွံ့ နဲ့  စွမ်းအားရှင်တွေကို အထူး ချေမှုန်းရေး သင်တန်းတွေ ပေးနေလေရဲ့ ။ တကယ်တော့ ကျွန်တော်တို့  ထောက်လှမ်းရေးလည်း အများစု မကောင်းခဲ့ပါဘူး။ ၀ဋ်လည် တယ်လို့  ပြောရမှာပေါ့။ ဒါကြောင့် ဒီ နအဖ ကောင်တွေကိုလည်း ၀ဋ်လည်အောင် လုပ်ရမယ်။ သာကူး ပြောပြော ဘက်ပြောင်း ပြောပြော နိုင်ငံရေးမှာ ရန်သူကို မိတ်ဆွေ ဖြစ်သွားရင် အောင်မြင်နိုင်ပြီး ငါးကြင်းဆီနဲ့  ငါးကြင်းကြော် နည်းဗျူဟာ သုံးရမယ်ဆိုတာတော်လှန်ရေးရဲဘော်တွေသိစေချင်တယ်….. ကျွန်တော်တို့  ပြည်တွင်းက ထောက်လှမ်းရေး အရာရှိ ပြုတ် တစ်ချို့ ဟာ အတိုက်အခံ သတင်းတွေ၊ လှုပ်ရှားမှုတွေကို သိချင်လို့ ဖြစ်ဖြစ်၊ တစ်ချို့ လည်း ၀ါသနာပါလို့ ဖြစ်ဖြစ်၊ ငွေကြေးတတ်နိုင်လို့ ဖြစ်ဖြစ် …. အင်တာနက်တွေ သုံးကြ…ဆိုင်ဖွင့်ကြရာမှာ ဘာတွေ တွေ့ လည်း ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့  အော်နေတဲ့ အတိုက်အခံခေါင်းဆောင် တစ်ချို့ က ကျွန်တော်တို့  အပေါ်မှာတောင် ပြန်လည် မသင့်မြတ်ဘူး။ ကိုအောင်လင်းထွဋ် ကို ဝေဖန်တယ်။ မကြိုဆိုဘူးလို့  ကြားတယ်။ ဒါဆိုရင် တော်လှန်ရေး ဝေးတယ်။ ကျွန်တော်တို့  ထောက်လှမ်းရေးအရာရှိတွေထဲက တစ်ချို့ ဟာ အင်မတန်ကို ပြည်သူလူထု အပေါ် တိုင်းပြည်အပေါ် မတရားမလုပ်ချင်တဲ့ တိုင်းပြည်ကို ကောင်းစား စေချင်တဲ့ နိုင်ငံတကာနဲ့  ယှဉ်ပြီး သိနားလည် သူတွေ လည်းရှိခဲ့ပါတယ်။ ထောက်လှမ်းရေးက လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် အကြောင်းလဲ တပ်မတော်သား အစစ်အမှန်များ ဆိုတဲ့ဆောင်းပါးမှာ တွေ့လိုက်ရပါတယ်။ ထောက်လှမ်းရေး အရာရှိ တစ်ချို့ ဟာ ကျောင်းသား ခေါင်းဆောင်တွေ အပေါ် သနားညှာတာခဲ့၊ ခေါ်ယူ ဆွေးနွေး၊ နွေးထွေး ခဲ့ပါတယ်။ သန်းရွှေ၊ မောင်အေးတို့ ကိုလည်း စိတ်ပျက်ခဲ့ဖူး ပါတယ်။ ဒါ တကယ့် ကိုယ်တွေ့  ဖြစ်ရပ်ပါ။ နအဖရဲ့  အမြီးကို တက်နင်းမဲ့ ကိုအောင်လင်းထွဋ်လို လူမျိုး များများ လိုတယ်လို့  တော်လှန်ရေး နယ်မြေထဲက တစ်ချို့ ကတော့ လက်ကမ်း ကြိုဆိုပြီး ပြောဆိုတာလဲ ကြားပါတယ်။ ဒါပေမယ့် ဘုံရန်သူ နအဖကို ဆွဲထုတ်ဖို့  အရမ်း အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီမို့ အားလုံး စည်းလုံးညီညွတ်ပြီး ပြည်တွင်း ပြည်ပ လှုပ်ရှားမှုတွေအားလုံးကို အရှိန်အဟုန်မြှင့်ဖို့ လိုနေတယ်…..။

စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်ကို ဖတ်ပြီးတော့ အင်အားတွေ ပြန်လည်မွေးဖွားလာလို့ ဒီဆောင်းပါးကို ပို့ ပေးလိုက်ရတာပါ။ ဒီ ဘာလော့ဂ်က တချို့  ဆောင်းပါးတွေကိုလည်း ပြည်တွင်းက တပ်တွေကို တတ်နိုင် သလောက် မိတ္တူ ကူးပြီး ဖြန့် ဝေပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော် တစ်ခုဘဲ ပြောမယ်….. ပြည်သူတွေရဲ့  ဆန္ဒ (အမိန့်) ကို မနာခံမှု၊ အဂတိ လိုက်စားမှုတွေကြောင့် သန်းရွှေ၊ မောင်အေးနဲ့  နောက်လိုက်တွေကို အပြတ်ရှင်းကြဖို့  ဒီ တစ်နှစ်မှာ အဆုံးအဖြတ် ပေးရမဲ့ အရေးကြီး အချိန်ကာလ ကို ရောက်နေလို့ … ကဲ…. ရဲဘော်တို့ ရေ…….. တော်လှန်ရေးဟာ နီးသလား…. ဝေးသလား။ ရဲဘော်တို့  အပေါ်မှာ မူတည်နေပါတယ်။ အခါအခွင့်သင့်ရင်တော့ ကျွန်တော် တို့ လည်း အဆင်သင့် ပါဘဲ ဆိုတာ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

စည်းလုံးခြင်းရဲ့အင်အား ဘလော့မှ ကူးယူဖေါ်ပြပါသည်။

Read More...